ကၽြန္ေတာ္ အေမ့ကိုမုန္းတယ္။ အေမဟာ သူမ်ားေတြရဲ႕ အေမနဲ႔မတူဘူး။ မ်က္လံုးတစ္ဖက္ပဲရွိတယ္။ ရုပ္ဆိုးလိုက္တာ အရမ္းကို ရွက္ဖို႔ ေကာင္းတာပဲ။

ကၽြန္ေတာ္ အေမ့ကိုမုန္းတယ္။ အေမဟာ သူမ်ားေတြရဲ႕ အေမနဲ႔မတူဘူး။ မ်က္လံုးတစ္ဖက္ပဲရွိတယ္။ ရုပ္ဆိုးလိုက္တာ အရမ္းကို ရွက္ဖို႔ ေကာင္းတာပဲ။

ဆိုင္ေလး ေသးေသး ၊ စုတ္ျပတ္ျပတ္ေလးမွာ အေမက ဟင္းသီး ဟင္းရြက္ေလးေတြ ေရာင္းတယ္။ ဒီလို ဆင္းဆင္းရဲရဲ ေစ်းေရာင္းေနတဲ့ အေမ့ကိုၾကည့္ျပီး ကၽြန္ေတာ္ ရွက္တယ္။ အေမ့ေၾကာင့္ လူေတြက ကၽြန္ေတာ္တို႔ကို အထင္ေသးၾကတယ္လို႔ ကၽြန္ေတာ္ထင္တယ္။ သူမ်ား အေမေတြလို ဘာလို႔မ်ား အေမဟာ ခ်မ္းသာေအာင္ မလုပ္သလဲ ဆုိတာ ကၽြန္ေတာ္ျဖင့္ နားကို မလည္ႏိုင္ပါဘူး။ ဒါေၾကာင့္ အေမ့ကို ကၽြန္ေတာ္ မခ်စ္ဘူး မုန္းတယ္။

ဒီေန႔ ကၽြန္ေတာ္တို႔ မူလတန္းေက်ာင္းမွာ အားကစား ျပိဳင္ပြဲေတြလုပ္တယ္။ ေက်ာင္းသား မိဘေတြကို ဖိတ္တယ္ ကၽြန္ေတာ္ အေမ့ကို မလာေစခ်င္ဘူး ဒါေပမယ့္ အေမက ေက်ာင္းကို ေရာက္လာတယ္။ အေမ ဘယ္လိုမ်ား လုပ္လိုက္တာလဲ လူေတြၾကားမွာ ကၽြန္ေတာ့္ကို အရွက္ လာခြဲတယ္ ရွက္စရာ ေကာင္းလိုက္တာ အခုေတာ့ ကၽြန္ေတာ့္ အေမဟာ ရုပ္ဆိုးဆိုးနဲ႔ မ်က္လံုးတစ္ဖက္ထဲ ရွိတဲ့သူဆိုတာ ေက်ာင္းကသူငယ္ခ်င္းေတြ အကုန္ သိကုန္ျပီ ကၽြန္ေတာ္ အေမ့ကို ခါးခါးသီးသီး ၾကည့္မိတယ္ ျပီးေတာ့ ေက်ာင္းထဲကေန ေျပးထြက္ခဲ့မိတယ္။

ေနာက္တစ္ေန႔ ေက်ာင္းတက္ေတာ့ အတန္းေဖာ္ေတြက ကၽြန္ေတာ့ကို ၀ိုင္းျပီး “မင္းအေမက မ်က္လံုး တစ္ဘက္တည္း ရွိတယ္ေနာ္” လို႕ စၾကတယ္ ေအာ္ဟစ္ ေနာက္ေျပာင္ၾကတယ္။ ကၽြန္ေတာ္ ေဒါသလဲထြက္ ရွက္လဲ ရွက္မိတယ္ အေမ့ကို ကမာၻေျမၾကီးေပၚကေန ေပ်ာက္ကြယ္သြားပါေစလို႔ကို ဆုေတာင္းမိတယ္… သူမ်ား အေမေတြလို ၾကည့္ေကာင္းတဲ့ ရုပ္ရည္လဲ မရွိဘူး.. သူမ်ားအေမေတြလို ပိုက္ဆံလဲ မခ်မ္းသာဘူး.. ကၽြန္ေတာ္ အေမ့ကို အရမ္းမုန္းတာပဲ။

