မိုင္းဖုန္းဆရာေတာ္ကို ေစာ္ကားမိသည့္ အေရးအသားမ်ားအတြက္ ျပန္လည္ေတာင္းပန္

မိုင္းဖုန္းဆရာေတာ္ကို Facebook ေပၚမွ ေစာ္ကားမိသည္႔ အေရးအသားမ်ားအတြက္ ေမာ္လျမိဳင္ျမိဳ႕မွ ဓါတ္ပုံဆရာညီေဇာ္မွ ေမာ္လျမိဳင္ျမိဳ႕ကိုယ္စား သာသနာ ႏြယ္ဆရာေတာ္ထံ ျပန္ေတာင္းပန္

ညီေဇာ္ဓာတ္ပံုတိုက္မွ ဒကာႀကီးဦးညီေဇာ္ က ေက်ာင္းသို႔လာေရာက္၍ ယမန္ေန႔က မိုုင္းဘုန္းဆရာေတာ္ႏွင့္ပတ္သက္ၿပီး Facebook ေပၚတြင္ ေရးသားခဲ့မႈ အမွားအယြင္းအေပၚ ခြင့္လႊတ္ပါရန္ႏွင့္ ေနာက္ေနာင္တြင္လည္း အမွားအယြင္း မျဖစ္ေအာင္ေစာင့္ထိန္းသြားပါမည့္ အ ေၾကာင္း ဗုဒၶဘာသာဝင္မ်ားႏွင့္ ေမာ္လျမဳိင္ျမဳိ႕သူျမဳိ႕ သားမ်ားကိုယ္စား သာသနာႏြယ္ဆရာေတာ္ထံ လာေရာက္ ေလွ်ာက္ထား ေတာင္းပန္သြားပါတယ္။

ျမဳိ႕သူျမဳိ႕သားမ်ားမွလည္း ခြင့္လႊတ္နားလည္ေပးၾကပါ။ သာသနာႏြယ္ဆရာေတာ္မွလည္း မိုင္းဘုန္းဆရာေတာ္ ႀကီး၏ ငယ္စဥ္မွစ၍ ယခုအခ်ိန္အထိ က်င့္ၾကံေနထိုင္မႈ အေျခအေနမ်ား၊ အေတြ႕အၾကဳံမ်ားကို ရွင္းျပခဲ့ၿပီး ဓမၼသဘာဝ၊ စ်ာန္ အဘိဉာဥ္မ်ား၏ သေဘာသဘာဝအက်ဥ္းႏွင့္ ေလာကလက္ေတြ႕ျဖစ္ရပ္မ်ားကို နိႈင္းယွဥ္ရွင္း လင္းေျပာျပေပးခဲ့ပါတယ္။

Source : Zin Moe

(Unicode Version)

မိုင်းဖုန်းဆရာတော်ကို Facebook ပေါ်မှ စော်ကားမိသည့် အရေးအသားများအတွက် မော်လမြိုင်မြို့မှ ဓါတ်ပုံဆရာညီဇော်မှ မော်လမြိုင်မြို့ကိုယ်စား သာသနာ နွယ်ဆရာတော်ထံ ပြန်တောင်းပန်

ညီဇော်ဓာတ်ပုံတိုက်မှ ဒကာကြီးဦးညီဇော် က ကျောင်းသို့လာရောက်၍ ယမန်နေ့က မိုင်းဘုန်းဆရာတော်နှင့်ပတ်သက်ပြီး Facebook ပေါ်တွင် ရေးသားခဲ့မှု အမှားအယွင်းအပေါ် ခွင့်လွှတ်ပါရန်နှင့် နောက်နောင်တွင်လည်း အမှားအယွင်း မဖြစ်အောင်စောင့်ထိန်းသွားပါမည့် အ ကြောင်း ဗုဒ္ဓဘာသာဝင်များနှင့် မော်လမြိုင်မြို့သူမြို့ သားများကိုယ်စား သာသနာနွယ်ဆရာတော်ထံ လာရောက် လျှောက်ထား တောင်းပန်သွားပါတယ်။

မြို့သူမြို့သားများမှလည်း ခွင့်လွှတ်နားလည်ပေးကြပါ။ သာသနာနွယ်ဆရာတော်မှလည်း မိုင်းဘုန်းဆရာတော် ကြီး၏ ငယ်စဉ်မှစ၍ ယခုအချိန်အထိ ကျင့်ကြံနေထိုင်မှု အခြေအနေများ၊ အတွေ့အကြုံများကို ရှင်းပြခဲ့ပြီး ဓမ္မသဘာဝ၊ ဈာန် အဘိဉာဉ်များ၏ သဘောသဘာဝအကျဉ်းနှင့် လောကလက်တွေ့ဖြစ်ရပ်များကို နှိုင်းယှဉ်ရှင်း လင်းပြောပြပေးခဲ့ပါတယ်။

Source : Zin Moe