
မန္တလေး၊ ဇူလိုင် ၉




ဓါတ်ပုံ : TZT


(Unicode Version)

မန္တလေးမှာ ဂန္ဓကုဋိတိုက် တိုးချဲ့ ဆောက်လုပ်ဖို့ မြေတူးရင်း လူအရိုးများ တွေ့ရှိ

မန္တလေး၊ ဇူလိုင် ၉

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီရပ်ကွက် ၊ ရွှေဘုံသာဘုရားပရဝုဏ်အတွင်း ဂန္ဓကုဋိတိုက်တိုးချဲ့ဆောက်လုပ်ဖို့မြေတူးရင်းကနေ လူအရိုးတွေတွေ့ရှိမှု ယနေ့ နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာရဲစခန်းကပြောပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်ကတွေ့ရှိခဲ့ရတာဖြစ်ပြီး အဆိုပါနေရာကို နယ်ထိန်းရဲတပ်ဖွဲ့တွေ သွားရောက်စစ်ဆေးနေကြောင်း ချမ်းအေးသာစံရဲစခန်း(အမှတ် ၈ ရဲစခန်း) ရဲ့တာဝန်ကျ တာဝန်မှူးက ပေါ်ပြူလာနယူးစ် ထံပြောပါတယ်။

“တာဝန်ရှိသူတွေသွားပြီးစစ်ဆေးနေတုန်း။ ကျွန်မတို့ ဆီကိုအကြောင်းမပြန်သေးဘူး” လို့ အဆိုပါတာဝန်မှူးက ပြောပါတယ်။

ဓါတ်ပုံ : TZT

Source : Popular News Journal