ဂ်က္စတင္ဘီဘာႏွင့္ ေမာ္ဒယ္လ္ ဟိုင္ေလေဘာလ္၀င္းတို႔ ေစ့စပ္

ကေနဒါ ေပါ့အဆိုေတာ္ ဂ်က္စတင္ ဘီဘာနဲ႕ အေမရိကန္ေမာ္ဒယ္ ဟိုင္ေလ ေဘာလ္၀င္း တို႕ ေစ့စပ္လိုက္ၾကတယ္လို႕ အေမရိကန္မီဒီယာမွာ ေဖာ္ျပထားပါတယ္။

အသက္(၂၄)ႏွစ္အရြယ္ ဘီဘာက ဘာဟားမားစ္ အပန္းေျဖစခန္္းမွာ အသက္(၂၁)ႏွစ္အရြယ္ ေမာ္ဒယ္ ေဘာ္လ္၀င္းကို ေစ့စပ္လက္စြပ္ ေပးခဲ့တာ ျဖစ္ပါတယ္။

သူတို႕ႏွစ္ဦး ေစ့စပ္လုိက္တဲ့ သတင္းနဲ႕ ပတ္သက္ျပီး ဘီဘာရဲ႕ မိဘေတြက ၀မ္းေျမာက္ေၾကာင္း လူမႈကြန္ရက္မွာ ေဖာ္ျပခဲ့သလို ေဘာလ္၀င္းရဲ႕ ဖခင္ျဖစ္သူကလည္း ဂုဏ္ယူေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဘီဘာနဲ႕ ေဘာလ္၀င္းတို႕ဟာ အရင္က တြဲခဲ့ဖူးျပီး (၂၀၁၆)ခုႏွစ္မွာ ျပတ္စဲခဲ့ပါတယ္။ အဲဒီေနာက္မွာ ဘီဘာက ခ်စ္သူေဟာင္း ျဖစ္တဲ့ ဆလီနာ ဂိုးမက္ဇ္နဲ႕ တြဲခဲ့သလို ေဘာလ္၀င္းကလည္း နာမည္ေက်ာ္ အဆိုေတာ္ ေရွာင္း မန္းဒက္စ္နဲ႕ တြဲခဲ့ပါတယ္။

ျပီးခဲ့တဲ့လအနည္းငယ္ေလာက္က ဘီဘာနဲ႕ ေဘာလ္၀င္းတို႕ ျပန္လည္ေပါင္းထုတ္ခဲ့ၾကျပီး အခုလို ေစ့စပ္လိုက္ၾကတာ ျဖစ္တယ္လို႕သတင္းမွာေဖာ္ျပထားပါတယ္။

Source : 5 Plus News

(Unicode Version)

ဂျက်စတင်ဘီဘာနှင့် မော်ဒယ်လ် ဟိုင်လေဘောလ်ဝင်းတို့ စေ့စပ်

ကနေဒါ ပေါ့အဆိုတော် ဂျက်စတင် ဘီဘာနဲ့ အမေရိကန်မော်ဒယ် ဟိုင်လေ ဘောလ်ဝင်း တို့ စေ့စပ်လိုက်ကြတယ်လို့ အမေရိကန်မီဒီယာမှာ ဖော်ပြထားပါတယ်။

အသက်(၂၄)နှစ်အရွယ် ဘီဘာက ဘာဟားမားစ် အပန်းဖြေစခန်းမှာ အသက်(၂၁)နှစ်အရွယ် မော်ဒယ် ဘော်လ်ဝင်းကို စေ့စပ်လက်စွပ် ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦး စေ့စပ်လိုက်တဲ့ သတင်းနဲ့ ပတ်သက်ပြီး ဘီဘာရဲ့ မိဘတွေက ဝမ်းမြောက်ကြောင်း လူမှုကွန်ရက်မှာ ဖော်ပြခဲ့သလို ဘောလ်ဝင်းရဲ့ ဖခင်ဖြစ်သူကလည်း ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

ဘီဘာနဲ့ ဘောလ်ဝင်းတို့ဟာ အရင်က တွဲခဲ့ဖူးပြီး (၂၀၁၆)ခုနှစ်မှာ ပြတ်စဲခဲ့ပါတယ်။ အဲဒီနောက်မှာ ဘီဘာက ချစ်သူဟောင်း ဖြစ်တဲ့ ဆလီနာ ဂိုးမက်ဇ်နဲ့ တွဲခဲ့သလို ဘောလ်ဝင်းကလည်း နာမည်ကျော် အဆိုတော် ရှောင်း မန်းဒက်စ်နဲ့ တွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်လောက်က ဘီဘာနဲ့ ဘောလ်ဝင်းတို့ ပြန်လည်ပေါင်းထုတ်ခဲ့ကြပြီး အခုလို စေ့စပ်လိုက်ကြတာ ဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။

Source : 5 Plus News