ကေလးေတြ အားလံုး အျပင္ေရာက္သြားၿပီးမွ ဂူထဲက ထြက္လိုတဲ့ နည္းျပ က်န္းမာေရး အေျခအေန အဆိုးဆံုး ျဖစ္ေနတာေၾကာင့္ အရင္ဆံုး ထုတ္လိုက္ရ

ကေလးေတြ အားလံုး အျပင္ေရာက္သြားၿပီးမွ ဂူထဲက ထြက္လိုတဲ့ နည္းျပ က်န္းမာေရး အေျခအေန အဆိုးဆံုး ျဖစ္ေနတာေၾကာင့္ အရင္ဆံုး ထုတ္လိုက္ရ

ဇူလိုင္-၉၊ ၂၀၁၈

ထိုင္းေက်ာက္ဂူထဲက ပထမဆံုး ကယ္ထုတ္ခဲ့သူ ေလးဦးမွာ လူငယ္ေဘာလံုးအသင္း နည္းျပလည္း ပါဝင္တယ္လုိ႔ သိရပါတယ္။

ခ်င္း႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး နာရြန္ဆက္က ဇူလုိင္ ၈ ရက္၊ ကယ္ဆယ္ေရး ပထမေန႔မွာ ဂူအျပင္ကို ေလးဦးထိ ေရာက္လာၿပီး အားလံုးကို ခ်င္း႐ိုင္က ေဆး႐ံုတစ္ခုဆီ တင္ပို႔ထားႏုိင္ခဲ့တယ္လုိ႔ ေျပာၾကားသြားပါတယ္။ အဲဒီထဲက သံုးဦးဟာ လူငယ္ေတြျဖစ္ၿပီး ေနာက္တစ္ဦးက သူတို႔ရဲ႕ နည္းျပ အက္ကေပါင္ ျဖစ္တယ္လုိ႔ ဆိုပါတယ္။ အေစာပိုင္းတုန္းကေတာ့ ကယ္ထုတ္လာသူ အားလံုးဟာ လူငယ္ ေဘာလံုးသမားေတြသာ ျဖစ္ၾကတယ္လုိ႔ သတင္းေတြက တညီတညြတ္တည္း ေဖာ္ျပခဲ့ၾကပါတယ္။

Bangkok Post သတင္းစာရဲ႕ အဆိုအရ အသက္ ၂၅ ႏွစ္အရြယ္ နည္းျပဟာ ကေလးေတြ အားလံုး အျပင္ေရာက္သြားၿပီးမွ ဂူထဲက ထြက္လိုတဲ့ ဆႏၵရွိေပမယ့္ သူ႔ရဲ႕ က်န္းမာေရး အေျခအေနက အဆိုးဆံုး ျဖစ္ေနတာေၾကာင့္ ကယ္ဆယ္ေရးေတြက ပထမဆံုး အသုတ္မွာတင္ ေခၚထုတ္ဖုိ႔ ဆံုးျဖတ္ခဲ့တာလို႔ သိရပါတယ္။ ဂူထဲမွာ ၉ ရက္ေက်ာ္ၾကာ ပိတ္မိေနခ်ိန္ အေတာအတြင္း သူ႔ရဲ႕ ရိကၡာ ခြဲတမ္း ေဝစုကို နည္းျပက လူငယ္ ၁၂ ဦးအတြက္ ခြဲေဝ ေပးခဲ့တာေၾကာင့္ ကိုယ္တိုင္က အေျခအေန အဆိုးဆံုး ျဖစ္ေနတာလို႔လည္း Bangkok Postက ေဖာ္ျပထားပါတယ္။

ဂူထဲမွာ က်န္ေနတဲ့ လူငယ္ ၉ ဦးကို ကယ္ဆယ္မယ့္ အစီအစဉ္ေတြကိုေတာ့ ဒီေန႔မွာ စတင္ဖုိ႔ အားထည့္ လုပ္ေဆာင္ေနၾကပါတယ္။ မယ္ဆိုင္ေဒသမွာ မိုးျပန္သည္းလာၿပီး ဂူထဲက ေရမ်က္ႏွာျပင္ ျမင့္တက္လာျခင္းေၾကာင့္ ကယ္ဆယ္ေရး က႑အတြက္ ျပင္ဆင္ရာမွာ ႐ႈပ္ေထြးမႈ တခ်ိဳ႕လည္း ႀကံဳေနပါတယ္။ နာရြန္ဆက္ကေတာ့ လူငယ္ေတြကို ကယ္ထုတ္ဖုိ႔ ဆိုတာက ေရျပင္ရယ္၊ အခ်ိန္ရယ္နဲ႔ တိုက္ပြဲ ဆင္ႏႊဲေနရတာလို႔ ေျပာၾကားထားပါတယ္။

