ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း နဂါးေမာက္သီးကို စားသံုးေပးပါက ေပါင္မျပည့္၊ လမေစ့ပဲ ကေလးေမြးဖြားတာကို ကာကြယ္ေပးႏိုင္

ေမေမတို႕ေရ ကိုယ္ဝန္ေဆာင္ခိ်န္္အတြင္းမွာ ေမေမတို႕ကိုယ္တိုင္ေကာ၊ ဗိုက္ထဲက ကေလးေလးအတြက္ပါ အာဟာရဓါတ္မ်ား ျပည့္စံုလံုေလာက္ေအာင္ စားေပးဖို႕အရမ္းအေရးၾကီးပါတယ္ေနာ္။ စားရမယ့္အစားအစာမ်ားထဲကမွ အခု ေမေမတို႕အတြက္ နဂါးေမာက္သီးရဲ႕ ပါဝင္တဲ့ အာဟာရဓါတ္ေတြရဲ႕အေၾကာင္းကို Kalay မွ ေျပာျပေပးခ်င္ပါတယ္။

နဂါးေမာက္သီးမွာ ကိုယ္ဝန္ေဆာင္ေမေမတို႕ အဓိကလိုအပ္ခ်က္ဓါတ္ျဖစ္တဲ့ သံဓါတ္္မ်ားစြာ ၾကြယ္ဝစြာ ပါဝင္ပါတယ္။ နဂါးေမာက္သီးရဲ႕ တစ္ရာဂရမ္မွာ သံဓါတ္ တစ္မီလီဂရမ္ နီးပါး ပါဝင္တာေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္္အတြင္း တကယ့္ကို စားသံုးသင့္တဲ့ အသီးပါ။ သံဓါတ္ဆိုတာ ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း ေသြးပမာဏကို တိုးပြားေစတဲ့အျပင္ ေသြးနီဥအတြက္ လိုအပ္တဲ့ ေဟမိုဂလိုဘင္ ျဖစ္ေပၚေစတာေၾကာင့္ ေပါင္မျပည့္ လမေစ့တဲ့ ကေလးေမြးဖြားတာကို ကာကြယ္ေပးပါတယ္။ က်န္းမာေရးနဲ႔ အထူးသင့္ေတာ္တဲ့ နဂါးေမာက္သီး ျဖစ္ပါတယ္။

ဒါ႔အျပင္ ကယ္လ္ဆီယမ္ပါ၀င္တာေၾကာင့္ ကေလးေတြရဲ႕ သြားေတြနဲ႔ အရိုးေေတြကို ၾကီးထြားဖို႔အတြက္ အေထာက္အကူေပးပါတယ္။ ဒါေၾကာင္႔ နဂါးေမာက္သီးက ကိုယ္၀န္ေဆာင္မိခင္ေတြအတြက္သာမက ကေလးေတြအတြက္ပါ က်န္းမာေရးနဲ႕ညီညြတ္တဲ့ အာဟာရဓါတ္ အမ်ားၾကီး ပါ၀င္တာေၾကာင္႔ စားသံုးဖို႔ အၾကံျပဳလိုက္ပါတယ္ေနာ္။

Credit : Kalay

(Unicode Version)

ကိုယ်ဝန်ဆောင်ချိန်အတွင်း နဂါးမောက်သီးကို စားသုံးပေးပါက ပေါင်မပြည့်၊ လမစေ့ပဲ ကလေးမွေးဖွားတာကို ကာကွယ်ပေးနိုင်

မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ မေမေတို့ကိုယ်တိုင်ကော၊ ဗိုက်ထဲက ကလေးလေးအတွက်ပါ အာဟာရဓါတ်များ ပြည့်စုံလုံလောက်အောင် စားပေးဖို့အရမ်းအရေးကြီးပါတယ်နော်။ စားရမယ့်အစားအစာများထဲကမှ အခု မေမေတို့အတွက် နဂါးမောက်သီးရဲ့ ပါဝင်တဲ့ အာဟာရဓါတ်တွေရဲ့အကြောင်းကို Kalay မှ ပြောပြပေးချင်ပါတယ်။

နဂါးမောက်သီးမှာ ကိုယ်ဝန်ဆောင်မေမေတို့ အဓိကလိုအပ်ချက်ဓါတ်ဖြစ်တဲ့ သံဓါတ်များစွာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ နဂါးမောက်သီးရဲ့ တစ်ရာဂရမ်မှာ သံဓါတ် တစ်မီလီဂရမ် နီးပါး ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း တကယ့်ကို စားသုံးသင့်တဲ့ အသီးပါ။ သံဓါတ်ဆိုတာ ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးပမာဏကို တိုးပွားစေတဲ့အပြင် သွေးနီဥအတွက် လိုအပ်တဲ့ ဟေမိုဂလိုဘင် ဖြစ်ပေါ်စေတာကြောင့် ပေါင်မပြည့် လမစေ့တဲ့ ကလေးမွေးဖွားတာကို ကာကွယ်ပေးပါတယ်။ ကျန်းမာရေးနဲ့ အထူးသင့်တော်တဲ့ နဂါးမောက်သီး ဖြစ်ပါတယ်။

ဒါ့အပြင် ကယ်လ်ဆီယမ်ပါဝင်တာကြောင့် ကလေးတွေရဲ့ သွားတွေနဲ့ အရိုးေတွေကို ကြီးထွားဖို့အတွက် အထောက်အကူပေးပါတယ်။ ဒါကြောင့် နဂါးမောက်သီးက ကိုယ်ဝန်ဆောင်မိခင်တွေအတွက်သာမက ကလေးတွေအတွက်ပါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရဓါတ် အများကြီး ပါဝင်တာကြောင့် စားသုံးဖို့ အကြံပြုလိုက်ပါတယ်နော်။

Credit : Kalay