တာခ်ီလိတ္၌ ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္လာသူ တစ္ဦးကုိ ေသနတ္ျဖင့္ ပစ္ခတ္သူႏွင့္ အဖြဲ႕ဝင္မ်ားအား ဖမ္းဆီးရမိ

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္၌ ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္လာသူ တစ္ဦးကို ေသနတ္ျဖင့္ ပစ္ခတ္သူႏွင့္ အေပါင္းအပါ ေျခာက္ဦး ကို ဇူလိုင္ ၂ ရက္ ညပိုင္းက ဖမ္းဆီးရမိ သည္။

ဇူလိုင္ ၂ ရက္ ည ၇ နာရီခန္႔တြင္ ရန္က်ားခ်ိန္(၃၄ ႏွစ္) ဝိန္းေက်ာက္ ရပ္ကြက္ တာခ်ီလိတ္ၿမိဳ႕ေနသူ ေမာင္းႏွင္ ၿပီး ၄င္း၏အစ္ကိုျဖစ္သူ ဦးအားနိမ္ (၄၃ ႏွစ္) စီးနင္းလိုက္ပါလာသည့္ ွကမ္ အမ်ဳိးအစား ေမာ္ေတာ္ယာဥ္ျဖင့္ ဝမ္ေက်ာက္လုံရြာရွိ ဝက္ၿခံမွ ဝိန္းေက်ာက္ရပ္ကြက္ေနအိမ္သို႔ အာခါ ေစ်းလမ္းအတိုင္းျပန္လာစဥ္ လပ္ကီး ဟိုတယ္ေရွ႕အေရာက္တြင္ ကားလမ္း ေဘးရပ္ေနသည့္ အမ်ဳိးသားတစ္ဦးက ေသနတ္အရွည္ျဖင့္ သုံးခ်က္ပစ္ခတ္ရာ ကား၏ ယာဘက္ ေဘာနက္ေဘးတြင္ က်ည္ထိမွန္ၿပီး ယာဘက္ ယာဥ္ေမာင္း တံခါးလက္ကိုင္ႏွင့္ ယာဘက္ ေနာက္ တံခါးတို႔တြင္ က်ည္ေဖာက္ဝင္ကာ ယာဥ္ေမာင္းႏွင္လာသူ ရန္က်ားခ်ိန္၏ ေက်ာေအာက္ပိုင္း က်ည္ေဖာက္ဝင္ ဒဏ္ရာႏွစ္ခ်က္၊ ဝဲဘက္ေက်ာေအာက္ နား က်ည္ေဖာက္ထြက္ ဒဏ္ရာတစ္ခ်က္ တို႔ရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့သည္။

ေသဆုံးမႈအား စုံစမ္းေဖာ္ထုတ္ႏိုင္ ရန္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွဴး ဒုတိယ ရဲမွဴး မ်ဳိးခိုင္ႏွင့္ပူးေပါင္းအဖြဲ႕က အခင္း ျဖစ္ရပ္စစ္ေဆးျခင္း၊ တရားလိုႏွင့္ သက္ေသမ်ား စစ္ေဆးျခင္းႏွင့္ အခင္း ျဖစ္ေနရာ ပတ္ဝန္းက်င္အား စစ္ေဆးၿပီး စိုင္းေက်ာ္သိန္း(ခ)ႏႈတ္ခမ္းေမႊး(၄ဝ ႏွစ္) ဝမ္ေက်ာက္လုံရြာ ဖန္မင္အုပ္စု တာခ်ီ လိတ္ၿမိဳ႕ေနသူအား စစ္ေဆးရာ ေငြေၾကး ကိစၥမ်ားျဖင့္ သူငယ္ခ်င္းျဖစ္သူ အိုက္ပြတ္ ဆိုသူႏွင့္ စကားမ်ားရန္ျဖစ္ခဲ့ၿပီး M 22ေသနတ္အရွည္တစ္လက္ႏွင့္ က်ည္ ေဘာက္အတြင္း က်ည္မ်ားထည့္၍ အိုက္ေအာင္ဆိုသူအား ဆိုင္ကယ္ ေမာင္းႏွင္ခိုင္းၿပီး ပါဆတ္ရပ္ကြက္ရွိ အိုက္ပြတ္ပိုင္ ကားအေရာင္းျပခန္း အေပၚထပ္ကုိ ေသနတ္ျဖင့္ သုံးခ်က္ ပစ္ေဖာက္၍ အာခါေစ်းအနီး လပ္ကီး ဟိုတယ္ေရွ႕အေရာက္တြင္ SURF အမ်ဳိးအစား ေမာ္ေတာ္ယာဥ္ ေမာင္းလာသူကို ေလးခ်က္ပစ္ခတ္ ခဲ့ေၾကာင္း၊

