နားအူ နားကိုက္ နားျပည္ယိုတာကို သက္သာေစေသာ နည္းမ်ား

နားကိုက္ျခင္းသည္ အလြန္ပင္ခံစားရရခက္သည္။ ညအခိ်န္တြင္ပိုမို ျဖစ္တတ္ရကာ ခံရဆိုးပါ၏ ျဖစ္ရသည္မွာ ကိုယ္ခႏၶာဖြဲ႔စည္းမႈႏွင့္ ေလဖိအားေၾကာင့္လည္းပါ၏။

နားကိုက္ျခင္းသည္ မ်ားေသာအားျဖင့္ နားႁပြန္မ်ားထဲတြင္ အဆီးအတားရွိေနတတ္ၿပီး ပိတ္ဆို႔ေနျခင္းေၾကာင့္ နားကိုက္ေဝဒနာခံစားရတတ္ပါသည္။ အသက္အရြယ္မေရြး ခံစားရသည္မွန္ေသာ္လည္း ကေလးအရြယ္တြင္ ပို၍အျဖစ္မ်ားပါသည္

သက္သာေစေသာနည္းမ်ား

(၁) လူကိုယ္ခႏၶာကိုယ္အား မတ္မတ္ထိုင္ရ၏ အိပ္သည့္အခါ ဦးေခါင္းကို အနည္းငယ္ ေအာက္မွ ေထာက္စရာ တစ္ခုခုျဖင့္ ထားျပီးမွ အိပ္ပါရန္ နားႏွင့္ေလျပြန္ေရာဂါ အထူးကု ေဒါက္တာေဝဒါက ေျပာ
သည္။

(၂) ေရွးသူႀကီးသူမတို႔ နားအတြင္းသို႔ ေဆးတံမွ မီးခိုးေငြ႔ကို မွဳတ္သြင္းႀက၏ ေဆးတံမွ ေဆးခိုးေငြ႔က နားကိုက္ျခင္းကို သက္သာေစျခင္း မဟုတ္ဘဲ အပူဓာတ္ကသာ သက္သာေစျခင္း ျဖစ္သည္ဟုအေမရိကန္ မိသားစု ဆရာဝန္ေဒါက္တာဒန္းဒရွုးက ဆ္ိုေလသည္။ ထိုေႀကာင့္ ဆံပင္အေျခာက္ခံစက္ ၏ အပူအနိမ္႔ဆံုးခလုတ္မွ ထြက္ေသာေလပူကို ၁၈ လက္မႏွင့္ ၂၀ လက္မ အကြာမွ နားထဲသို႔ သင့္ရံုမွဳတ္ေပးရသည္။

(၃) နားရြက္ကိုလိမ္ဆဲြေပးျခင္း – နားကိုက္နားနာျခင္းသည္ အတြင္းပိုင္းႏွင့္ အျပင္ပိုင္း နားက်င္ျခင္းလား သိေစရန္ နားရြက္ကို ဆဲြလိမ္ျပီး စစ္ေဆးသင့္သည္။ ဆဲြလိမ္၍ နားမနာပါလွ်င္ နား၏အလယ္ပိုင္းတြင္ျဖစ္ရန္မ်ားသည္ နားကိုဆဲြ လိမ္ျခင္းေၾကာင့္ နားနာေနပါက နာျပြန္အျပင္ပိုင္းတြင္ျဖစ္နိုင္သည္။ ထိုျပင္မ်ားစြာေသာ အျခားေဆးနည္းလမ္းမ်ားႏွင့္ဆရာဝန္ထံ ျပရန္ျဖစ္သည္။

ျမန္မာတိုင္းရင္းေဆးျမီးတိုနည္းမ်ား

ေဆးျမီးတိုေလးမ်ား မတင္ျပမည္ မႀကာေသးမီက နားကိုက္လြန္းသူ တစ္ဦးအား နားအတြင္းသို႔ ရြက္က်ပင္ေပါက္ အရြက္ကို မီးကင္၍ အရည္ညွစ္ခ်ေပးလိုက္ရာ သက္သာ ေပ်ာက္ကင္းသြားသည္။

