ေဖာက္ျပန္ေနသည့္ မိန္းမအား ဓားျဖင့္ ထိုးသတ္မႈျဖစ္ပြား

မႏၲေလးတိုင္းေဒသႀကီး မတၱရာၿမိဳ႕နယ္ ေအာင္ေျမေအးေက်းရြာတြင္ အျခားအမ်ိဳးသားတစ္ဦးႏွင့္ ေဖာက္ျပန္ေနသည့္ မိန္းမအား ဓားျဖင့္ထိုးသတ္မႈတစ္ခု ဇူလိုင္လ ၄ ရက္ နံနက္ ၃ နာရီအခ်ိန္ခန္႔ က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္ ။

ဦးေမာင္ႏုိင္ (၄၀) နွစ္သည္ ဇူလိုင္လ ၄ ရက္ေန့ နံနက္ (၁) နာရီခန္႔အခ်ိန္က အိမ္ျပန္လာစဥ္ ၎၏ အမ်ိဳးသမီး မစိန္လွ (၄၁) ႏွင့္ တစ္ရြာတည္းေန ဦးမင္းခန္႔(ခ)ေဇာ္ေဇာ္ တို့ ႏွစ္ဦးအား အတူအိပ္ေနသည္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ ထိုသို႔ အိပ္ေနသည့္ ဦးမင္းခန္႔ (ခ) ေဇာ္ေဇာ္ ကို ဓားျဖင့္လိုက္ခုတ္ရာ ဒဏ္ရာမ်ားရရွိခဲ့ၿပီး ထြက္ေျပးသြားခဲ့ၿပီး ဦးေမာင္ႏိုင္တုိ႔လင္မယားႏွစ္ဦးသည္လည္း ရုန္းရင္းဆန္ခတ္ျဖစ္၍ ဓားျဖင့္ ထုိးရာ မစိန္လွ မွာ ေနရာတြင္ ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း ေရနံ႔သာရဲစခန္း က သိရသည္။

” တရားခံျဖစ္သူ ဦးေမာင္နိုင္က ကိုယ္တိုင္လာၿပီးအဖမ္းခံတယ္ ။ သူ႕မိန္းမက အျခားေယာက္်ားတစ္ေယာက္နဲ႕ အိပ္ေနတာကို ေတြ႕ေတာ့ ေဒါသမထိန္းႏုိင္ပဲ ျဖစ္သြားတယ္ဆိုၿပီး လာအဖမ္းခံတယ္ ” ဟု ေရနံ႔သာရဲစခန္း မွ တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပက္သက္၍ သူ ဦးေမာင္ႏုိင္အား ေရနံ႔သာရဲစခန္းတြင္ (ပ) ၇၀/၂၀၁၈ ၊ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၀၂/၃၂၆ တို႔ျဖင့္ အမႈဖြင့္ ဖမ္းဆီးထားေၾကာင္း သိရသည္။

ႏိုင္လင္းဦး

Source : The Fifth Wave News

(Unicode Version)

ဖောက်ပြန်နေသည့် မိန်းမအား ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အောင်မြေအေးကျေးရွာတွင် အခြားအမျိုးသားတစ်ဦးနှင့် ဖောက်ပြန်နေသည့် မိန်းမအား ဓားဖြင့်ထိုးသတ်မှုတစ်ခု ဇူလိုင်လ ၄ ရက် နံနက် ၃ နာရီအချိန်ခန့် က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဦးမောင်နိုင် (၄၀) နှစ်သည် ဇူလိုင်လ ၄ ရက်နေ့ နံနက် (၁) နာရီခန့်အချိန်က အိမ်ပြန်လာစဉ် ၎င်း၏ အမျိုးသမီး မစိန်လှ (၄၁) နှင့် တစ်ရွာတည်းနေ ဦးမင်းခန့်(ခ)ဇော်ဇော် တို့ နှစ်ဦးအား အတူအိပ်နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုသို့ အိပ်နေသည့် ဦးမင်းခန့် (ခ) ဇော်ဇော် ကို ဓားဖြင့်လိုက်ခုတ်ရာ ဒဏ်ရာများရရှိခဲ့ပြီး ထွက်ပြေးသွားခဲ့ပြီး ဦးမောင်နိုင်တို့လင်မယားနှစ်ဦးသည်လည်း ရုန်းရင်းဆန်ခတ်ဖြစ်၍ ဓားဖြင့် ထိုးရာ မစိန်လှ မှာ နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရေနံ့သာရဲစခန်း က သိရသည်။

” တရားခံဖြစ်သူ ဦးမောင်နိုင်က ကိုယ်တိုင်လာပြီးအဖမ်းခံတယ် ။ သူ့မိန်းမက အခြားယောက်ျားတစ်ယောက်နဲ့ အိပ်နေတာကို တွေ့တော့ ဒေါသမထိန်းနိုင်ပဲ ဖြစ်သွားတယ်ဆိုပြီး လာအဖမ်းခံတယ် ” ဟု ရေနံ့သာရဲစခန်း မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ သူ ဦးမောင်နိုင်အား ရေနံ့သာရဲစခန်းတွင် (ပ) ၇၀/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/၃၂၆ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

နိုင်လင်းဦး

Source : The Fifth Wave News