အိမ္ျပန္ေရာက္ေတာ့ ကၽြန္ေတာ္ အေမ့ကိုေမးတယ္.. “အေမ့မ်က္လံုးတစ္ဘက္က ဘယ္ေရာက္သြားတာလဲ.. အေမက သူမ်ားအေမေတြလိုလဲ မလွဘူး…. ရုပ္ကဆိုး၊ ဆင္းကလဲ ဆင္းရဲေသးတယ္….. အေမဟာ ကၽြန္ေတာ့ကို အရွက္ခြဲဖို႔ သက္သက္မ်ား အသက္ရွင္ေနတာလား… အေမဘာေၾကာင့္ ျမန္ျမန္မေသတာလဲ” လို႔ ရက္ရက္ စက္စက္ ကၽြန္ေတာ္ ေျပာပစ္လိုက္တယ္။

အေမက ဘာမွကုိ ျပန္မေျပာဘူး…. ၀မ္းနည္းတဲ့ မ်က္ႏွာေလးနဲ႔ တိတ္တိတ္ ဆိတ္ဆိတ္ပဲ လုပ္စရာရွိတာကို လုပ္ေနခဲ့တယ္… ကၽြန္ေတာ္ နည္းနည္းေတာ့ စိတ္မေကာင္း ျဖစ္သြားမိတယ္… အေမ့ကို အဲလို ေျပာလိုက္မိလို႔.. ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ အဲလို ေျပာလိုက္ရတာကိုလည္း ေက်နပ္သြားမိတယ္… ကၽြန္ေတာ္ တစ္ခ်ိန္လံုး အေမ့ကို ေျပာခ်င္ခဲ့တဲ့ စကားကို ေျပာလိုက္ရလို႔ေလ…

အဲဒီည…. ကၽြန္ေတာ္ တစ္ေရးႏိုးလားေတာ့ ေရဆာတာနဲ႔ ေရေသာက္ဖို႔ ထမင္းစားခန္းထဲကိုအသြား တိတ္တိတ္ေလး ငိုေၾကြးေနတဲ့ အေမ့ကို ကၽြန္ေတာ္ ေတြ႕လိုက္တယ္.. ကၽြန္ေတာ္ ႏိုးသြားမွာစိုးလို႔ အသံမထြက္ရွာဘဲ တိုးတိုးေလး ငိုေနတဲ့ အေမ…..။ အေမ့ကို ကၽြန္ေတာ္ တစ္ခ်က္ၾကည့္ျပီး အျမန္ဆံုး ျပန္ထြက္လာခဲ့တယ္…

တကယ္ေတာ့ ေန႔လည္က အေမ့ကို ကၽြန္ေတာ္ေျပာလိုက္မိတဲ့စကားေၾကာင့္ ကၽြန္ေတာ္ ကိုယ္တိုင္လည္း အသည္းႏွလံုးေထာင့္ တစ္ေနရာမွာလဲ တဆစ္ဆစ္နဲ႔ ကိုက္ခဲ ေနသလိုပါဘဲ… ဒါေပမယ့္ အရုပ္ဆိုးလွတဲ့ မ်က္လံုး တစ္ဖက္တည္းနဲ႔ ငိုေနတဲ့ အေမ့ကို ကၽြန္ေတာ္ မုန္းတယ္…

ဒီေတာ့…. ကၽြန္ေတာ္ ဆံုးျဖတ္ခ်က္ ခ်လိုက္မိတယ္…. ခုခ်ိန္ကစျပီး ငါ့ေျခေထာက္ေပၚငါ ရပ္တည္ႏိုင္ေအာင္ ၾကိဳးစားေတာ့မယ္… ငါ့ဘ၀ကို ေအာင္ျမင္ေအာင္ လုပ္မယ္.. ငါအေမ့ကို မုန္းတယ္.. ျပီးေတာ့ ဒီ စုတ္ျပတ္ ဆိုး၀ါးလွတဲ့ ဆင္းရဲျခင္းကို ငါမုန္းတယ္.. ဒီကေနငါလြတ္ေအာင္ ရုန္းမယ္.. အေမ႔ဆီကေန….. ျပီးေတာ့ ဆင္းရဲျခင္း ဆီကေန….. အေမ့အိမ္ကေန ထြက္လာျပီး.. ဆိုးလ္ျမိဳ႕မွာ ကၽြန္ေတာ္ ျပင္းျပင္းထန္ထန္ ၾကိဳးစားတယ္.. ကၽြန္ေတာ့္ဘ၀အတြက္……. ေရွ႕ေျခလွမ္းေတြအတြက္…… ရည္မွန္းခ်က္ အျပည့္နဲ႔ေပါ့ အထက္တန္း ေအာင္ေတာ့ ဆိုးလ္တကၠသုိလ္ၾကီးမွာ ပညာသင္ခြင့္ရတယ္… ကၽြန္ေတာ္ ကိုယ့္ကိုယ္ကို ယံုၾကည္ခ်က္ေတြ ပိုျပီး ျပင္းထန္လာတယ္၊ ခိုင္မာလာတယ္..
ေက်ာင္းျပီးေတာ့ ကၽြန္ေတာ္အိမ္ေထာင္ျပဳတယ္…. စီးပြားေရးလဲ အဆင္ေျပေတာ့ ကိုယ္ပိုင္အိမ္နဲ႔ ဘာနဲ႔ ျဖစ္လာတယ္.. သားသမီးေတြရလာတယ္.. ခုေတာ့ ကၽြန္ေတာ့္ ဘ၀မွာ ေပ်ာ္ရႊင္သာယာတဲ့ အိမ္ေထာင္နဲ႔၊ ေအာင္ျမင္တဲ့ လူတစ္ေယာက္အျဖစ္ ရပ္တည္ေနျပီ။