ေၾကာင္လွ်ာသီး မီးကင္အရည္ညႇစ္၍ ခပ္ေႏြးေႏြ ေလး နားထဲထည့္ေပးပါ ။ တစ္ေန႔ ၃ ႀကိမ္ထည့္ေပးပါ။ ေႀကာင္ရွာသီး ေၾကာင္ရွာရြက္ ေၾကာ္စားျခင္း မီးအံုကာ အတို႔အျမွဳပ္လုပ္စားပါ နားအတြက္ အလြန္ေကာင္းပါသည္။

နားကိုက္လွ်င္ သံလြင္ဆီ(သို႔)မုန္႔ညင္းဆီစေသာအဆီတို႔ ေႂကြဇြန္းတြင္ထည့္ မီးအပူေပးၿပီး ခပ္ေႏြးေႏြး ေလာင္းထည့္ေပးပါ။

နားပင္းလွ်င္ ေၾကာင္႐ွာသီးကိုျပဳတ္ၿပီး သံပုရာသီးညႇစ္၍ သုတ္စားပါ။

နားျပည္ယိုလွ်င္ ႀကိတ္မွန္ရြက္သတၱဳရည္ ကို အပူေပးျပီး ခပ္ေႏြးေႏြးေလး ၃ စက္ ၄ စက္ ေလာင္းထည့္ေပးပါ။

နားေလထြက္လွ်င္ ၾကက္သြန္နီဥ အရည္အနည္း ကို အပူေပးျပီး ခပ္ေႏြးေႏြး ညႇစ္ထည့္ေပးပါ။

နားအူနားေလထြက္လွ်င္ တ႐ုတ္စံကားအပြင့္ကိုျပဳတ္ၿပီး အသုပ္ လုပ္စားပါ။နားအူနားအုံကိုက္လွ်င္ သေဘၤာရြက္ကို မီးအုံ၍အတို႔ အျမဳပ္လုပ္၍ စားေပးပါ။သေဘၤာသီးသုပ္စားေပးပါ။

ဂ်င္းတက္အနည္းငယ္ကို ထုေထာင္းျပီး အရည္ညွစ္၍ မီးအပူေပးျပီး ဂ်င္းသတၱဳရည္ ခပ္ေႏြးေႏြးကို ၄ စက္ ၅ စက္ ခ်ေပးပါ။

ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

Credit : စိုက္​ပ်ိဳး​ေရး ႏွင္​့ အ​ေထြ​ေထြဗဟုသုတ

(Unicode Version)

“နားအူ နားကိုက် နားပြည်ယိုပါလျှင်”

နားကိုက်ခြင်းသည် အလွန်ပင်ခံစားရရခက်သည်။ ညအချိန်တွင်ပိုမို ဖြစ်တတ်ရကာ ခံရဆိုးပါ၏ ဖြစ်ရသည်မှာ ကိုယ်ခန္ဓာဖွဲ့စည်းမှုနှင့် လေဖိအားကြောင့်လည်းပါ၏။

နားကိုက်ခြင်းသည် များသောအားဖြင့် နားပြွန်များထဲတွင် အဆီးအတားရှိနေတတ်ပြီး ပိတ်ဆို့နေခြင်းကြောင့် နားကိုက်ဝေဒနာခံစားရတတ်ပါသည်။ အသက်အရွယ်မရွေး ခံစားရသည်မှန်သော်လည်း ကလေးအရွယ်တွင် ပို၍အဖြစ်များပါသည်

သက်သာစေသောနည်းများ

(၁) လူကိုယ်ခန္ဓာကိုယ်အား မတ်မတ်ထိုင်ရ၏ အိပ်သည့်အခါ ဦးခေါင်းကို အနည်းငယ် အောက်မှ ထောက်စရာ တစ်ခုခုဖြင့် ထားပြီးမှ အိပ်ပါရန် နားနှင့်လေပြွန်ရောဂါ အထူးကု ဒေါက်တာဝေဒါက ပြော
သည်။