ေဒါသမေျပေသးသျဖင့္ ပါဆတ္ရပ္ကြက္ စိုင္းပြတ္ပိုင္ ကား အေရာင္းျပခန္းေရွ႕ ဗိုလ္ခ်ဳပ္လမ္းမႀကီး ေပၚတြင္ ေသနတ္သုံးခ်က္၊ ေဟာင္လိတ္ လမ္းဆုံမီးပိြဳင့္တြင္ ေသနတ္သုံးခ်က္၊ ဧဒင္ရြာအနီးတြင္ ေသနတ္ႏွစ္ခ်က္တို႔ ပစ္ေဖာက္ခဲ့ေၾကာင္း၊ ေနအိမ္အေရာက္ တြင္ တာခ်ီလိတ္ခ႐ိုင္ အရံတပ္ခြဲ၊ ျပည္နယ္ မႈ/ကူ၊ ခ႐ိုင္မႈ/ကူ၊ တာခ်ီ လိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴးႏွင့္ တပ္ဖြဲ႕ ဝင္မ်ားႏွင့္ ပူးေပါင္းအဖြဲ႕က သက္ေသ မ်ားႏွင့္အတူ ဝိုင္းဝန္းဖမ္းဆီးၾကရာ ¤င္းက ေသနတ္အရွည္ျဖင့္ ျပန္လည္ ပစ္ခတ္ခဲ့သျဖင့္ ျပည္သႉစစ္တစ္ဦး ေသနတ္ထိမွန္ ခံခဲ့ရေၾကာင္း သိရ သည္။

အမႈမွ ရန္က်ားခ်ိန္ (၄၃ ႏွစ္)အမွတ္ ၂၃ဝ၊ ဝိန္းေက်ာက္ရပ္ကြက္ တာခ်ီလိတ္ ၿမိဳ႕ေနသူကို ေသဆုံးေအာင္ ေသနတ္ျဖင့္ ပစ္ခတ္သူ စိုင္းသိန္းေက်ာ္(ခ) ႏႈတ္ခမ္း ေမႊး (၄ဝ ႏွစ္)၊ စိုင္းလွဝင္း(၁၈ႏွစ္)၊ စိုင္းရွဲန္မိန္း(ခ) အိုက္ရြက္ (၃၄ ႏွစ္)၊ ပ႑ိတ (၃၁ ႏွစ္)၊ စိုင္းေအာင္(၂ဝ ႏွစ္)ႏွင့္ စိုင္းေအာင္ထူး(၄၅ႏွစ္)ဧဒင္ရြာ၊ ဖန္မင္အုပ္စု တာခ်ီလိတ္ၿမိဳ႕ေနသူတို႔အား ေသဆုံးသူ၏ အစ္ကိုျဖစ္သူ ဦးအားနိမ္ က တရားလိုျပဳလုပ္တိုင္တန္းရာ တာခ်ီ လိတ္ၿမိဳ႕မရဲစခန္းက ဥပေဒအရ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရ သည္။

ျမင့္မိုရ္(တာခ်ီလိတ္)

Source : Myanmaalinn

(Unicode Version)

တာချီလိတ်၌ မော်တော်ယာဉ် မောင်းနှင်လာသူ တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သူနှင့် အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၌ မော်တော်ယာဉ် မောင်းနှင်လာသူ တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သူနှင့် အပေါင်းအပါ ခြောက်ဦး ကို ဇူလိုင် ၂ ရက် ညပိုင်းက ဖမ်းဆီးရမိ သည်။

ဇူလိုင် ၂ ရက် ည ၇ နာရီခန့်တွင် ရန်ကျားချိန်(၃၄ နှစ်) ဝိန်းကျောက် ရပ်ကွက် တာချီလိတ်မြို့နေသူ မောင်းနှင် ပြီး ၎င်း၏အစ်ကိုဖြစ်သူ ဦးအားနိမ် (၄၃ နှစ်) စီးနင်းလိုက်ပါလာသည့် ှကမ် အမျိုးအစား မော်တော်ယာဉ်ဖြင့် ဝမ်ကျောက်လုံရွာရှိ ဝက်ခြံမှ ဝိန်းကျောက်ရပ်ကွက်နေအိမ်သို့ အာခါ ဈေးလမ်းအတိုင်းပြန်လာစဉ် လပ်ကီး ဟိုတယ်ရှေ့အရောက်တွင် ကားလမ်း ဘေးရပ်နေသည့် အမျိုးသားတစ်ဦးက သေနတ်အရှည်ဖြင့် သုံးချက်ပစ်ခတ်ရာ ကား၏ ယာဘက် ဘောနက်ဘေးတွင် ကျည်ထိမှန်ပြီး ယာဘက် ယာဉ်မောင်း တံခါးလက်ကိုင်နှင့် ယာဘက် နောက် တံခါးတို့တွင် ကျည်ဖောက်ဝင်ကာ ယာဉ်မောင်းနှင်လာသူ ရန်ကျားချိန်၏ ကျောအောက်ပိုင်း ကျည်ဖောက်ဝင် ဒဏ်ရာနှစ်ချက်၊ ဝဲဘက်ကျောအောက် နား ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက် တို့ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

