ၾကာေစ့ေလးေတြစားရင္ ရရွိမည့္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

မိုး ေတြရြာလာျပီဆိုရင္ ကန္ေတြထဲမွာေပါက္ေနတဲ့ ၾကာေတြလည္း တျဖည္းျဖည္းနဲ႔ ရွင္သန္ၾကီးထြားလာပါတယ္။ ၾကာပင္ေတြရွင္သန္ၾကီးထြားလာမႈက ျမင္ရတဲ့သူေတြအတြက္ စိတ္ေအးခ်မ္းမႈကိုေပးႏိုင္သလို ၾကာပင္က က်န္းမာေရးအက်ိဳးေက်းဇူးေတြကိုလည္း ေပးပါေသးတယ္။ၾကာပင္ရဲ႕ ၾကာရိုး၊ၾကာစြယ္နဲ႔ ၾကာေစ့ေတြကို စားသံုးလို႔ရပါတယ္။

အခုတစ္ေခါက္ကေတာ့ ကေလးေလးေတြကစလို႔ လူၾကီးေတြအထိ ၾကိဳက္ႏွစ္သက္ၾကတဲ့ ၾကာေစ့ေလးေတြအေၾကာင္းကို ေျပာျပေပးခ်င္တာပါ။ ၾကာေစ့ေလးေတြကို အစိမ္းလိုက္စားသံုးလို႔ရသလို ဟင္းခ်က္ျပီးေတာ့လည္း စားသံုးလို႔ရပါတယ္။ တရုတ္လူမ်ိဳးေတြနဲ႔ဂ်ပန္လူမ်ိဳးေတြရဲ႕ ရိုးရာဟင္းလ်ာေတြထဲမွာ ၾကာေစ့၊ၾကာစြယ္၊ၾကာရိုး နဲ႔ ၾကာရြက္တို႔ကို ထည့္သြင္းခ်က္ျပဳတ္စားသံုးၾကပါတယ္။

ၾကာေစ့မွာ ဘယ္လိုအာဟာရဓာတ္ေတြပါဝင္ေနတာလဲ

ၾကာေစ့ဆိုတာက ၾကာပန္းအလယ္ပိုင္းက ဝတ္ဆံေလးေတြရင့္မာသြားတာျဖစ္ျပီး အျပင္ခြံစိမ္းစိမ္းေလး နဲ႔ အတြင္းကအဆံေလးကေတာ့ ျဖဴျဖဴေလးပါ။ ၾကာေစ့ကိုစားတဲ့အခါ ဖန္တြန္႔တြန္႔ အရသာရွိတဲ့ အျပင္ခြံစိမ္းစိမ္းေလးကိုဖယ္ျပီး အတြင္းက အဆံျဖဴျဖဴေလးကိုစားရတာပါ။ ႏုေလခ်ိဳေလအရသာရွိေလပါပဲ။

ၾကာေစ့မွာ phosphorus၊ ပရိုတင္း၊ ပိုတက္ဆီယမ္ နဲ႔ မဂၢနီဆီယမ္တို႔ၾကြယ္ဝပါတယ္။ ဒါေတြတင္မကပါဘူး။ ၾကာေစ့ေလးေတြမွာ ဇင့္နဲ႔သံဓာတ္တို႔လည္းၾကြယ္ဝစြာပါဝင္ေနပါေသးတယ္။ ၾကာေစ့ေလးေတြမွာ အခ်ိဳဓာတ္၊အငန္ဓာတ္၊ ကိုလက္စထေရာ နဲ႔ ျပည့္ဝဆီေတြက မပါသေလာက္ကိုနည္းပါတယ္။ ၾကာေစ့ တစ္ေအာင္စ စာမွာကယ္လိုရီပမာဏက ၉၄.၃ ရာခိုင္ႏႈန္းေလာက္ပဲ ပါဝင္တာပါ။

ၾကာေစ့စားရင္းရရွိမယ့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြက

ၾကာေစ့ေလးေတြထဲမွာ L-isoaspartyl methyltransferase လို႔ေခၚတဲ့ အရြယ္တင္ေစႏိုင္တဲ့ အင္ဇိုင္းပါဝင္တာေၾကာင့္ အသားအေရလွပေစဖို႔အတြက္ အေထာက္အကူျဖစ္ေစမယ့္ သဘာဝအစားအစာတစ္မ်ိဳးေပါ့။ အသားအေရကိုတင္းရင္းလွပေနေစမယ့္အျပင္ ဖေလဗာႏိြဳက္ပါဝင္မႈေၾကာင့္ အေရျပားမွာျဖစ္တဲ့ ေရာင္ရမ္းမႈေတြကိုလည္း ေလ်ာ႔ပါးသက္သာေစႏိုင္တဲ့ အစြမ္းရွိပါတယ္။ ဒါကေတာ့ အသားအေရအတြက္ ၾကာေစ့ေလးကေနရရွိႏိုင္မယ့္ အက်ိုးေက်းဇူးေတြပါ။

