ယူတတ္လွ်င္ ယူ၍ရေသာ ယူလည္း ယူသင့္ေသာ စိတ္ထားမ်ား ထမ္​့လြမ္​ဂူမွ​ ေပး​ေသာ သင္​ခန္​းစာ

စာ​ေရးဆရာ​ေတြဟာပရိတ္​သတ္​ကုိ ​ေပး​ခ်င္​​ေသာမက္​​ေဆ့ေတြနဲ႔​ေဟာ​ေျပာ​ေလ့႐ွိတယ္​။ကြၽန္​​ေတာ္​တုိ႔စာဖတ္​သူဘက္​ကလည္​း ဒီစာပုိဒ္​မွာ ဒီဆရာက ဘာမက္​​ေဆ့​ေပးခ်င္​တာလဲဆုိတာသုံးသပ္​ပညာယူရမွာအဓိက​ေသာ့ခ်က္​ျဖစ္​တယ္​။ယၡဳ ထမ္​့လြမ္​ဂူက​ေပးတဲ့သင္​ခန္​းစာဆုိ​ေပမဲ့ သဘာဝထမ္​့လြမ္​ဂူကုိ​ေျပာခ်င္​တာမဟုတ္​ပဲ…ဂူထဲပိတ္​မိတဲ့က​ေလး ၁၃​ ​ေယာက္​ ​ကယ္​ဆယ္​​ေရးမွာ ထုိင္​းႏုိင္​ငံသူ ႏုိင္​ငံသားတုိ႔ ျပဳမူ​ေဆာင္​ရြက္​ပုံႏွင္​့ စိတ္​​ေနစိတ္​ထား​ပုံ​ေတြကမွ ကြၽန္​​ေတာ္​တုိ႔ရလုိက္​တဲ့ မက္​​ေဆ့​ကုိ​ေျပာခ်င္​တာပါ။

အစုိးရႏွင္​့ႏုိင္​ငံတကာက ကယ္​ဆယ္​​ေရးအတြက္​ အကုန္​က်​ေျမာက္​မ်ားစြာလုပ္​​ေဆာင္​တဲ့အပုိင္​းကတစ္​ပုိင္​းပါ။ဒီမွာ အရပ္ဘက္​ရဲ႕ ​ေက်းဇူးဆပ္​တုံ႔ျပန္​ပုံ​ေတြက မ​ေလးစားပဲမ​ေန​ႏုိင္​အာင္​ စိတ္​ဓာတ္​ႏွင္​့လူယဥ္​​ေက်းမႈ့အဆင္​့အတန္​းကုိ​ေဖာ္​ျပ​ေနသလုိပဲ။ကယ္ဆယ္​​ေရးသမား​ေတြ၊သတင္​းသမား​ေတြ၊လာ​ေရာက္​တဲ့သူ​ေတြအတြက္​ ၾကဳိပုိ႔ယာဥ္​​ေတြ၊ဆုိင္​ကယ္​​ေတြ၊သန္​႔စင္​ခန္​း၊အစားအစာႏွင္​့​ေကာ္​ဖီဆုိင္​​ေတြ၊ဖုန္​းအားသြင္​းရန္​​ေနရာ၊မီထြန္​းရန္​ဓာတ္​ခဲ၊အဝတ္​​ေတြကုိ​ေလ်ာ္​ဖြတ္​အ​ေျခာက္​ခံ​ေပးတဲ့အဖြဲ႔​ေတြ၊က်န္​းမာ​ေရး ​ေညာင္​းညာရင္​ ႏွိပ္​နယ္​​ေပးတဲ့အႏွိပ္​ဆရာမ​​ေလး​ေတြ လုိအပ္​ခ်က္​မရွိ​ေလာက္​​ေအာင္​အားလုံး အခမဲ့စီစဥ္​​ေပးျကတယ္​။တတ္​ႏုိင္​တဲ့ဘက္​က အားလုံတညီတၫြတ္​ဝုိင္​းကူၾကတယ္​။ျပစ္​တင္​​ေျပာဆုိ​ေနတာမ႐ွိဘူး။