သေဆုံးမှုအား စုံစမ်းဖော်ထုတ်နိုင် ရန် တာချီလိတ်မြို့မရဲစခန်းမှူး ဒုတိယ ရဲမှူး မျိုးခိုင်နှင့်ပူးပေါင်းအဖွဲ့က အခင်း ဖြစ်ရပ်စစ်ဆေးခြင်း၊ တရားလိုနှင့် သက်သေများ စစ်ဆေးခြင်းနှင့် အခင်း ဖြစ်နေရာ ပတ်ဝန်းကျင်အား စစ်ဆေးပြီး စိုင်းကျော်သိန်း(ခ)နှုတ်ခမ်းမွှေး(၄ဝ နှစ်) ဝမ်ကျောက်လုံရွာ ဖန်မင်အုပ်စု တာချီ လိတ်မြို့နေသူအား စစ်ဆေးရာ ငွေကြေး ကိစ္စများဖြင့် သူငယ်ချင်းဖြစ်သူ အိုက်ပွတ် ဆိုသူနှင့် စကားများရန်ဖြစ်ခဲ့ပြီး M 22သေနတ်အရှည်တစ်လက်နှင့် ကျည် ဘောက်အတွင်း ကျည်များထည့်၍ အိုက်အောင်ဆိုသူအား ဆိုင်ကယ် မောင်းနှင်ခိုင်းပြီး ပါဆတ်ရပ်ကွက်ရှိ အိုက်ပွတ်ပိုင် ကားအရောင်းပြခန်း အပေါ်ထပ်ကို သေနတ်ဖြင့် သုံးချက် ပစ်ဖောက်၍ အာခါဈေးအနီး လပ်ကီး ဟိုတယ်ရှေ့အရောက်တွင် SURF အမျိုးအစား မော်တော်ယာဉ် မောင်းလာသူကို လေးချက်ပစ်ခတ် ခဲ့ကြောင်း၊

ဒေါသမပြေသေးသဖြင့် ပါဆတ်ရပ်ကွက် စိုင်းပွတ်ပိုင် ကား အရောင်းပြခန်းရှေ့ ဗိုလ်ချုပ်လမ်းမကြီး ပေါ်တွင် သေနတ်သုံးချက်၊ ဟောင်လိတ် လမ်းဆုံမီးပွိုင့်တွင် သေနတ်သုံးချက်၊ ဧဒင်ရွာအနီးတွင် သေနတ်နှစ်ချက်တို့ ပစ်ဖောက်ခဲ့ကြောင်း၊ နေအိမ်အရောက် တွင် တာချီလိတ်ခရိုင် အရံတပ်ခွဲ၊ ပြည်နယ် မှု/ကူ၊ ခရိုင်မှု/ကူ၊ တာချီ လိတ်မြို့မရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းအဖွဲ့က သက်သေ များနှင့်အတူ ဝိုင်းဝန်းဖမ်းဆီးကြရာ ¤င်းက သေနတ်အရှည်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့သဖြင့် ပြည်သှူစစ်တစ်ဦး သေနတ်ထိမှန် ခံခဲ့ရကြောင်း သိရ သည်။

အမှုမှ ရန်ကျားချိန် (၄၃ နှစ်)အမှတ် ၂၃ဝ၊ ဝိန်းကျောက်ရပ်ကွက် တာချီလိတ် မြို့နေသူကို သေဆုံးအောင် သေနတ်ဖြင့် ပစ်ခတ်သူ စိုင်းသိန်းကျော်(ခ) နှုတ်ခမ်း မွှေး (၄ဝ နှစ်)၊ စိုင်းလှဝင်း(၁၈နှစ်)၊ စိုင်းရှဲန်မိန်း(ခ) အိုက်ရွက် (၃၄ နှစ်)၊ ပဏ္ဍိတ (၃၁ နှစ်)၊ စိုင်းအောင်(၂ဝ နှစ်)နှင့် စိုင်းအောင်ထူး(၄၅နှစ်)ဧဒင်ရွာ၊ ဖန်မင်အုပ်စု တာချီလိတ်မြို့နေသူတို့အား သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးအားနိမ် က တရားလိုပြုလုပ်တိုင်တန်းရာ တာချီ လိတ်မြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။

မြင့်မိုရ်(တာချီလိတ်)

Source : Myanmaalinn