အိမ္မွာ အလွစိုက္ထားၾကတဲ့ ႐ြက္က်ပင္ေပါက္ရဲ႕ ေဆးအစြမ္းမ်ား

အခ်ိဳ႕က ပန္းအိုးတို႔ျဖင့္ အလွစိုက္ပ်ိဳးေသာ ရြက္က်ပင္ေပါက္တြင္ ေဆးအစြမ္း မ်ားစြာရွိပါ၏။ အိမ္တြင္ရွိေနပါက ေဆးအသံုးသိေစရန္ ျပန္လည္မွ်ေဝ လိုက္ပါသည္။ ယင္းေဆးပင္သည္နတ္ေဆး သဖြယ္ျဖစ္ ၏။ ေသြးယိုစီးက်ဆင္းျခင္းကို ရပ္တန္႔ထိန္းခ်ဳပ္ေသာေနရာ၌္ အလြန္အစြမ္းၾကီးေၾကာင္း ေဆးက်မ္းတြင္ဆိုပါသည္။

ရုကၡေဗဒအမည္မွာ( Bryophyllum calycinum Salisb) ျဖစ္သည္။ အရည္ရြမ္းေသာ ႏွစ္ရွည္ခံပင္ငယ္သက္ျပင္း မ်ိဳးျဖစ္သည္။ ထူးျခားသည္မွာ ရြက္ဖ်ားပတ္ပတ္လည္ အရြက္ပိုေလးမ်ားသည္ ေျမသို႔က်ရာမွ မ်ိဳးေစ႔သဖြယ္အပင္ျပန္ေပါက္၍ ရြက္က်ပင္ ေပါက္ဟုေခၚဟန္ရွိ၏။

အသံုးျပဳပံုမွာ

(၁) ထိခိုက္ရွနာႏွင့္ေသြးစိမ္းထြက္ေသာ အနာမ်ားကို ရြက္က်ပင္ေပါက္ရြက္ ကို မီးကင္း၍ ကပ္ေပးပါက ေသြးမ်ားရပ္စဲ၍ အနာက်က္လြယ္၏။

(၂) အရြက္ကို ၾကိတ္ညစ္၍ရေသာ အရည္ျဖင့္ အနာစက္၊ အနာမီး လွ်ံႏွင့္ေမြးကြ်တ္ နာမ်ားတြင္ လိမ္းေပးက ေပ်ာက္ကင္း၏။

(၃) ရြက္က်ပင္ေပါက္ကို အရြက္ကိုမီးကင္ျပီး ထိခိုက္ေရာင္ရမ္းေသာ ဒဏ္ရာမ်ား ကို ကပ္ေပးပါကေရာင္ရမ္းျခင္းက်ဆင္းျပီး ဒဏ္ရာမ်ားသက္သာ ေပ်ာက္ကင္း၏။

(၄)ရြက္က်ပင္ေပါက္ရြက္(၁)ရြက္(၂)ရြက္ကို ငရုတ္ေကာင္းအနည္းငယ္ ထည့္၍ ညက္ေအာင္ၾကိတ္ျပီး ေသာက္သံုးပါက ဆီးပူ၊ဆီးခ်ဳပ္၊ ေသြးျမင္း သရိုက္ႏွင့္ လူပ်ိဳနာေၾကာင့္ျဖစ္ေသာအနာ မ်ားေပ်ာက္ကင္း၏။

(၅) အရြက္ကိုၾကိတ္၍ အရည္ကိုေသာက္ပါက ကာလ၀မ္းေရာဂါ ေပ်ာက္၏အရြက္ရည္ကို အဆစ္လဲြ၊အေၾကာထံုးေနရာမ်ားႏွင့္ မီးေလာင္နာတို႔ တြင္လိမ္းေပးပါကေပ်ာက္ကင္း၏။

(၆) အရြက္ကိုညက္စြာၾကိတ္၍လည္းေကာင္း၊ အေအးလြန္၍ျဖစ္ေသာ မ်က္စိ နာအတြက္ အရြက္ကိုၾကိတ္ျပီး နႏြင္းစစ္စစ္ အနည္းငယ္ ထည့္ကာ ခပ္ေႏြးေႏြးအံု ေပးပါက မ်က္စိနာေပ်ာက္၏။

(၇) အနာမ်ားမေပါက္ဘဲ အေညွာ္မိ၊ငန္းမန္း၊လိုက္၍ ေရာင္တင္းလာပါက အရြက္ ကိုၾကိတ္၍ အံုေပးပါက အေညွာ္မ်ားက်ဆင္းျပီး အနာနုလွ်င္ပိန္၍ ရင့္လွ်င္ေပါက္သြားေစသည္။

(၈)အရြက္ရည္ကိုသၾကားျဖင့္ေရာေသာက္ပါကဆီး၌ ေသြးပါျခင္းႏွင့္ေသြး၀မ္း သြားျခင္း ကိုေပ်ာက္ကင္း၏

(၉) အရြက္ကို မီးကင္၍ ေဖါေရာင္ေသာေနရာမ်ားကို ကပ္ေပးပါက အေဖါက်၏။အရြက္ကိုဆားျဖင့္ၾကိတ္ျပီး ကင္းကိုက္ေသာ ေနရာသို႔ သိပ္ေပးပါက ကင္းဆိပ္ေျပသည္။