ပထမဆုံးရလုိက္​တဲ့မက္​​ေစ​ေဆ့က ဂူ​ေပါက္​ဝမွာ က​ေလးမိခင္​​ေတြ ငုိ​ေကြၽး​ေနတဲ့အခ်ိန္​ပါ။က​ေလးမိခင္​တစ္​​ေယာက္​က ​ငုိသံႀကီးႏွင္​့​ေအာ္​​​ေခၚလုိက္​တယ္​ “သား​ေလး​ေရ အ​ေမတုိ႔ဆီျပန္​လာ​ေတာ့၊အ​ေမ​ေခၚ​ေနတာၾကားလား၊နည္​းျပ ‘အက္​’ ​ေရ မင္​းညီ​ေလး​ေတြ ​ေခၚၿပီးျပန္​လာ​ေတာ့”ဆုိတာၾကား​ေတာ့ ရင္​ထဲဆုိ႔သြာတယ္​။

​ေအာ္​ တုိ႔ဆီမွာသာဆုိရင္​ “ဒီ​ေကာင္​​ေၾကာင္​့ တုိ႔က​ေလး​ေတြ ျဖစ္​ရတာ၊ဒီသူ​ေတာင္​းစားနံမည္​ ၾကားကုိမၾကားခ်င္​ဘူး”လုိ႔မ​ေျပာရင္​​ေတာ္​ၿပီ။​ေနာက္​ ျမန္​မာသတင္​း​ေထာက္​က ထုိင္​းသတင္​းျပန္​ၾကာ​ေရးတာဝန္​ခံကု​ိ​ေမးတယ္​ “အခု​ေလာက္​​ေတြလုပ္​​ေနတာ ကုန္​က်စရိတ္​​ေတြအ​ေတာ္​မ်ားမွာပဲ”လုိ႔​ေမး​ေတာ့ သူကျပန္​​ေျဖတယ္​ “က​ေလး​ေတြရဲ႕အသက္​​​ထက္​ဘယ္​ဟာကမွ တန္​ဖုိးမႀကီးဘူး၊ဘုရင္​ႀကီးကုိယ္​တုိင္​အမိန္​႔ထုတ္​ထားတာ”တဲ့ ကဲၾကည္​့ဦးဗ်ာ ရင္​ကုိထိပါတယ္​။

ဂူထဲက​ေရ​ေတြကုိ စက္​ႀကီး​ေတြႏွင္​့စုပ္​ထုတ္​ရတာ ဂူအနီးက လယ္​​ေျမ​ေတြ ​ေရလႊမ္​းၿပီးပ်က္​စီးကုန္​​ေတာ့ လယ္​သမား​ေတြကုိဘယ္​လုိခံစားရလဲ​ေမးၾကည္​့​တဲ့အခါ သူတုိ႔ကလည္​း “က​ေလး​ေတြအသက္​ကပုိအ​ေရးႀကီးပါတယ္​”လုိ႔​ေျပာတယ္​။ဒီလုိနစ္​နာသြားတဲ့ လယ္​သမား​ေတြအတြက္​ဆုိၿပီး ထုိင္​း႐ုပ္​႐ွင္​မင္​းသၼီးတစ္​ဦး ဦး​ေဆာင္​တဲ့အဖြဲ႔ကလာျပန္​​ေရာ ပ်က္​စီးသြားတဲ့လယ္​​ေတြက က်န္​လုိ႔ထြက္​လာတဲ့သီးႏွံ​ေတြႏွင္​့အစားထုိး​ေမြးျမဴ​ေရးထြက္​ပစၥည္​း​ေတြကုိ ​ေစ်း​ေကာင္​းရ​ေအာင္​ သူတုိ႔​ေရာင္​း​ေပးမယ္​တဲ့။မ်က္​ရည္​ဝဲ​ေအာင္​ပိတိျဖစ္​ရတယ္​။