စားသံုးလို႔အရသာရွိတဲ့ ၾကာေစ့ေလးေတြက ခႏၶာကိုယ္က်န္းမာဖို႔အတြက္ အေရးၾကီးတဲ့ ကိုယ္တြင္းအဂၤါတစ္ခုျဖစ္တဲ့ ေက်ာက္ကပ္ကိုလည္း က်န္းမာေစႏိုင္ျပီး ခႏၶာကိုယ္အတြက္ အင္အားျဖစ္ေစႏိုင္ပါတယ္။ သရက္ရြက္က်န္းမာေစဖို႔အတြက္လည္း ၾကာေစ့ေလးေတြကို စားသံုးေပးလို႔ရပါတယ္။ အစာေျခစနစ္ကို က်န္းမာေစျပီး ဝမ္းေလွ်ာတာကို သက္သာေစႏိုင္စြမ္းလည္းရွိပါတယ္။ ဝမ္းေလွ်ာေနသူေတြအေနနဲ႔ ၾကာေစ့ေလးေတြကို ဆန္ျပဳတ္ထဲထည့္ျပဳတ္ျပီး စားသံုးေပးမယ္ဆိုရင္ ခႏၶာကိုယ္ကို အားျပည့္ေစမယ့္အျပင္ ဝမ္းေလွ်ာတာကို သက္သာေစႏိုင္စြမ္းရွိပါတယ္။

ၾကာေစ့ကို စားသံုးေပးမယ္ဆိုရင္ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေစႏိုင္တာေၾကာင့္ ညဘက္အိပ္မေပ်ာ္တဲ့သူေတြအေနနဲ႔ စားသံုးေပးသင့္တဲ့ အစားအစာတစ္ခုပါ။ ၾကာေစ့က သဘာဝ အိပ္ေဆးတစ္မ်ိဳးပါ။ အာရံုေၾကာေတြကိုလည္း က်န္းမာသန္စြမ္းေစႏိုင္ပါတယ္။ ေသြးတိုးေရာဂါရွိသူေတြအေနနဲ႔ ၾကာေစ့ကို အထဲကအဆံစိမ္းေလးမဖယ္ဘဲ စားသံုးေပးမယ္ဆိုရင္ ေသြးတိုးက်ေစမွာျဖစ္ပါတယ္။ ဒါတင္မကပါဘူး။ ေသြးေၾကာေတြနဲ႔ႏွလံုးကိုပါ က်န္းမာေစမွာ အေသအခ်ာပါ။

ဆီးေအာင့္တာ၊ ဆီးက်ဥ္တာလိုမ်ိဳး ဆီးနဲ႔ဆိုင္တဲ့ေဝဒနာေတြသက္သာေစဖို႔အတြက္ ၾကာေစ့ေလးေတြကို စားသံုးေပးလို႔ရပါတယ္။ သြားနဲ႔သြားဖံုးေတြမွာ အနာျဖစ္ေနခဲ့ရင္လည္း ၾကာေစ့ေလးေတြကို စားသံုးေပးပါက တစ္ရႈးေတြကို အသစ္ျဖစ္ေပၚေစျပီး အနာေတြကို သက္သာေစမွာပါ။

ၾကာေစ့ေလးေတြမွာ မဂၢနီဆီယမ္ၾကြယ္ဝစြာပါဝင္တဲ့အတြက္ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစျပီး ေသြးတြင္း ေအာက္ဆီဂ်င္ပမာဏကို တိုးတက္ေကာင္းမြန္ေစႏိုင္သလို ခႏၶာကိုယ္အတြက္လည္း ျပည့္ဝတဲ့ အာဟာရကိုရရွိေစမွာပါ။ ႏွလံုးကိုက်န္းမာေစနိုင္တဲ့ folate ပါဝင္တာေၾကာင့္ ႏွလံုးေရာဂါကင္းေဝးခ်င္သူေတြ စားသံုးေပးသင့္တဲ့ အစားအစာတစ္ခုပါ။ ကိုယ္အေလးခ်ိန္က်ခ်င္သူေတြအေနနဲ႔လည္း အဆီနဲ႔ ကယ္လ္လိုရီပါဝင္မႈနည္းတဲ့ ၾကာေစ့ေလးေတြကို သေရစာအစားစားသံုးေပးျပီး ကိုယ္အေလးခ်ိန္ကို ထိန္းညွိေပးလို႔ရပါတယ္။

