




(Unicode Version)

အသက် (၁၃) နှစ်အရွယ် (၈)တန်း ကျောင်းသားအား ဦးလေးဖြစ်သူမှ စိတ်ဖောက်ပြန်ပြီး ဓါးဖြင့်လှီး သတ်မှု ဖြစ်ပွား

လပွတ္တာမြို့(၃)ရပ်ကွက် ကွက်သစ် ရွှေညောင်ပင် ဘုန်းကြီးကျောင်းအနီး (အဖ)ဦးမင်းမင်း (အမိ) ဒေါ်စိမ်းမာလွင် အထက(၃)အဋ္ဌမ(B)တန်း မောင်ရှိုင်းထက်အောင် မှ အိပ်နေစဉ် နံနက်(၅း၃၀)ခန့်က တစ်အိမ်ထဲနေ ဦလေးတော်စပ်သူသည် စိတ်ဖောက်ပြန်ကာ ညာလက်မောင်းတချက် ပတ်ပတ်လည်လှီးထားပြီး လည်ပင်းဗိုက်တို့အား အိမ်ကဒါးမဖြင့် လှီးခဲ့သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းကြားသိခဲ့ပါသည်။

အဆိုပါ အခင်းမဖြစ်ပွားခင် ည(၂း၀၀)နာရီ အချိန်ခန့်က အိမ် အနား ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအား ဓါးမဖြင့် ရမ်းကားကာ ရပ်ကွက်ရှိ ရာအိပ်မှူးက အဆိုပါ အခင်းဖြစ်စဉ်အား တားစီခဲ့ကြောင်း ကြားသိခဲ့ပါသည်။

လူသတ်မှု တရားခံသည် ဂွတို (ခေါ်)သန့်ဇင်အောင်ဟု ကြားသိရပါသည်။ အခင်းဖြစ်ပြီးနောက် လူနာကလေးငယ်အား လပွတ္တာမြို့ နှလုံးသားကျန်းစောင့်ရှောက်မှုက (၃)မိုင် ကုတင် (၂၀၀) ဆေးရုံသို့ပို့ဆောင်ခဲ့စဉ် ဆုံးပါးသွားသည်ဟု ရပ်ကွက်ပြည်များထံမှ ကြားသိရပါသည်။

သတင်းဓါတ်ပုံ – Heart Laputta / MCRA /SH သန်းလင်းကျော်