လိုသူယူသံုးေစတနာအျပံဳးျဖင့္ / က်မ္းကိုး။ ျမန္မာ႔ေဆးဝါးပင္မ်ား

Credit : ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

(Unicode Version)

အိမ်မှာ အလှစိုက်ထားကြတဲ့ ရွက်ကျပင်ပေါက်ရဲ့ ဆေးအစွမ်းများ

အချို့က ပန်းအိုးတို့ဖြင့် အလှစိုက်ပျိုးသော ရွက်ကျပင်ပေါက်တွင် ဆေးအစွမ်း များစွာရှိပါ၏။ အိမ်တွင်ရှိနေပါက ဆေးအသုံးသိစေရန် ပြန်လည်မျှဝေ လိုက်ပါသည်။ ယင်းဆေးပင်သည်နတ်ဆေး သဖွယ်ဖြစ် ၏။ သွေးယိုစီးကျဆင်းခြင်းကို ရပ်တန့်ထိန်းချုပ်သောနေရာ၌် အလွန်အစွမ်းကြီးကြောင်း ဆေးကျမ်းတွင်ဆိုပါသည်။

ရုက္ခဗေဒအမည်မှာ( Bryophyllum calycinum Salisb) ဖြစ်သည်။ အရည်ရွမ်းသော နှစ်ရှည်ခံပင်ငယ်သက်ပြင်း မျိုးဖြစ်သည်။ ထူးခြားသည်မှာ ရွက်ဖျားပတ်ပတ်လည် အရွက်ပိုလေးများသည် မြေသို့ကျရာမှ မျိုးစေ့သဖွယ်အပင်ပြန်ပေါက်၍ ရွက်ကျပင် ပေါက်ဟုခေါ်ဟန်ရှိ၏။

အသုံးပြုပုံမှာ

(၁) ထိခိုက်ရှနာနှင့်သွေးစိမ်းထွက်သော အနာများကို ရွက်ကျပင်ပေါက်ရွက် ကို မီးကင်း၍ ကပ်ပေးပါက သွေးများရပ်စဲ၍ အနာကျက်လွယ်၏။

(၂) အရွက်ကို ကြိတ်ညစ်၍ရသော အရည်ဖြင့် အနာစက်၊ အနာမီး လျှံနှင့်မွေးကျွတ် နာများတွင် လိမ်းပေးက ပျောက်ကင်း၏။

(၃) ရွက်ကျပင်ပေါက်ကို အရွက်ကိုမီးကင်ပြီး ထိခိုက်ရောင်ရမ်းသော ဒဏ်ရာများ ကို ကပ်ပေးပါကရောင်ရမ်းခြင်းကျဆင်းပြီး ဒဏ်ရာများသက်သာ ပျောက်ကင်း၏။

(၄)ရွက်ကျပင်ပေါက်ရွက်(၁)ရွက်(၂)ရွက်ကို ငရုတ်ကောင်းအနည်းငယ် ထည့်၍ ညက်အောင်ကြိတ်ပြီး သောက်သုံးပါက ဆီးပူ၊ဆီးချုပ်၊ သွေးမြင်း သရိုက်နှင့် လူပျိုနာကြောင့်ဖြစ်သောအနာ များပျောက်ကင်း၏။

(၅) အရွက်ကိုကြိတ်၍ အရည်ကိုသောက်ပါက ကာလဝမ်းရောဂါ ပျောက်၏အရွက်ရည်ကို အဆစ်လွဲ၊အကြောထုံးနေရာများနှင့် မီးလောင်နာတို့ တွင်လိမ်းပေးပါကပျောက်ကင်း၏။

(၆) အရွက်ကိုညက်စွာကြိတ်၍လည်းကောင်း၊ အအေးလွန်၍ဖြစ်သော မျက်စိ နာအတွက် အရွက်ကိုကြိတ်ပြီး နနွင်းစစ်စစ် အနည်းငယ် ထည့်ကာ ခပ်နွေးနွေးအုံ ပေးပါက မျက်စိနာပျောက်၏။

(၇) အနာများမပေါက်ဘဲ အညှော်မိ၊ငန်းမန်း၊လိုက်၍ ရောင်တင်းလာပါက အရွက် ကိုကြိတ်၍ အုံပေးပါက အညှော်များကျဆင်းပြီး အနာနုလျှင်ပိန်၍ ရင့်လျှင်ပေါက်သွားစေသည်။

(၈)အရွက်ရည်ကိုသကြားဖြင့်ရောသောက်ပါကဆီး၌ သွေးပါခြင်းနှင့်သွေးဝမ်း သွားခြင်း ကိုပျောက်ကင်း၏

(၉) အရွက်ကို မီးကင်၍ ဖေါရောင်သောနေရာများကို ကပ်ပေးပါက အဖေါကျ၏။အရွက်ကိုဆားဖြင့်ကြိတ်ပြီး ကင်းကိုက်သော နေရာသို့ သိပ်ပေးပါက ကင်းဆိပ်ပြေသည်။

လိုသူယူသုံးစေတနာအပြုံးဖြင့် / ကျမ်းကိုး။ မြန်မာ့ဆေးဝါးပင်များ

Credit : ရဲမျိုးသူ(ဗောဓိမြိုင်)