အေရျပားမွာျဖစ္တဲ့ အနာေတြကိုသက္သာေစဖို႔၊ အနာက်က္ေစဖို႔အတြက္လည္း ၾကာေစ့ေလးေတြကို စားသံုးေပးလို႔ရပါတယ္။ မ်က္ႏွာမွာျဖစ္တတ္တဲ့ ဝက္ျခံေတြနဲ႔ ဝက္ျခံေၾကာင့္ျဖစ္တဲ့အမာရြတ္ေတြကို ေလ်ာ႔ပါးသက္သာေစဖို႔အတြက္လည္း ၾကာေစ့ေလးေတြကို စားသံုးေပးလို႔ရပါတယ္။

အပ်င္းေျပစားလို႔ရသလို အရသာလည္းရွိတဲ့ ၾကာေစ့ေလးေတြစားရင္း အခုေျပာခဲ့တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေလးေတြကို ရယူလိုက္ပါ…

Credit : Hellosayarwon

(Unicode Version)

ကြာစေ့လေးတွေစားရင် ရရှိမည့် ကျန်းမာရေးအကျိုးကျေးဇူးများ

မိုး တွေရွာလာပြီဆိုရင် ကန်တွေထဲမှာပေါက်နေတဲ့ ကြာတွေလည်း တဖြည်းဖြည်းနဲ့ ရှင်သန်ကြီးထွားလာပါတယ်။ ကြာပင်တွေရှင်သန်ကြီးထွားလာမှုက မြင်ရတဲ့သူတွေအတွက် စိတ်အေးချမ်းမှုကိုပေးနိုင်သလို ကြာပင်က ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ပေးပါသေးတယ်။ကြာပင်ရဲ့ ကြာရိုး၊ကြာစွယ်နဲ့ ကြာစေ့တွေကို စားသုံးလို့ရပါတယ်။

အခုတစ်ခေါက်ကတော့ ကလေးလေးတွေကစလို့ လူကြီးတွေအထိ ကြိုက်နှစ်သက်ကြတဲ့ ကြာစေ့လေးတွေအကြောင်းကို ပြောပြပေးချင်တာပါ။ ကြာစေ့လေးတွေကို အစိမ်းလိုက်စားသုံးလို့ရသလို ဟင်းချက်ပြီးတော့လည်း စားသုံးလို့ရပါတယ်။ တရုတ်လူမျိုးတွေနဲ့ဂျပန်လူမျိုးတွေရဲ့ ရိုးရာဟင်းလျာတွေထဲမှာ ကြာစေ့၊ကြာစွယ်၊ကြာရိုး နဲ့ ကြာရွက်တို့ကို ထည့်သွင်းချက်ပြုတ်စားသုံးကြပါတယ်။

ကြာစေ့မှာ ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေတာလဲ

ကြာစေ့ဆိုတာက ကြာပန်းအလယ်ပိုင်းက ဝတ်ဆံလေးတွေရင့်မာသွားတာဖြစ်ပြီး အပြင်ခွံစိမ်းစိမ်းလေး နဲ့ အတွင်းကအဆံလေးကတော့ ဖြူဖြူလေးပါ။ ကြာစေ့ကိုစားတဲ့အခါ ဖန်တွန့်တွန့် အရသာရှိတဲ့ အပြင်ခွံစိမ်းစိမ်းလေးကိုဖယ်ပြီး အတွင်းက အဆံဖြူဖြူလေးကိုစားရတာပါ။ နုလေချိုလေအရသာရှိလေပါပဲ။

ကြာစေ့မှာ phosphorus၊ ပရိုတင်း၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ကြွယ်ဝပါတယ်။ ဒါတွေတင်မကပါဘူး။ ကြာစေ့လေးတွေမှာ ဇင့်နဲ့သံဓာတ်တို့လည်းကြွယ်ဝစွာပါဝင်နေပါသေးတယ်။ ကြာစေ့လေးတွေမှာ အချိုဓာတ်၊အငန်ဓာတ်၊ ကိုလက်စထရော နဲ့ ပြည့်ဝဆီတွေက မပါသလောက်ကိုနည်းပါတယ်။ ကြာစေ့ တစ်အောင်စ စာမှာကယ်လိုရီပမာဏက ၉၄.၃ ရာခိုင်နှုန်းလောက်ပဲ ပါဝင်တာပါ။