ဒီမွာေနရတာ ကၽြန္ေတာ္ သေဘာက်တယ္.. ကၽြန္ေတာ္ဘ၀ရဲ႕ အတိတ္၊ ရုပ္ဆိုးလွတဲ့ ကၽြန္ေတာ့အေမ၊ ဆင္းရဲလြန္းတဲ့ ကၽြန္ေတာ့္ငယ္ဘ၀ အဲဒါေတြကို သတိရစရာ ျပန္အမွတ္ ရစရာ ဘာမွလဲ မရွိေတာ႕ဘူး… ကၽြန္ေတာ္ရဲ႕ အတိတ္ေတြ အားလံုးကို ေမ့ထားျပီး ခုလက္ရွိဘ၀မွာ ကၽြန္ေတာ္ ေပ်ာ္ေနျပီ…. ေက်နပ္ေနျပီ…

ကၽြန္ေတာ္ ဘ၀ကို အေက်နပ္ၾကီး ေက်နပ္ျပီး ေပ်ာ္ရႊင္ေနတုန္း လံုး၀ ဘယ္တုန္းကမွ မေမွ်ာ္လင့္ထားတဲ့ သူတစ္ေယာက္ ကၽြန္ေတာ့္ေရွ႕ကို ေရာက္လာတယ္…..

“ဘုရားေရ…..အေမပါလား” “ခုခ်ိန္ထိ မ်က္လံုးတစ္ဘက္ပ်က္ၾကီးနဲ႔ ရွိေနတုန္း… ဆိုးလိုက္တာဗ်ာ..”

ေကာင္းကင္ၾကီး တစ္ခုလံုး ကၽြန္ေတာ့ေရွ႕ကို ျပိဳက်လာသလိုဘဲ…. ကၽြန္ေတာ့သမီးေလးက မ်က္လံုး တစ္ဖက္တည္းနဲ႔ ရုပ္ဆိုးလွတဲ့ အေမ့ကိုျမင္ေတာ့ လန္႔ေအာ္ျပီးအိမ္ထဲကို ေျပး၀င္သြားတယ္.. ကၽြန္ေတာ္ ေဒါသေတြ ဒီေရလို တက္လာတယ္…

“ခင္ဗ်ားဘယ္သူလဲ.. ခင္ဗ်ားကို က်ဳပ္မသိပါလား .. ခင္ဗ်ားက က်ဳပ္ အိမ္ကို ဘာကိစၥနဲ႔ လာရတာလဲ.. က်ဳပ္သမီးေလး ခင္ဗ်ားရဲ႕ ရုပ္ၾကီးကို ျမင္ျပီး လန္႔သြားျပီ…. သြား….. ခင္ဗ်ား ခုခ်က္ျခင္း က်ဳပ္အိမ္က ထြက္သြား”

ကၽြန္ေတာ္ မသိဟန္ေဆာင္ျပီး တကယ့္ကို မမွတ္မိသလိုနဲ႔ အေမ့ကို ေျပာပစ္လိုက္တယ္..

“အို…. ၀မ္းနည္းပါတယ္ရွင္…. ကၽြန္မ အိမ္လိပ္စာ မွားျပီး ၀င္လာမိတာပါ…”

အေမက တိုးတုိးတိတ္တိတ္ေလးဘဲ ျပန္ေျဖျပီး ကၽြန္ေတာ့္မ်က္စိေရွ႕ကေနတစ္ေရြ႕ေရြ႕နဲ႔ ေပ်ာက္ကြယ္သြားတယ္.. ေတာ္ပါေသးရဲ႕.. ဘုရား မ လို႔.. အေမ ကၽြန္ေတာ့္ကို မမွတ္မိဘူး.. ကၽြန္ေတာ့္စိတ္ေတြ အေတာ္ သက္သာရာ ရသြားတယ္.. ကိုယ့္ကိုယ္ကို ေျပာမိတယ္..