(၂) ရှေးသူကြီးသူမတို့ နားအတွင်းသို့ ဆေးတံမှ မီးခိုးငွေ့ကို မှုတ်သွင်းကြ၏ ဆေးတံမှ ဆေးခိုးငွေ့က နားကိုက်ခြင်းကို သက်သာစေခြင်း မဟုတ်ဘဲ အပူဓာတ်ကသာ သက်သာစေခြင်း ဖြစ်သည်ဟုအမေရိကန် မိသားစု ဆရာဝန်ဒေါက်တာဒန်းဒရှုးက ဆိုလေသည်။ ထိုကြောင့် ဆံပင်အခြောက်ခံစက် ၏ အပူအနိမ့်ဆုံးခလုတ်မှ ထွက်သောလေပူကို ၁၈ လက်မနှင့် ၂၀ လက်မ အကွာမှ နားထဲသို့ သင့်ရုံမှုတ်ပေးရသည်။

(၃) နားရွက်ကိုလိမ်ဆွဲပေးခြင်း – နားကိုက်နားနာခြင်းသည် အတွင်းပိုင်းနှင့် အပြင်ပိုင်း နားကျင်ခြင်းလား သိစေရန် နားရွက်ကို ဆွဲလိမ်ပြီး စစ်ဆေးသင့်သည်။ ဆွဲလိမ်၍ နားမနာပါလျှင် နား၏အလယ်ပိုင်းတွင်ဖြစ်ရန်များသည် နားကိုဆွဲ လိမ်ခြင်းကြောင့် နားနာနေပါက နာပြွန်အပြင်ပိုင်းတွင်ဖြစ်နိုင်သည်။ ထိုပြင်များစွာသော အခြားဆေးနည်းလမ်းများနှင့်ဆရာဝန်ထံ ပြရန်ဖြစ်သည်။

မြန်မာတိုင်းရင်းဆေးမြီးတိုနည်းများ

ဆေးမြီးတိုလေးများ မတင်ပြမည် မကြာသေးမီက နားကိုက်လွန်းသူ တစ်ဦးအား နားအတွင်းသို့ ရွက်ကျပင်ပေါက် အရွက်ကို မီးကင်၍ အရည်ညှစ်ချပေးလိုက်ရာ သက်သာ ပျောက်ကင်းသွားသည်။

ကြောင်လျှာသီး မီးကင်အရည်ညှစ်၍ ခပ်နွေးနွေ လေး နားထဲထည့်ပေးပါ ။ တစ်နေ့ ၃ ကြိမ်ထည့်ပေးပါ။ ကြောင်ရှာသီး ကြောင်ရှာရွက် ကြော်စားခြင်း မီးအုံကာ အတို့အမြှုပ်လုပ်စားပါ နားအတွက် အလွန်ကောင်းပါသည်။

နားကိုက်လျှင် သံလွင်ဆီ(သို့)မုန့်ညင်းဆီစသောအဆီတို့ ကြွေဇွန်းတွင်ထည့် မီးအပူပေးပြီး ခပ်နွေးနွေး လောင်းထည့်ပေးပါ။

နားပင်းလျှင် ကြောင်ရှာသီးကိုပြုတ်ပြီး သံပုရာသီးညှစ်၍ သုတ်စားပါ။

နားပြည်ယိုလျှင် ကြိတ်မှန်ရွက်သတ္တုရည် ကို အပူပေးပြီး ခပ်နွေးနွေးလေး ၃ စက် ၄ စက် လောင်းထည့်ပေးပါ။

နားလေထွက်လျှင် ကြက်သွန်နီဥ အရည်အနည်း ကို အပူပေးပြီး ခပ်နွေးနွေး ညှစ်ထည့်ပေးပါ။

နားအူနားလေထွက်လျှင် တရုတ်စံကားအပွင့်ကိုပြုတ်ပြီး အသုပ် လုပ်စားပါ။နားအူနားအုံကိုက်လျှင် သင်္ဘောရွက်ကို မီးအုံ၍အတို့ အမြုပ်လုပ်၍ စားပေးပါ။သင်္ဘောသီးသုပ်စားပေးပါ။

ဂျင်းတက်အနည်းငယ်ကို ထုထောင်းပြီး အရည်ညှစ်၍ မီးအပူပေးပြီး ဂျင်းသတ္တုရည် ခပ်နွေးနွေးကို ၄ စက် ၅ စက် ချပေးပါ။

ရဲမျိုးသူ(ဗောဓိမြိုင်)

Credit : စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