ကြာစေ့စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

ကြာစေ့လေးတွေထဲမှာ L-isoaspartyl methyltransferase လို့ခေါ်တဲ့ အရွယ်တင်စေနိုင်တဲ့ အင်ဇိုင်းပါဝင်တာကြောင့် အသားအရေလှပစေဖို့အတွက် အထောက်အကူဖြစ်စေမယ့် သဘာဝအစားအစာတစ်မျိုးပေါ့။ အသားအရေကိုတင်းရင်းလှပနေစေမယ့်အပြင် ဖလေဗာနွိုက်ပါဝင်မှုကြောင့် အရေပြားမှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကတော့ အသားအရေအတွက် ကြာစေ့လေးကနေရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပါ။

စားသုံးလို့အရသာရှိတဲ့ ကြာစေ့လေးတွေက ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်တဲ့ ကျောက်ကပ်ကိုလည်း ကျန်းမာစေနိုင်ပြီး ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေနိုင်ပါတယ်။ သရက်ရွက်ကျန်းမာစေဖို့အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းလျှောတာကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။ ဝမ်းလျှောနေသူတွေအနေနဲ့ ကြာစေ့လေးတွေကို ဆန်ပြုတ်ထဲထည့်ပြုတ်ပြီး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကို အားပြည့်စေမယ့်အပြင် ဝမ်းလျှောတာကို သက်သာစေနိုင်စွမ်းရှိပါတယ်။

ကြာစေ့ကို စားသုံးပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်တာကြောင့် ညဘက်အိပ်မပျော်တဲ့သူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ကြာစေ့က သဘာဝ အိပ်ဆေးတစ်မျိုးပါ။ အာရုံကြောတွေကိုလည်း ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ သွေးတိုးရောဂါရှိသူတွေအနေနဲ့ ကြာစေ့ကို အထဲကအဆံစိမ်းလေးမဖယ်ဘဲ စားသုံးပေးမယ်ဆိုရင် သွေးတိုးကျစေမှာဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ သွေးကြောတွေနဲ့နှလုံးကိုပါ ကျန်းမာစေမှာ အသေအချာပါ။

ဆီးအောင့်တာ၊ ဆီးကျဉ်တာလိုမျိုး ဆီးနဲ့ဆိုင်တဲ့ဝေဒနာတွေသက်သာစေဖို့အတွက် ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ သွားနဲ့သွားဖုံးတွေမှာ အနာဖြစ်နေခဲ့ရင်လည်း ကြာစေ့လေးတွေကို စားသုံးပေးပါက တစ်ရှုးတွေကို အသစ်ဖြစ်ပေါ်စေပြီး အနာတွေကို သက်သာစေမှာပါ။

ကြာစေ့လေးတွေမှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးတက်ကောင်းမွန်စေနိုင်သလို ခန္ဓာကိုယ်အတွက်လည်း ပြည့်ဝတဲ့ အာဟာရကိုရရှိစေမှာပါ။ နှလုံးကိုကျန်းမာစေနိုင်တဲ့ folate ပါဝင်တာကြောင့် နှလုံးရောဂါကင်းဝေးချင်သူတွေ စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။ ကိုယ်အလေးချိန်ကျချင်သူတွေအနေနဲ့လည်း အဆီနဲ့ ကယ်လ်လိုရီပါဝင်မှုနည်းတဲ့ ကြာစေ့လေးတွေကို သရေစာအစားစားသုံးပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးလို့ရပါတယ်။

အရေပြားမှာဖြစ်တဲ့ အနာတွေကိုသက်သာစေဖို့၊ အနာကျက်စေဖို့အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။ မျက်နှာမှာဖြစ်တတ်တဲ့ ဝက်ခြံတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို လျော့ပါးသက်သာစေဖို့အတွက်လည်း ကြာစေ့လေးတွေကို စားသုံးပေးလို့ရပါတယ်။

အပျင်းပြေစားလို့ရသလို အရသာလည်းရှိတဲ့ ကြာစေ့လေးတွေစားရင်း အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ…

Credit : Hellosayarwon