“ငါေနာက္ကို သတိထားစရာ မလိုေတာ့ဘူး… ငါ့ဘ၀တစ္ေလွ်ာက္လံုး ဒီအေၾကာင္းေတြ ထပ္ေပၚလာေတာ့မွာ မဟုတ္ေတာ့ဘူး”

တစ္ေန႔….. ကၽြန္ေတာ့္ဇာတိျဖစ္တဲ့ ငယ္ငယ္ကေနခဲ့တဲ့ ေက်ာင္းကေန ေက်ာင္းသားေဟာင္းေတြ ျပန္လည္ေတြ႔ဆံုပြဲ လုပ္မယ့္ ဖိတ္စာေလး ေရာက္လာတယ္။ မသြားခ်င္ေပမယ့္ ကၽြန္ေတာ္ သြားရဦးမယ္… ကၽြန္ေတာ့မိန္းမကုိ အမွန္အတိုင္းမေျပာဘဲ စီးပြားေရးကိစၥနဲ႔ ခရီးထြက္စရာ ရွိတယ္လို႔ ကၽြန္ေတာ္ လိမ္လုိက္တယ္… ကၽြန္ေတာ့ရဲ႕ ဆင္းရဲတဲ့ ငယ္ဘ၀အေၾကာင္း ကၽြန္ေတာ့္မိန္းမကို ဘယ္တုန္းကမွ မေျပာခဲ့ဖူးဘူးေလ…

ေတြ႔ဆံုပြဲျပီးေတာ့ ကၽြန္ေတာ္ ငယ္ငယ္ကေနခဲ့တဲ့ အိမ္ေလးကို ၾကည့္ဖို႔ ထြက္လာခဲ့တယ္။ အိမ္လို႔သာ ေခၚတာပါ အိမ္နဲ႔ေတာင္ မတူပါဘူး။ အမိုးအကာမလံုတဲ့ တဲကုတ္ေလးပါ။ ဘာရယ္မဟုတ္ပါဘူး.. စပ္စုခ်င္တဲ့ စိတ္ကေလးနဲ႔ အိမ္ကေလးက ဘယ္လိုမ်ား ျဖစ္ေနမွာပါလိမ့္ ဆိုျပီး ၾကည့္ခ်င္တာနဲ႔ ထြက္လာတာ….

ဒီမွာဘဲ.. ကၽြန္ေတာ့္အေမကို ေအးစက္စိုစြတ္ေနတဲ့ ေျမျပင္ေပၚမွာ လဲက်ေနတာ ေတြ႔လိုက္ရတယ္… ဒါေပမယ့္ ကၽြန္ေတာ္ မ်က္ရည္က်ဖို႔ မေျပာနဲ႔ ၀မ္းနည္းတဲ့ စိတ္နည္းနည္းေလးေတာင္ မျဖစ္မိဘူး… အေမ့လက္ထဲမွာ စာရြက္ပိုင္းေလးတစ္ခုကို ေတြ႔ရတယ္… ကၽြန္ေတာ္ယူၾကည့္လိုက္ေတာ့ အေမရဲ႕ မပီမသ မလွမပ လက္ေရးေလးေတြနဲ႔ ကၽြန္ေတာ့္အတြက္ ေရးထားတဲ့စာမွန္း သိလုိက္ရတယ္…

သားေလးေရ… အေမ မက်န္းမမာ ျဖစ္ေနတာၾကာပါျပီ….. အေမမေသခင္ သားေလးဖတ္ဖို႔ ဒီစာေလး ေရးထားခဲ့ခ်င္လို႔ပါ… အေမ ေနရေတာ့မယ္ မထင္ပါဘူးကြယ္ …. သားေလးရွိတဲ့ ဆိုးလ္ကိုလဲ ေနာက္တစ္ၾကိမ္ ဘယ္ေတာ့မွ အေမ ေရာက္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး…. သားေလးကို အေမ့ဆီတစ္ေခါက္ေလာက္ လာလည္ေစခ်င္လိုက္တာကြယ္…. အေမေလ သားေလးကို အရမ္းလြမ္းလို႔ပါ.. ေတြ႔ခ်င္လြန္းလို႔ပါ… ေက်ာင္းသားေဟာင္းေတြ ျပန္လည္ေတြ႔ဆံုပြဲကို သားေလး လာမယ္ ၾကားေတာ့ အေမ ၀မ္းသာလိုက္တာ.. ဒါေပမယ့္ ေက်ာင္းကုိ အေမမလာဖို႔ ဆံုးျဖတ္ထားပါတယ္ အဲဒါက သားေလးအတြက္ပါကြယ္… အေမ့မွာက မ်က္စိတစ္ဖက္ထဲ ရွိတာကိုး…. ဒီအတြက္နဲ႔ သားကို အရွက္ရေစတာ အေမ ၀မ္းနည္းပါတယ္ သားရယ္…