တစ္​ခ်ိဳ႕ျမန္​မာ​ေတြအျပစ္​တင္​​ေနၾကတဲ့နည္​းျပဟာ ျမန္​မာႏုိင္​ငံသားမိဘႏွစ္​ပါးက​ေမြးတဲ့ ျမန္​မာႏြယ္​ဖြားပါ။ျပန္​ထြက္​လာရင္​ လူဝင္​မႈ့ဥပ​ေဒႏွင္​့ခ်က္​ခ်င္​းအ​ေရးယူမယ္​လုိ႔ တစ္​ခ်ဳိ့ျမန္​မာ​ေတြ​ေရး​ေနက်တဲ့အခ်ိန္​ ထုိင္​းတရား​ေရး အျမဲတမ္​းအတြင္​းဝန္​က “အရင္​ဦးဆုံး ​ေပြ႔ဖက္​အား​ေပးခ်င္​ဆုံးသူစိမ္​းလူသား၊ရင္​ထဲကဟီး႐ုိး၊ ခင္​မ်ားသာ ‘အက္​’ နဲ႔အရင္​ဆုံး​ေတြ႔တဲ့လူျဖစ္​မယ္​ဆုိရင္​ က်ဳပ္​က ​ေပြ႔ဖက္​အား​ေပးပါတယ္​လုိ႔​ေျပာ​ေပးပါ။သူဟာက​ေလး​ေတြအတြက္​ အနစ္​နာခံၿပီး​ေစာင္​့​ေ႐ွာက္​​ေပးခဲ့တယ္​၊သူ​ေၾကာင္​့ျဖစ္​ရတယ္​ဆုိျပီးသူမွာအျပစ္​စြဲစိတ္​မျဖစ္​​ေစခ်င္​ဘူး”လုိ႔​ေျပာသြားတယ္​။ဘယ္​​ေလာက္​လူႀကီးလူ​ေကာင္​းဆန္​လုိက္​သလဲဗ်ာ။ျပည္​သူျပည္​သား​ေတြ ဒီလုိစိတ္​မ်ိဳးထားရမယ္​လုိ​႔​ေျပာလုိက္​တာပဲ။

ဒီ​ေန႔ည​ေနမွာက​ေလးမိဘ​ေတြက ဂူထဲကက​ေလး​ေတြဆီကုိ စာ​ေရးၿပီးထည္​့​ေပးတယ္​လုိသိရတယ္​၊ဒီမွာ”နည္​းျပ ‘အက္​’ ကုိလည္​း​ေျပာ​ေပးပါ က​ေလး​ေတြကုိအနစ္​နာခံ​ေစာင္​​့​ေ႐ွာက္​​ေပးတဲ့အ​တြက္​ ​ေက်းဇူးတင္​ပါတယ္” ဆုိတာပါထည္​့​ေရး​ပုိ႔ခဲ့တယ္လုိ႔ဆုိတယ္​။ဒီမတုိင္​ခင္​ နည္​းျပ ‘အက္​’ ကလည္​း က​ေလးမိဘ​ေတြဆီစာ​ေရးၿပီးသူ႔ကုိခြင္​့လႊတ္​ပါလုိ႔​ေတာင္​းပန္​ခဲ့တယ္​လုိ႔ သတင္​​း​ေထာက္​​ေတြ ​ေျပာျပခ်က္​အရသိရတယ္​။တာဝန္​ခံ တာဝန္​ယူတတ္​တဲ့​ေခါင္​း​ေဆာင္​ႏွင္​့ အျပစ္​မဖုိ႔တတ္​တဲ့လူအသုိင္​းအဝုိင္​းတစ္​ခုကုိကြၽန္​​ေတာ္​တုိ႔​ေတြ႔ရတယ္​။

ျမန္​မာျပည္​မွာ​ေတာ့ ကနဦးက ဖူးခက္​ဘက္​မွာ ၃ႏွစ္​၈လအရြယ္​က​ေလးျပန္​​ေတြ႔တဲ့သတင္​းကုိ ၁၃​ေယာက္​ထဲကအငယ္​ဆုံးက​ေလးဆုိၿပီးသတင္​းမွား ဖြတယ္​။​ေနာက္​ က​ေလး ၁၃ ​ေယာက္​ျပန္​​ေတြ႔ၿပီ အားလုံး​ေသ​ေနၿပီဆုိတဲ့သတင္​း၊ကေလး ၁၃ ​ေယာက္​ကုိ ကုိ​ေနကုိတုိး ၁၃​ေကာင္​၊​ေမ်ာက္​​ေလာင္​း​ေလး​ေတြ အလုပ္​မ႐ွိအကုိင္​မ႐ွိ ကမ်ဥ္​း​ေက်ာထတယ္​၊သူတုိ႔အတြက္​အားလုံးအလုပ္​႐ႈပ္​တယ္​၊နည္​းျပကုိသတ္​ပစ္​ရမွာ၊အျပင္​​ေရာက္​တာနဲ႔ဖမ္​းခ်ဳပ္​မယ္​ဆုိတဲ့ ျပစ္​တင္​တာ​ေတြ၊ျမန္​မာျပည္​မွာဆုိရင္​ ဟုိဘား႐ွင္​း ဒီဘား႐ွင္​းနဲ႔သ​​ေရာ္​စာ​ေတြ၊ျပန္​​ေတြ႕ျပန္​​ေတာ့ ဂ်င္​းထည္​့တယ္​ဆုိတာ​ေတြ.. ကုိယ္​လည္​းဘာအက်ိဳးမွမ႐ွိ ဒုကၡ​ေရာက္​​ေနတဲ့သူကုိ​ေမတၱာမပြားႏုိင္​ပဲ ဘယ္​လုိႏွလုံးသားႏွင္​့​ေရး​ေနၾကတယ္​ဆုိတာ စဥ္​းစားလုိ႔​ေတာင္​မရဘူး။ဒီလုိ​အညံ့စားစိတ္​ဓာတ္​နဲ႔လူ​ေတြျမန္​မာျပည္​မွာ႐ွိတယ္​ဆုိတာ ထုိင္​းႏုိင္​ငံ​သူႏုိင္​ငံသား​ေတြသိရင္​ ႐ွက္​စရာ​ေကာင္​းပါတယ္​…

