ကယ်တင်ခြင်း ၁၃ ရက်မြောက်နေ့တွင် ထိုင်း ရေငုတ်သမားတစ်ဦး သေဆုံး



Source : SAW

သေဆုံသွားသူရဲ့ ပုံဖြစ်ပါတယ်။

(Unicode Version)

ကယ်တင်ခြင်း ၁၃ ရက်မြောက်နေ့တွင် ထိုင်း ရေငုတ်သမားတစ်ဦၤး သေဆုံး

ဒီကနေ့ပြုလုပ်တဲ့ ချင်းရိုင်မြို့ပိုင် ရဲ့ သတင်းစာရှင်းပွဲမှာ ကျောက်လှိုင်ငူအတွင်း ပိတ်မိနေတဲ့ တောဝက် ဘော်လုံးအသင်း လူငယ်၁၃ ဦးကို ကယ်တင်နေတဲ့ ရေငုတ်အဖွဲ့မှာ ပါဝင်နေသူ ရေတပ်အထူးတိုက်ခိုက်ရေး တပ်ကြပ်ကြီးအဆင့် Samarn Kunan, 38, နိုင်စမန် ကူနမ် အသက်(၃၈)နှစ်ဟာ ၁၃ ရက်နေမြောက် ကယ်တင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေစဉ် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့ည (၈) နာရီခွဲမှာ နိုင်စမန်ဟာ လှိုင်ခေါင်းအမှတ် သုံးကနေ ရေငုတ်ပြီး ပြန်ထွက်လာစဉ်မှာ သတိမေ့မျှော သွားခဲ့ပါတယ်၊ သူ့ကိုအရေးပေါ် ဆေးရုံတင်ခဲ့ပေမယ့် ည(၁)နာရီမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

Source : SAW