အေမ ေျပာျပပါ့မယ္ သားရယ္… အမွန္ေတာ့ သားငယ္ငယ္တုန္းက ေဆာ့ကစားရင္း မေတာ္တဆျဖစ္ျပီး သားမ်က္စိတစ္ဖက္ ပ်က္စီး သြားခဲ့တယ္… အေမတစ္ေယာက္အေနနဲ႔ မ်က္စိတစ္ဖက္ မရွိေတာ့တဲ့သားကို ဘယ္လိုလုပ္ ၾကည့္ရက္ ႏိုင္ပါ့မလဲကြယ္… သားၾကီးလာရင္ မ်က္စိတစ္ဘက္တည္းနဲ႔ လူေတြၾကား ဘယ္လိုမ်ား ေနမလဲလို႔ ေတြးၾကည့္တိုင္း စိတ္ဆင္းရဲမိတယ္… ယူက်ံဳးမရ ျဖစ္ရတယ္…. ၾကီးလာရင္ ငါ့သားေလး ရွက္မယ္ဆိုတာ အေမသိတယ္…. အေမက အသက္ၾကီးျပီ.. သားက လူ႕ဘ၀ကို အရွည္ၾကီး ေလွ်ာက္လွမ္းရဦးမွာေလ… ဒါေၾကာင့္ အေမ့ရဲ႕ မ်က္စိတစ္ဘက္ သားကို ေပးလိုက္တာပါ…

အေမ့ရဲ႕ မ်က္လံုးနဲ႔ ေလာကၾကီးကုိ ငါ့သားေလး ေကာင္းေကာင္းမြန္မြန္ ျပန္ျမင္လာႏိုင္တဲ့အတြက္ သားကိုၾကည့္ျပီး အေမ၀မ္းသာမိတယ္.. ဂုဏ္ယူမိတယ္…. ဒီအတြက္ အေမဘယ္ေတာ႔မွ စိတ္မေကာင္း မျဖစ္ပါဘူး.. ၀မ္းလဲမနည္းခဲ့ပါဘူး.. ငယ္ငယ္က အေမ့ကို သားေလး စိတ္ဆိုးခဲ့ဖူးတယ္.. စိတ္ဆိုးျပီး အေမ့ကို ေျပာခဲ့ ဆိုခဲ့တာေတြ အေမ သားကို ဘယ္ေတာ့မွ ေဗြမယူခဲ့ပါဘူး ငါ့သားေလး ငါ့ကို ခ်စ္လို႔ ေျပာတာဘဲလို႔ အေမေတြးခဲ့ပါတယ္.. အေမသားကို ခ်စ္တယ္ သားရယ္…. သားဟာ အေမ့ရဲ႕ ဘ၀၊ အေမရဲ႕ ကမာၻပါကြယ္……..

အိုး.. ကၽြန္ေတာ့္အသည္းေတြ ကြဲကုန္ပါျပီ။ အေမရယ္…. သားကိုခြင့္မလႊတ္ပါနဲ႔… ဘယ္ေတာ့မွ သားမိုက္ကို ခြင့္မလႊတ္ပါနဲ႔….. ကၽြန္ေတာ္ ရွိဳက္ၾကီးတငင္ ငိုေၾကြးေနမိပါျပီ…. ကၽြန္ေတာ္ သိပ္မုန္းခဲ့တဲ့ မ်က္လံုး တစ္ဖက္တည္းရွိခဲ့တဲ့ အေမဟာ ကၽြန္ေတာ့အတြက္ သူ႕မ်က္လံုးကို စြန္႔လႊတ္ခဲ့တယ္ဆိုတာ အေမေသမွ ကၽြန္ေတာ္ သိလိုက္ရပါျပီ…. ကၽြန္ေတာ့္အတြက္ ေပးဆပ္အနစ္နာခံျပီး ခ်စ္သြားတဲ့ အေမ့ရဲ႕ေမတၱာကို ဘယ္တုန္းကမွ မသိတတ္ နားမလည္ တတ္ခဲ့တဲ့ ကၽြန္ေတာ္… ဘယ္တုန္းကမွ မငိုခဲ့ဖူးတဲ့ ကၽြန္ေတာ္… လူမိုက္ၾကီး၊ ခုေတာ့ မဆံုးႏိုင္တဲ့ မ်က္ရည္ေတြနဲ႔ အေမ့အတြက္ ငိုေၾကြးေနမိပါျပီ…