ဗုဒၶဘာသာအဓိကႏုိင္​ငံတစ္​ႏုိင္​ငံမ​ွာ​ေနၿပီး ကုိယ္​ခ်င္​းစာတရား​ေတြ၊ျဗမၼစုိတရား​ေတြ ​ေပ်ာက္​ဆုံ​း​ေနၾကသူ​မ်ား ထမ္​့လႊမ္​ဂူမွထုိင္​းႏုိင္​ငံသားတုိ႔ထားတဲ့ စိတ္​ထား​ေတြၾကည္​့ၿပီး ႐ွက္​တတ္​ၾကစမ္​းပါလုိ႔​ေျပာပါရ​ေစ။

Credit : Bon Thone

(Unicode Version)

ယူတတ်လျှင် ယူ၍ရသော ယူလည်း ယူသင့်သော စိတ်ထားများ ထမ့်လွမ်ဂူမှ ပေးသော သင်ခန်းစာ

စာရေးဆရာတွေဟာပရိတ်သတ်ကို ပေးချင်သောမက်ဆေ့တွေနဲ့ဟောပြောလေ့ရှိတယ်။ကျွန်တော်တို့စာဖတ်သူဘက်ကလည်း ဒီစာပိုဒ်မှာ ဒီဆရာက ဘာမက်ဆေ့ပေးချင်တာလဲဆိုတာသုံးသပ်ပညာယူရမှာအဓိကသော့ချက်ဖြစ်တယ်။ယ္ခု ထမ့်လွမ်ဂူကပေးတဲ့သင်ခန်းစာဆိုပေမဲ့ သဘာဝထမ့်လွမ်ဂူကိုပြောချင်တာမဟုတ်ပဲ…ဂူထဲပိတ်မိတဲ့ကလေး ၁၃ ယောက် ကယ်ဆယ်ရေးမှာ ထိုင်းနိုင်ငံသူ နိုင်ငံသားတို့ ပြုမူဆောင်ရွက်ပုံနှင့် စိတ်နေစိတ်ထားပုံတွေကမှ ကျွန်တော်တို့ရလိုက်တဲ့ မက်ဆေ့ကိုပြောချင်တာပါ။

အစိုးရနှင့်နိုင်ငံတကာက ကယ်ဆယ်ရေးအတွက် အကုန်ကျမြောက်များစွာလုပ်ဆောင်တဲ့အပိုင်းကတစ်ပိုင်းပါ။ဒီမှာ အရပ်ဘက်ရဲ့ ကျေးဇူးဆပ်တုံ့ပြန်ပုံတွေက မလေးစားပဲမနေနိုင်အာင် စိတ်ဓာတ်နှင့်လူယဉ်ကျေးမှု့အဆင့်အတန်းကိုဖော်ပြနေသလိုပဲ။ကယ်ဆယ်ရေးသမားတွေ၊သတင်းသမားတွေ၊လာရောက်တဲ့သူတွေအတွက် ကြိုပို့ယာဉ်တွေ၊ဆိုင်ကယ်တွေ၊သန့်စင်ခန်း၊အစားအစာနှင့်ကော်ဖီဆိုင်တွေ၊ဖုန်းအားသွင်းရန်နေရာ၊မီထွန်းရန်ဓာတ်ခဲ၊အဝတ်တွေကိုလျော်ဖွတ်အခြောက်ခံပေးတဲ့အဖွဲ့တွေ၊ကျန်းမာရေး ညောင်းညာရင် နှိပ်နယ်ပေးတဲ့အနှိပ်ဆရာမလေးတွေ လိုအပ်ချက်မရှိလောက်အောင်အားလုံး အခမဲ့စီစဉ်ပေးကြတယ်။တတ်နိုင်တဲ့ဘက်က အားလုံတညီတညွတ်ဝိုင်းကူကြတယ်။ပြစ်တင်ပြောဆိုနေတာမရှိဘူး။

