ကယား(ကရင္နီ)ျပည္နယ္အတြင္း ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ မဝင္လာႏိုင္ေအာင္ လူငယ္မ်ား တားဆီး

ကႏၱာရဝတီတိုင္း(မ္) / ၉.၇.၂၀၁၈

ကရင္နီျပည္နယ္တြင္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္အလိုမ႐ွိေၾကာင္းကို ယေန႔ မိုးျဗဲအထြက္တံတားေပၚတြင္ ကန္ပိန္းျပဳလုပ္ခဲ့သည္။

ကယား(ကရင္နီ)ျပည္႐ွိ လူငယ္အခ်ိဳ႕ႏွင့္ မိုးျဗဲမွလူငယ္အခ်ိဳ႕ပါဝင္ခဲ့သည္။ ကယား(ကရင္နီ)ျပည္နယ္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္ သယ္ေဆာင္လာမည့္လမ္းေၾကာင္းကို တားဆီးၾကျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ၾကားသိရတာေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္ကို ကားနဲ႔ သယ္လာမယ္ေပါ့ေနာ၊ ဆိုေတာ့ ကြၽန္ေတာ္တို႔ျပည္နယ္မွာလည္း အရင္ကတည္းက ကြၽန္ေတာ္တို႔လက္မခံဘူးဆိုတဲ့ ကန္႔သတ္ခ်က္ေတြ႐ွိခဲ့တယ္ေပါ့ေနာ၊ ေနာက္အခု ကြၽန္ေတာ္တို႔ညႇိႏႈိင္းမႈေတြ အဆင္မေျပဘူး ၿပီးေတာ့အကန္႔အသတ္မ႐ွိ ရက္ေရႊ႔ဆိုင္းဖို႔အလို႐ွိတယ္ ေတာင္းဆိုထားတာ႐ွိတယ္ ဒါေပမယ့္ ဒါေတြကမယ္မယ္ရရ တိတိက်က် အေျဖမရေသးတဲ့အခ်ိန္မွာ အခုလိုသယ္လာမယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ဒီကေန တားဆီးဖို႔အတြက္ ႀကိဳးစားေနဖို႔ ဒီကိုေရာက္႐ွိေနၾကျခင္းျဖစ္ပါတယ္ ” ဟု ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ ကန္႔ကြက္မႈတြင္ ဦးေဆာင္သူတစ္ဦးျဖစ္သူ ကိုစစ္မုန္းဒီးဒီက ေျပာသည္။

ကႏၶာေဟဝန္ပန္းျခံတြင္ ထား႐ွိမည့္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကို မြန္ျပည္နယ္မွ သယ္ေဆာင္လာၿပီး ကယားျပည္နယ္တြင္ ယေန႔ေရာက္႐ွိမည္ဟု ၾကားသိရသျဖင့္ လူငယ္မ်ားေစာင့္ဆိုင္းေနၾကျခင္း ျဖစ္သည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ ၇ရက္ေန႔တြင္ တျပည္နယ္လံုး႐ွိ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ဌာနဆိုင္ရာဝန္ႀကီးမ်ား ႏွင့္ လူငယ္မ်ားေဆြးေႏြးပြဲတစ္ခု ျပည္နယ္အစိုးရရံုး အစည္းအေဝးခန္းမတြင္ ျပဳလုပ္ခဲ့သည္။

အစည္းအေဝးတြင္ ဝန္ျကီးခ်ဳပ္က ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တည္ရန္ ဆႏၵေကာက္ခံမည္ျဖစ္ေၾကာင္း ႐ုပ္တုတည္မည့္ေန႔ရက္ကို သတ္မွတ္ကာ နိဂံုးခ်ဳပ္အမွာစကားေျပာၾကားၿပီး အစည္းအေဝးကို ႐ုပ္သိမ္းခဲ့ေၾကာင္းသိရသည္။

ေဆြးေႏြးခ်က္အရ ၂၀ရက္ေန႔တြင္ ဆႏၵမဲအၿပီးေကာက္ခံၿပီး ၃၀ရက္ေန႔တြင္ ႐ုပ္တုတည္မတည္ ဆံုးျဖတ္မည္ျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ဘက္က ဆႏၵကိုတင္ျပခြင့္ပဲ႐ွိတယ္၊ အျပန္အလွန္ေဆြးေႏြးခြင့္ေတြမ႐ွိဘူး၊ ၿပီးေတာ့အစိုးရက တစ္ဖက္သတ္ဆံုးျဖတ္ခ်က္ေတြ သူ႔ဘာသာခ်သြားတယ္၊ ရက္သတ္မွတ္ၿပီး ဆံုးျဖတ္ခ်က္ခ်ၾကတယ္ ဒီအေပၚမွာ ကြၽန္ေတာ္တို႔လူငယ္ေတြ သေဘာမက်ဘူး၊ သေဘာမတူႏိုင္ဘူး၊ လူငယ္ေတြနဲ႔အျပန္အလွန္ေဆြးေႏြးတာေတြ မ႐ွိဘူး ဒီေတာ့သူက ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကို အတင္းဇြတ္လုပ္မယ့္ သေဘာ႐ွိတယ္” ဟု ေၾကး႐ုပ္ကန္႔ကြက္မႈတြင္ ဦးေဆာင္သူတစ္ဦးျဖစ္သူ ကိုဖိလစ္စိုးေအာင္က ေျပာသည္။