( မိဘအေပၚ နားလည္ခံစားႏိုင္ၾကပါေစ..။)

Credit : Lulu Saing

(Unicode Version)

ကျွန်တော် အမေ့ကိုမုန်းတယ်။ အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး။ မျက်လုံးတစ်ဖက်ပဲရှိတယ်။ ရုပ်ဆိုးလိုက်တာ အရမ်းကို ရှက်ဖို့ ကောင်းတာပဲ။

ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်။ ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော် ရှက်တယ်။ အမေ့ကြောင့် လူတွေက ကျွန်တော်တို့ကို အထင်သေးကြတယ်လို့ ကျွန်တော်ထင်တယ်။ သူများ အမေတွေလို ဘာလို့များ အမေဟာ ချမ်းသာအောင် မလုပ်သလဲ ဆိုတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး။ ဒါကြောင့် အမေ့ကို ကျွန်တော် မချစ်ဘူး မုန်းတယ်။

ဒီနေ့ ကျွန်တော်တို့ မူလတန်းကျောင်းမှာ အားကစား ပြိုင်ပွဲတွေလုပ်တယ်။ ကျောင်းသား မိဘတွေကို ဖိတ်တယ် ကျွန်တော် အမေ့ကို မလာစေချင်ဘူး ဒါပေမယ့် အမေက ကျောင်းကို ရောက်လာတယ်။ အမေ ဘယ်လိုများ လုပ်လိုက်တာလဲ လူတွေကြားမှာ ကျွန်တော့်ကို အရှက် လာခွဲတယ် ရှက်စရာ ကောင်းလိုက်တာ အခုတော့ ကျွန်တော့် အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ ကျောင်းကသူငယ်ချင်းတွေ အကုန် သိကုန်ပြီ ကျွန်တော် အမေ့ကို ခါးခါးသီးသီး ကြည့်မိတယ် ပြီးတော့ ကျောင်းထဲကနေ ပြေးထွက်ခဲ့မိတယ်။

နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ဝိုင်းပြီး “မင်းအမေက မျက်လုံး တစ်ဘက်တည်း ရှိတယ်နော်” လို့ စကြတယ် အော်ဟစ် နောက်ပြောင်ကြတယ်။ ကျွန်တော် ဒေါသလဲထွက် ရှက်လဲ ရှက်မိတယ် အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ်သွားပါစေလို့ကို ဆုတောင်းမိတယ်… သူများ အမေတွေလို ကြည့်ကောင်းတဲ့ ရုပ်ရည်လဲ မရှိဘူး.. သူများအမေတွေလို ပိုက်ဆံလဲ မချမ်းသာဘူး.. ကျွန်တော် အမေ့ကို အရမ်းမုန်းတာပဲ။

အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့ကိုမေးတယ်.. “အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက်သွားတာလဲ.. အမေက သူများအမေတွေလိုလဲ မလှဘူး…. ရုပ်ကဆိုး၊ ဆင်းကလဲ ဆင်းရဲသေးတယ်….. အမေဟာ ကျွန်တော့ကို အရှက်ခွဲဖို့ သက်သက်များ အသက်ရှင်နေတာလား… အမေဘာကြောင့် မြန်မြန်မသေတာလဲ” လို့ ရက်ရက် စက်စက် ကျွန်တော် ပြောပစ်လိုက်တယ်။

အမေက ဘာမှကို ပြန်မပြောဘူး…. ဝမ်းနည်းတဲ့ မျက်နှာလေးနဲ့ တိတ်တိတ် ဆိတ်ဆိတ်ပဲ လုပ်စရာရှိတာကို လုပ်နေခဲ့တယ်… ကျွန်တော် နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတယ်… အမေ့ကို အဲလို ပြောလိုက်မိလို့.. ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲလို ပြောလိုက်ရတာကိုလည်း ကျေနပ်သွားမိတယ်… ကျွန်တော် တစ်ချိန်လုံး အမေ့ကို ပြောချင်ခဲ့တဲ့ စကားကို ပြောလိုက်ရလို့လေ…

အဲဒီည…. ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစားခန်းထဲကိုအသွား တိတ်တိတ်လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်.. ကျွန်တော် နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး ငိုနေတဲ့ အမေ…..။ အမေ့ကို ကျွန်တော် တစ်ချက်ကြည့်ပြီး အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်…

တကယ်တော့ နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကားကြောင့် ကျွန်တော် ကိုယ်တိုင်လည်း အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ… ဒါပေမယ့် အရုပ်ဆိုးလှတဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့ အမေ့ကို ကျွန်တော် မုန်းတယ်…