ပထမဆုံးရလိုက်တဲ့မက်စေဆေ့က ဂူပေါက်ဝမှာ ကလေးမိခင်တွေ ငိုကျွေးနေတဲ့အချိန်ပါ။ကလေးမိခင်တစ်ယောက်က ငိုသံကြီးနှင့်အော်ခေါ်လိုက်တယ် “သားလေးရေ အမေတို့ဆီပြန်လာတော့၊အမေခေါ်နေတာကြားလား၊နည်းပြ ‘အက်’ ရေ မင်းညီလေးတွေ ခေါ်ပြီးပြန်လာတော့”ဆိုတာကြားတော့ ရင်ထဲဆို့သွာတယ်။

အော် တို့ဆီမှာသာဆိုရင် “ဒီကောင်ကြောင့် တို့ကလေးတွေ ဖြစ်ရတာ၊ဒီသူတောင်းစားနံမည် ကြားကိုမကြားချင်ဘူး”လို့မပြောရင်တော်ပြီ။နောက် မြန်မာသတင်းထောက်က ထိုင်းသတင်းပြန်ကြာရေးတာဝန်ခံကိုမေးတယ် “အခုလောက်တွေလုပ်နေတာ ကုန်ကျစရိတ်တွေအတော်များမှာပဲ”လို့မေးတော့ သူကပြန်ဖြေတယ် “ကလေးတွေရဲ့အသက်ထက်ဘယ်ဟာကမှ တန်ဖိုးမကြီးဘူး၊ဘုရင်ကြီးကိုယ်တိုင်အမိန့်ထုတ်ထားတာ”တဲ့ ကဲကြည့်ဦးဗျာ ရင်ကိုထိပါတယ်။

ဂူထဲကရေတွေကို စက်ကြီးတွေနှင့်စုပ်ထုတ်ရတာ ဂူအနီးက လယ်မြေတွေ ရေလွှမ်းပြီးပျက်စီးကုန်တော့ လယ်သမားတွေကိုဘယ်လိုခံစားရလဲမေးကြည့်တဲ့အခါ သူတို့ကလည်း “ကလေးတွေအသက်ကပိုအရေးကြီးပါတယ်”လို့ပြောတယ်။ဒီလိုနစ်နာသွားတဲ့ လယ်သမားတွေအတွက်ဆိုပြီး ထိုင်းရုပ်ရှင်မင်းသ္မီးတစ်ဦး ဦးဆောင်တဲ့အဖွဲ့ကလာပြန်ရော ပျက်စီးသွားတဲ့လယ်တွေက ကျန်လို့ထွက်လာတဲ့သီးနှံတွေနှင့်အစားထိုးမွေးမြူရေးထွက်ပစ္စည်းတွေကို ဈေးကောင်းရအောင် သူတို့ရောင်းပေးမယ်တဲ့။မျက်ရည်ဝဲအောင်ပိတိဖြစ်ရတယ်။

တစ်ချို့မြန်မာတွေအပြစ်တင်နေကြတဲ့နည်းပြဟာ မြန်မာနိုင်ငံသားမိဘနှစ်ပါးကမွေးတဲ့ မြန်မာနွယ်ဖွားပါ။ပြန်ထွက်လာရင် လူဝင်မှု့ဥပဒေနှင့်ချက်ချင်းအရေးယူမယ်လို့ တစ်ချို့မြန်မာတွေရေးနေကျတဲ့အချိန် ထိုင်းတရားရေး အမြဲတမ်းအတွင်းဝန်က “အရင်ဦးဆုံး ပွေ့ဖက်အားပေးချင်ဆုံးသူစိမ်းလူသား၊ရင်ထဲကဟီးရိုး၊ ခင်များသာ ‘အက်’ နဲ့အရင်ဆုံးတွေ့တဲ့လူဖြစ်မယ်ဆိုရင် ကျုပ်က ပွေ့ဖက်အားပေးပါတယ်လို့ပြောပေးပါ။သူဟာကလေးတွေအတွက် အနစ်နာခံပြီးစောင့်ရှောက်ပေးခဲ့တယ်၊သူကြောင့်ဖြစ်ရတယ်ဆိုပြီးသူမှာအပြစ်စွဲစိတ်မဖြစ်စေချင်ဘူး”လို့ပြောသွားတယ်။ဘယ်လောက်လူကြီးလူကောင်းဆန်လိုက်သလဲဗျာ။ပြည်သူပြည်သားတွေ ဒီလိုစိတ်မျိုးထားရမယ်လို့ပြောလိုက်တာပဲ။

