ကာမိုင္း-ဖားကန္႔သြား ကားလမ္း ေရေက်ာ္မႈ ပိုမိုဆိုးရြားလာ၍ ခရီးသြားယာဥ္မ်ား သြားလာမႈ ရပ္တန္႔ထား

ကာမိုင္း- ဖားကန္႔သြားကားလမ္းမ ႀကီးေပၚရွိ ကာမိုင္းၿမိဳ႕ႏွင့္ မအူပင္ ေက်းရြာ ၾကား ေျခာက္မိုင္ကားလမ္းေပၚသို႔ ေရေက်ာ္ေနမႈမွာ ဇူလုိင္လ ၇ ရက္ေန ့နံနက္ ၉ နာရီခန္႔ တြင္ ေရအနက္ သုံးေပေက်ာ္ခန္႔ရွိလာၿပီး ကားလမ္းအရွည္ေပ တစ္ေထာင္ေက်ာ္ ခန္႔ ေရမ်ားဖုံးလႊမ္းလ်က္ရွိရာ ေရမ်ား ဆက္လက္ျမင့္တက္လာေနေၾကာင္း သိရ သည္။

အဆိုပါ ေရေက်ာ္မႈျဖစ္စဥ္ေၾကာင့္ နံနက္ ၈ နာရီခန္႔က ေျခာက္ဘီး ယာဥ္တစ္စီး လမ္းမွားေမာင္းမိ၍ လမ္းေခ်ာ္တိမ္းေစာင္းသြားခဲ့ေၾကာင္း၊ ကာမိုင္း – ဖားကန္႔သြားကားလမ္းမေပၚသို႔ ဇူလိုင္ ၄ ရက္မွစတင္၍ ေရေက်ာ္လာခဲ့ရာ ေရစတင္ေက်ာ္သည့္ေန႔က အနက္ တစ္ေပခန္႔ႏွင့္ ေပ ၂ဝဝ ေက်ာ္ထိသာ ေရဖုံးလႊမ္းခဲ့ရာ ခရီးသြားယာဥ္မ်ား အၲရာယ္ကင္းစြာ သြားလာႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါေရေက်ာ္ေနမႈေၾကာင့္ ခရီးသြားယာဥ္မ်ားျဖတ္သန္းသြားလာရန္ အႏၲရာယ္ရွိေနသျဖင့္နံနက္ ၉ နာရီခြဲခန္႔မွ စ၍ ယာဥ္သြားလာမႈကို ရပ္တန္႔ထား ေၾကာင္း၊ ခရီးသြားယာဥ္မ်ားအႏၲရာယ္ ကင္းရွင္းေရးႏွင့္ လိုအပ္သည္တို႔ကိုကူညီ ေဆာင္ရြက္ေပးႏိုင္ရန္ ကာမိုင္းၿမိဳ႕ နယ္ေျမခံစခန္းမွ ဒုတိယရဲအုပ္ႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္ဦးစီးဌာနမွ ဦးစီး မွဴးႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ ကာမိုင္းၿမိဳ႕ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရာအိမ္မွဴးမ်ားက အသင့္ေစာင့္ၾကပ္လ်က္ရွိေၾကာင္း သိရ သည္။

ယခု ကားလမ္းေရေက်ာ္မႈမွာ အထက္ဘက္မိုးရြာသြန္းမႈမွ နန္႔ေကာင္း ေခ်ာင္းေရ ျမင့္တက္လာျခင္းေၾကာင့္ ျဖစ္ေၾကာင္း၊ ကာမိုင္းၿမိဳ႕၌ ဇူလိုင္၂ရက္မွ ယေန႔အထိ မိုးသည္းထန္စြာရြာသြန္းမႈ မရွိေၾကာင္း၊ ေရေလ်ာ့က်ႏိုင္မည့္အေျခ အေနမရွိေသးေၾကာင္း ေဒသခံမ်ား၏ေျပာၾကားခ်က္အရ သိရသည္။

ကာမိုင္း (ျပန္/ဆက္)

Source : Myanmaalinn

(Unicode Version)

ကာမိုင်း-ဖားကန့်သွား ကားလမ်း ရေကျော်မှု ပိုမိုဆိုးရွားလာ၍ ခရီးသွားယာဉ်များ သွားလာမှု ရပ်တန့်ထား

ကာမိုင်း- ဖားကန့်သွားကားလမ်းမ ကြီးပေါ်ရှိ ကာမိုင်းမြို့နှင့် မအူပင် ကျေးရွာ ကြား ခြောက်မိုင်ကားလမ်းပေါ်သို့ ရေကျော်နေမှုမှာ ဇူလိုင်လ ၇ ရက်နေ့နံနက် ၉ နာရီခန့် တွင် ရေအနက် သုံးပေကျော်ခန့်ရှိလာပြီး ကားလမ်းအရှည်ပေ တစ်ထောင်ကျော် ခန့် ရေများဖုံးလွှမ်းလျက်ရှိရာ ရေများ ဆက်လက်မြင့်တက်လာနေကြောင်း သိရ သည်။

အဆိုပါ ရေကျော်မှုဖြစ်စဉ်ကြောင့် နံနက် ၈ နာရီခန့်က ခြောက်ဘီး ယာဉ်တစ်စီး လမ်းမှားမောင်းမိ၍ လမ်းချော်တိမ်းစောင်းသွားခဲ့ကြောင်း၊ ကာမိုင်း – ဖားကန့်သွားကားလမ်းမပေါ်သို့ ဇူလိုင် ၄ ရက်မှစတင်၍ ရေကျော်လာခဲ့ရာ ရေစတင်ကျော်သည့်နေ့က အနက် တစ်ပေခန့်နှင့် ပေ ၂ဝဝ ကျော်ထိသာ ရေဖုံးလွှမ်းခဲ့ရာ ခရီးသွားယာဉ်များ အ္တရာယ်ကင်းစွာ သွားလာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါရေကျော်နေမှုကြောင့် ခရီးသွားယာဉ်များဖြတ်သန်းသွားလာရန် အန္တရာယ်ရှိနေသဖြင့်နံနက် ၉ နာရီခွဲခန့်မှ စ၍ ယာဉ်သွားလာမှုကို ရပ်တန့်ထား ကြောင်း၊ ခရီးသွားယာဉ်များအန္တရာယ် ကင်းရှင်းရေးနှင့် လိုအပ်သည်တို့ကိုကူညီ ဆောင်ရွက်ပေးနိုင်ရန် ကာမိုင်းမြို့ နယ်မြေခံစခန်းမှ ဒုတိယရဲအုပ်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဦးစီး မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကာမိုင်းမြို့ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အသင့်စောင့်ကြပ်လျက်ရှိကြောင်း သိရ သည်။

ယခု ကားလမ်းရေကျော်မှုမှာ အထက်ဘက်မိုးရွာသွန်းမှုမှ နန့်ကောင်း ချောင်းရေ မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း၊ ကာမိုင်းမြို့၌ ဇူလိုင်၂ရက်မှ ယနေ့အထိ မိုးသည်းထန်စွာရွာသွန်းမှု မရှိကြောင်း၊ ရေလျော့ကျနိုင်မည့်အခြေ အနေမရှိသေးကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ကာမိုင်း (ပြန်/ဆက်)

Source : Myanmaalinn