ဒီတော့…. ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်မိတယ်…. ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်အောင် ကြိုးစားတော့မယ်… ငါ့ဘဝကို အောင်မြင်အောင် လုပ်မယ်.. ငါအမေ့ကို မုန်းတယ်.. ပြီးတော့ ဒီ စုတ်ပြတ် ဆိုးဝါးလှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်.. ဒီကနေငါလွတ်အောင် ရုန်းမယ်.. အမေ့ဆီကနေ….. ပြီးတော့ ဆင်းရဲခြင်း ဆီကနေ….. အမေ့အိမ်ကနေ ထွက်လာပြီး.. ဆိုးလ်မြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ်.. ကျွန်တော့်ဘဝအတွက်……. ရှေ့ခြေလှမ်းတွေအတွက်…… ရည်မှန်းချက် အပြည့်နဲ့ပေါ့ အထက်တန်း အောင်တော့ ဆိုးလ်တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့်ရတယ်… ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန်လာတယ်၊ ခိုင်မာလာတယ်..
ကျောင်းပြီးတော့ ကျွန်တော်အိမ်ထောင်ပြုတယ်…. စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင်အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်.. သားသမီးတွေရလာတယ်.. ခုတော့ ကျွန်တော့် ဘဝမှာ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နေပြီ။

ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်.. ကျွန်တော်ဘဝရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့အမေ၊ ဆင်းရဲလွန်းတဲ့ ကျွန်တော့်ငယ်ဘ၀ အဲဒါတွေကို သတိရစရာ ပြန်အမှတ် ရစရာ ဘာမှလဲ မရှိတော့ဘူး… ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို မေ့ထားပြီး ခုလက်ရှိဘဝမှာ ကျွန်တော် ပျော်နေပြီ…. ကျေနပ်နေပြီ…

ကျွန်တော် ဘဝကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်း လုံး၀ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက် ကျွန်တော့်ရှေ့ကို ရောက်လာတယ်…..

“ဘုရားရေ…..အမေပါလား” “ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ ရှိနေတုန်း… ဆိုးလိုက်တာဗျာ..”

ကောင်းကင်ကြီး တစ်ခုလုံး ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ…. ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကိုမြင်တော့ လန့်အော်ပြီးအိမ်ထဲကို ပြေးဝင်သွားတယ်.. ကျွန်တော် ဒေါသတွေ ဒီရေလို တက်လာတယ်…

“ခင်ဗျားဘယ်သူလဲ.. ခင်ဗျားကို ကျုပ်မသိပါလား .. ခင်ဗျားက ကျုပ် အိမ်ကို ဘာကိစ္စနဲ့ လာရတာလဲ.. ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ…. သွား….. ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်က ထွက်သွား”

ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..

“အို…. ဝမ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာ မှားပြီး ဝင်လာမိတာပါ…”

အမေက တိုးတိုးတိတ်တိတ်လေးဘဲ ပြန်ဖြေပြီး ကျွန်တော့်မျက်စိရှေ့ကနေတစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်.. တော်ပါသေးရဲ့.. ဘုရား မ လို့.. အမေ ကျွန်တော့်ကို မမှတ်မိဘူး.. ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်.. ကိုယ့်ကိုယ်ကို ပြောမိတယ်..

“ငါနောက်ကို သတိထားစရာ မလိုတော့ဘူး… ငါ့ဘဝတစ်လျှောက်လုံး ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ မဟုတ်တော့ဘူး”

တစ်နေ့….. ကျွန်တော့်ဇာတိဖြစ်တဲ့ ငယ်ငယ်ကနေခဲ့တဲ့ ကျောင်းကနေ ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲ လုပ်မယ့် ဖိတ်စာလေး ရောက်လာတယ်။ မသွားချင်ပေမယ့် ကျွန်တော် သွားရဦးမယ်… ကျွန်တော့မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေးကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်… ကျွန်တော့ရဲ့ ဆင်းရဲတဲ့ ငယ်ဘဝအကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ…

တွေ့ဆုံပွဲပြီးတော့ ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို ကြည့်ဖို့ ထွက်လာခဲ့တယ်။ အိမ်လို့သာ ခေါ်တာပါ အိမ်နဲ့တောင် မတူပါဘူး။ အမိုးအကာမလုံတဲ့ တဲကုတ်လေးပါ။ ဘာရယ်မဟုတ်ပါဘူး.. စပ်စုချင်တဲ့ စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် ဆိုပြီး ကြည့်ချင်တာနဲ့ ထွက်လာတာ….