ဒီနေ့ညနေမှာကလေးမိဘတွေက ဂူထဲကကလေးတွေဆီကို စာရေးပြီးထည့်ပေးတယ်လိုသိရတယ်၊ဒီမှာ”နည်းပြ ‘အက်’ ကိုလည်းပြောပေးပါ ကလေးတွေကိုအနစ်နာခံစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုတာပါထည့်ရေးပို့ခဲ့တယ်လို့ဆိုတယ်။ဒီမတိုင်ခင် နည်းပြ ‘အက်’ ကလည်း ကလေးမိဘတွေဆီစာရေးပြီးသူ့ကိုခွင့်လွှတ်ပါလို့တောင်းပန်ခဲ့တယ်လို့ သတင်းထောက်တွေ ပြောပြချက်အရသိရတယ်။တာဝန်ခံ တာဝန်ယူတတ်တဲ့ခေါင်းဆောင်နှင့် အပြစ်မဖို့တတ်တဲ့လူအသိုင်းအဝိုင်းတစ်ခုကိုကျွန်တော်တို့တွေ့ရတယ်။

မြန်မာပြည်မှာတော့ ကနဦးက ဖူးခက်ဘက်မှာ ၃နှစ်၈လအရွယ်ကလေးပြန်တွေ့တဲ့သတင်းကို ၁၃ယောက်ထဲကအငယ်ဆုံးကလေးဆိုပြီးသတင်းမှား ဖွတယ်။နောက် ကလေး ၁၃ ယောက်ပြန်တွေ့ပြီ အားလုံးသေနေပြီဆိုတဲ့သတင်း၊ကလေး ၁၃ ယောက်ကို ကိုနေကိုတိုး ၁၃ကောင်၊မျောက်လောင်းလေးတွေ အလုပ်မရှိအကိုင်မရှိ ကမျဉ်းကျောထတယ်၊သူတို့အတွက်အားလုံးအလုပ်ရှုပ်တယ်၊နည်းပြကိုသတ်ပစ်ရမှာ၊အပြင်ရောက်တာနဲ့ဖမ်းချုပ်မယ်ဆိုတဲ့ ပြစ်တင်တာတွေ၊မြန်မာပြည်မှာဆိုရင် ဟိုဘားရှင်း ဒီဘားရှင်းနဲ့သရော်စာတွေ၊ပြန်တွေ့ပြန်တော့ ဂျင်းထည့်တယ်ဆိုတာတွေ.. ကိုယ်လည်းဘာအကျိုးမှမရှိ ဒုက္ခရောက်နေတဲ့သူကိုမေတ္တာမပွားနိုင်ပဲ ဘယ်လိုနှလုံးသားနှင့်ရေးနေကြတယ်ဆိုတာ စဉ်းစားလို့တောင်မရဘူး။ဒီလိုအညံ့စားစိတ်ဓာတ်နဲ့လူတွေမြန်မာပြည်မှာရှိတယ်ဆိုတာ ထိုင်းနိုင်ငံသူနိုင်ငံသားတွေသိရင် ရှက်စရာကောင်းပါတယ်…

ဗုဒ္ဓဘာသာအဓိကနိုင်ငံတစ်နိုင်ငံမှာနေပြီး ကိုယ်ချင်းစာတရားတွေ၊ဗြမ္မစိုတရားတွေ ပျောက်ဆုံးနေကြသူများ ထမ့်လွှမ်ဂူမှထိုင်းနိုင်ငံသားတို့ထားတဲ့ စိတ်ထားတွေကြည့်ပြီး ရှက်တတ်ကြစမ်းပါလို့ပြောပါရစေ။

Credit : Bon Thone