ယခု ဗိုလ္ခ်ဳပ္ေၾကး႐ုပ္လာလမ္းကို တားဆီးသူမ်ားသည္ အစိုးရမွတရားစြဲဆိုထားသူမ်ား ပါဝင္ၾကသည္။ လက္႐ွိတြင္ လူငယ္မ်ားမွ လိြဳင္ေကာ္-မိုးျဗဲလမ္းေပၚတြင္ တားဆီးေနၿပီး အေျခအေနအရ လိြဳင္လင္လမ္းႏွင့္ မိုးျဗဲ-နန္းမယ္ခံုလမ္းတို႔တြင္လည္း တားဆီးမည္ျဖစ္ေၾကာင္းသိရသည္။

ဓာတ္ပံု : ကႏၱာရဝတီတိုင္း(မ္)

Source : Kantarawaddy Times

(Unicode Version)

ပြည်နယ်အတွင်း ဗိုလ်ချုပ်ကြေးရုပ် မဝင်လာနိုင်အောင် လူငယ်များ တားဆီး

ကန္တာရဝတီတိုင်း(မ်) / ၉.၇.၂၀၁၈

ကရင်နီပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်အလိုမရှိကြောင်းကို ယနေ့ မိုးဗြဲအထွက်တံတားပေါ်တွင် ကန်ပိန်းပြုလုပ်ခဲ့သည်။

ကယား(ကရင်နီ)ပြည်ရှိ လူငယ်အချို့နှင့် မိုးဗြဲမှလူငယ်အချို့ပါဝင်ခဲ့သည်။ ကယား(ကရင်နီ)ပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် သယ်ဆောင်လာမည့်လမ်းကြောင်းကို တားဆီးကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ကြားသိရတာတော့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ကားနဲ့ သယ်လာမယ်ပေါ့နော၊ ဆိုတော့ ကျွန်တော်တို့ပြည်နယ်မှာလည်း အရင်ကတည်းက ကျွန်တော်တို့လက်မခံဘူးဆိုတဲ့ ကန့်သတ်ချက်တွေရှိခဲ့တယ်ပေါ့နော၊ နောက်အခု ကျွန်တော်တို့ညှိနှိုင်းမှုတွေ အဆင်မပြေဘူး ပြီးတော့အကန့်အသတ်မရှိ ရက်ရွှေ့ဆိုင်းဖို့အလိုရှိတယ် တောင်းဆိုထားတာရှိတယ် ဒါပေမယ့် ဒါတွေကမယ်မယ်ရရ တိတိကျကျ အဖြေမရသေးတဲ့အချိန်မှာ အခုလိုသယ်လာမယ်ဆိုတော့ ကျွန်တော်တို့ဒီကနေ တားဆီးဖို့အတွက် ကြိုးစားနေဖို့ ဒီကိုရောက်ရှိနေကြခြင်းဖြစ်ပါတယ် ” ဟု ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်မှုတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုစစ်မုန်းဒီးဒီက ပြောသည်။

ကန္ဓာဟေဝန်ပန်းခြံတွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်ကို မွန်ပြည်နယ်မှ သယ်ဆောင်လာပြီး ကယားပြည်နယ်တွင် ယနေ့ရောက်ရှိမည်ဟု ကြားသိရသဖြင့် လူငယ်များစောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ်မှ ၇ရက်နေ့တွင် တပြည်နယ်လုံးရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ကြီးများ နှင့် လူငယ်များဆွေးနွေးပွဲတစ်ခု ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဝန်ကြီးချုပ်က ဗိုလ်ချုပ်ကြေးရုပ်တည်ရန် ဆန္ဒကောက်ခံမည်ဖြစ်ကြောင်း ရုပ်တုတည်မည့်နေ့ရက်ကို သတ်မှတ်ကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ဆွေးနွေးချက်အရ ၂၀ရက်နေ့တွင် ဆန္ဒမဲအပြီးကောက်ခံပြီး ၃၀ရက်နေ့တွင် ရုပ်တုတည်မတည် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က ဆန္ဒကိုတင်ပြခွင့်ပဲရှိတယ်၊ အပြန်အလှန်ဆွေးနွေးခွင့်တွေမရှိဘူး၊ ပြီးတော့အစိုးရက တစ်ဖက်သတ်ဆုံးဖြတ်ချက်တွေ သူ့ဘာသာချသွားတယ်၊ ရက်သတ်မှတ်ပြီး ဆုံးဖြတ်ချက်ချကြတယ် ဒီအပေါ်မှာ ကျွန်တော်တို့လူငယ်တွေ သဘောမကျဘူး၊ သဘောမတူနိုင်ဘူး၊ လူငယ်တွေနဲ့အပြန်အလှန်ဆွေးနွေးတာတွေ မရှိဘူး ဒီတော့သူက ဗိုလ်ချုပ်ကြေးရုပ်ကို အတင်းဇွတ်လုပ်မယ့် သဘောရှိတယ်” ဟု ကြေးရုပ်ကန့်ကွက်မှုတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုဖိလစ်စိုးအောင်က ပြောသည်။

ယခု ဗိုလ်ချုပ်ကြေးရုပ်လာလမ်းကို တားဆီးသူများသည် အစိုးရမှတရားစွဲဆိုထားသူများ ပါဝင်ကြသည်။ လက်ရှိတွင် လူငယ်များမှ လွိုင်ကော်-မိုးဗြဲလမ်းပေါ်တွင် တားဆီးနေပြီး အခြေအနေအရ လွိုင်လင်လမ်းနှင့် မိုးဗြဲ-နန်းမယ်ခုံလမ်းတို့တွင်လည်း တားဆီးမည်ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ : ကန္တာရဝတီတိုင်း(မ်)

Source : Kantarawaddy Times