ဒီမှာဘဲ.. ကျွန်တော့်အမေကို အေးစက်စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်… ဒါပေမယ့် ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့ ဝမ်းနည်းတဲ့ စိတ်နည်းနည်းလေးတောင် မဖြစ်မိဘူး… အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခုကို တွေ့ရတယ်… ကျွန်တော်ယူကြည့်လိုက်တော့ အမေရဲ့ မပီမသ မလှမပ လက်ရေးလေးတွေနဲ့ ကျွန်တော့်အတွက် ရေးထားတဲ့စာမှန်း သိလိုက်ရတယ်…

သားလေးရေ… အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ….. အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင်ပါဘူးကွယ် …. သားလေးရှိတဲ့ ဆိုးလ်ကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေ ရောက်နိုင်တော့မှာ မဟုတ်ပါဘူး…. သားလေးကို အမေ့ဆီတစ်ခေါက်လောက် လာလည်စေချင်လိုက်တာကွယ်…. အမေလေ သားလေးကို အရမ်းလွမ်းလို့ပါ.. တွေ့ချင်လွန်းလို့ပါ… ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲကို သားလေး လာမယ် ကြားတော့ အမေ ဝမ်းသာလိုက်တာ.. ဒါပေမယ့် ကျောင်းကို အမေမလာဖို့ ဆုံးဖြတ်ထားပါတယ် အဲဒါက သားလေးအတွက်ပါကွယ်… အမေ့မှာက မျက်စိတစ်ဖက်ထဲ ရှိတာကိုး…. ဒီအတွက်နဲ့ သားကို အရှက်ရစေတာ အမေ ဝမ်းနည်းပါတယ် သားရယ်…

အမေ ပြောပြပါ့မယ် သားရယ်… အမှန်တော့ သားငယ်ငယ်တုန်းက ဆော့ကစားရင်း မတော်တဆဖြစ်ပြီး သားမျက်စိတစ်ဖက် ပျက်စီး သွားခဲ့တယ်… အမေတစ်ယောက်အနေနဲ့ မျက်စိတစ်ဖက် မရှိတော့တဲ့သားကို ဘယ်လိုလုပ် ကြည့်ရက် နိုင်ပါ့မလဲကွယ်… သားကြီးလာရင် မျက်စိတစ်ဘက်တည်းနဲ့ လူတွေကြား ဘယ်လိုများ နေမလဲလို့ တွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်… ယူကျုံးမရ ဖြစ်ရတယ်…. ကြီးလာရင် ငါ့သားလေး ရှက်မယ်ဆိုတာ အမေသိတယ်…. အမေက အသက်ကြီးပြီ.. သားက လူ့ဘဝကို အရှည်ကြီး လျှောက်လှမ်းရဦးမှာလေ… ဒါကြောင့် အမေ့ရဲ့ မျက်စိတစ်ဘက် သားကို ပေးလိုက်တာပါ…

အမေ့ရဲ့ မျက်လုံးနဲ့ လောကကြီးကို ငါ့သားလေး ကောင်းကောင်းမွန်မွန် ပြန်မြင်လာနိုင်တဲ့အတွက် သားကိုကြည့်ပြီး အမေဝမ်းသာမိတယ်.. ဂုဏ်ယူမိတယ်…. ဒီအတွက် အမေဘယ်တော့မှ စိတ်မကောင်း မဖြစ်ပါဘူး.. ဝမ်းလဲမနည်းခဲ့ပါဘူး.. ငယ်ငယ်က အမေ့ကို သားလေး စိတ်ဆိုးခဲ့ဖူးတယ်.. စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့ ဆိုခဲ့တာတွေ အမေ သားကို ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး ငါ့သားလေး ငါ့ကို ချစ်လို့ ပြောတာဘဲလို့ အမေတွေးခဲ့ပါတယ်.. အမေသားကို ချစ်တယ် သားရယ်…. သားဟာ အမေ့ရဲ့ ဘဝ၊ အမေရဲ့ ကမ္ဘာပါကွယ်……..

အိုး.. ကျွန်တော့်အသည်းတွေ ကွဲကုန်ပါပြီ။ အမေရယ်…. သားကိုခွင့်မလွှတ်ပါနဲ့… ဘယ်တော့မှ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့….. ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ…. ကျွန်တော် သိပ်မုန်းခဲ့တဲ့ မျက်လုံး တစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့အတွက် သူ့မျက်လုံးကို စွန့်လွှတ်ခဲ့တယ်ဆိုတာ အမေသေမှ ကျွန်တော် သိလိုက်ရပါပြီ…. ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည် တတ်ခဲ့တဲ့ ကျွန်တော်… ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော်… လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ…

( မိဘအပေါ် နားလည်ခံစားနိုင်ကြပါစေ..။)

Credit : Lulu Saing