Source : 7 Day TV

(Unicode Version)

ထိုင်းကျောက်ဂူထဲက ပထမဆုံး ကယ်ထုတ်ခဲ့သူ လေးဦးမှာ လူငယ်ဘောလုံးအသင်း နည်းပြလည်း ပါဝင်တယ်လို့ သိရပါတယ်။

ချင်းရိုင် အုပ်ချုပ်ရေးမှူး နာရွန်ဆက်က ဇူလိုင် ၈ ရက်၊ ကယ်ဆယ်ရေး ပထမနေ့မှာ ဂူအပြင်ကို လေးဦးထိ ရောက်လာပြီး အားလုံးကို ချင်းရိုင်က ဆေးရုံတစ်ခုဆီ တင်ပို့ထားနိုင်ခဲ့တယ်လို့ ပြောကြားသွားပါတယ်။ အဲဒီထဲက သုံးဦးဟာ လူငယ်တွေဖြစ်ပြီး နောက်တစ်ဦးက သူတို့ရဲ့ နည်းပြ အက်ကပေါင် ဖြစ်တယ်လို့ ဆိုပါတယ်။ အစောပိုင်းတုန်းကတော့ ကယ်ထုတ်လာသူ အားလုံးဟာ လူငယ် ဘောလုံးသမားတွေသာ ဖြစ်ကြတယ်လို့ သတင်းတွေက တညီတညွတ်တည်း ဖော်ပြခဲ့ကြပါတယ်။

Bangkok Post သတင်းစာရဲ့ အဆိုအရ အသက် ၂၅ နှစ်အရွယ် နည်းပြဟာ ကလေးတွေ အားလုံး အပြင်ရောက်သွားပြီးမှ ဂူထဲက ထွက်လိုတဲ့ ဆန္ဒရှိပေမယ့် သူ့ရဲ့ ကျန်းမာရေး အခြေအနေက အဆိုးဆုံး ဖြစ်နေတာကြောင့် ကယ်ဆယ်ရေးတွေက ပထမဆုံး အသုတ်မှာတင် ခေါ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ ဂူထဲမှာ ၉ ရက်ကျော်ကြာ ပိတ်မိနေချိန် အတောအတွင်း သူ့ရဲ့ ရိက္ခာ ခွဲတမ်း ဝေစုကို နည်းပြက လူငယ် ၁၂ ဦးအတွက် ခွဲဝေ ပေးခဲ့တာကြောင့် ကိုယ်တိုင်က အခြေအနေ အဆိုးဆုံး ဖြစ်နေတာလို့လည်း Bangkok Postက ဖော်ပြထားပါတယ်။

ဂူထဲမှာ ကျန်နေတဲ့ လူငယ် ၉ ဦးကို ကယ်ဆယ်မယ့် အစီအစဉ်တွေကိုတော့ ဒီနေ့မှာ စတင်ဖို့ အားထည့် လုပ်ဆောင်နေကြပါတယ်။ မယ်ဆိုင်ဒေသမှာ မိုးပြန်သည်းလာပြီး ဂူထဲက ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် ကယ်ဆယ်ရေး ကဏ္ဍအတွက် ပြင်ဆင်ရာမှာ ရှုပ်ထွေးမှု တချို့လည်း ကြုံနေပါတယ်။ နာရွန်ဆက်ကတော့ လူငယ်တွေကို ကယ်ထုတ်ဖို့ ဆိုတာက ရေပြင်ရယ်၊ အချိန်ရယ်နဲ့ တိုက်ပွဲ ဆင်နွှဲနေရတာလို့ ပြောကြားထားပါတယ်။

Source : 7 Day TV