ငါးေယာက္ေျမာက္ ကေလး သြားပို႔သည့္ ရဟတ္ယာဥ္ ကယ္ဆယ္ေရး စခန္း ျပန္ေရာက္ ေျခာက္ေယာက္ေျမာက္ ထြက္လာႏုိင္ၿပီဟု သတင္းထြက္ေပၚ

မယ္ဆိိုင္ဂူအတြင္းမွ (၅)ေယာက္ေျမာက္ကေလးအား ခ်င္းရိုင္းေဆးရံုသို႔ သြားေရာက္ပို႔ေဆာင္သည္ဟု ယူဆရသည့္ ရဟတ္ယာဥ္တစ္စီး ထုိင္းစံေတာ္ခ်ိန္ (၆)နာရီတြင္ မယ္ဆုိင္ဂူကယ္ဆယ္ေရးစခန္းသို႔ ျပန္ေရာက္လာခ်ိန္တြင္ (၆)ေယာက္ကေလး ထုတ္လာႏုိင္ၿပီဟု အတည္မျပဳႏိုင္သည့္ သတင္းမ်ားထြက္ေနၿပီျဖစ္သည္။

ယေန႔ ထုိင္းစံေတာ္ခ်ိန္ (၅)နာရီ (၁၆)မိနစ္တြင္ ကယ္ဆယ္ေရးစခန္းမွ ရဟတ္ယာဥ္တစ္စီး ထြက္ခြာသြားသည္ကို ျမင္ေတြ႔လုိက္ရၿပီး ခ်င္းရိုင္းေဆးရံုအနီးတြင္ ရဟတ္ယာဥ္ဆင္းသက္သည္ကိုလည္း ေဒသတြင္းသတင္းဌာနတစ္ခုက ထုတ္လႊင့္ႏုိင္ခဲ့သည္ကို ေတြ႔ရသျဖင့္ ငါးဦးေျမာက္ကေလး ေဆးရံုသို႔ေရာက္ရိွသြားၿပီဟု ယူဆရျခင္းျဖစ္သည္။

မယ္ဆုိင္ဂူအတြင္းက်န္ရိွေနသည့္ ကေလး(၉)ေယာက္အား ဇူလုိင္လ(၉)ရက္ေန႔တြင္ ဒုတိယအႀကိမ္အျဖစ္ ထုိင္းစံေတာ္ခ်ိန္ နံနက္(၁၁)နာရီကတည္းက စတင္ကယ္ထုတ္ေနျခင္းျဖစ္သည္။

ထိုင္းဝန္ႀကီးခ်ဳပ္က ညေန(၆)နာရီတြင္ မယ္ဆုိင္ကယ္ဆယ္ေရးစခန္းသို႔ လာေရာက္မည္ဟု ကနဦးသတင္းရထားေသာ္လည္း ကယ္ဆယ္ေရးလုပ္ငန္းမ်ားေႏွာင့္ေႏွးမႈမျဖစ္ေစရန္ ခ်င္းရို္င္းတြင္ ရိွေနဆဲျဖစ္ေၾကာင္းလည္း သိရသည္။

ဇူလုိင္လ(၄)ရက္ေန႔က က်န္းမာေရးအေကာငး္ဆံုး ကေလး(၄)ဦးအား ပထမဆံုးအဖြဲ႕အျဖစ္ ကယ္ထုတ္လာသည္ဟု ကယ္ဆယ္ေရးအားႀကီးၾကပ္ေနသည့္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက အတည္ျပဳေျပာၾကားေသာ္လည္း က်န္ရိွေနသည့္ကေလးမ်ား၏မိဘမ်ား စိုးရိမ္ပူပန္မႈကို ေလွ်ာ့ခ်ႏုိင္ရန္အတြက္ ကေလးမ်ား၏အမည္ကို ထုတ္ေဖၚေၾကညာျခင္းမရိွေသးသည့္အျပင္ မိဘမ်ားႏွင့္လည္း ေတြ႕ခြင့္မေပးေသးေၾကာင္း သိရသည္။

ကယ္ထုတ္လာသည့္ ကေလးမ်ားအား ခ်င္းရိုင္းေဆးရံု၏ အထူးၾကပ္မတ္ခန္းတြင္ ကုသမႈမ်ားေပးေနၿပီး ေဆးစစ္ထားသည့္ရလဒ္ထြက္မလာမခ်င္း ကေလးမ်ားႏွင့္ ထိေတြ႕ခြင့္ကို တားျမစ္ထားေၾကာင္းလည္း သိရသည္။

သတင္း၊ဓါတ္ပံု Tachileik News Agency၊ ကိုေဇာင္း

Source : Tachileik News Agency

(Unicode Version)

ငါးယောက်မြောက် ကလေး သွားပို့သည့် ရဟတ်ယာဉ် ကယ်ဆယ်ရေး စခန်း ပြန်ရောက် ခြောက်ယောက်မြောက် ထွက်လာနိုင်ပြီဟု သတင်းထွက်ပေါ်

မယ်ဆိုင်ဂူအတွင်းမှ (၅)ယောက်မြောက်ကလေးအား ချင်းရိုင်းဆေးရုံသို့ သွားရောက်ပို့ဆောင်သည်ဟု ယူဆရသည့် ရဟတ်ယာဉ်တစ်စီး ထိုင်းစံတော်ချိန် (၆)နာရီတွင် မယ်ဆိုင်ဂူကယ်ဆယ်ရေးစခန်းသို့ ပြန်ရောက်လာချိန်တွင် (၆)ယောက်ကလေး ထုတ်လာနိုင်ပြီဟု အတည်မပြုနိုင်သည့် သတင်းများထွက်နေပြီဖြစ်သည်။

ယနေ့ ထိုင်းစံတော်ချိန် (၅)နာရီ (၁၆)မိနစ်တွင် ကယ်ဆယ်ရေးစခန်းမှ ရဟတ်ယာဉ်တစ်စီး ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရပြီး ချင်းရိုင်းဆေးရုံအနီးတွင် ရဟတ်ယာဉ်ဆင်းသက်သည်ကိုလည်း ဒေသတွင်းသတင်းဌာနတစ်ခုက ထုတ်လွှင့်နိုင်ခဲ့သည်ကို တွေ့ရသဖြင့် ငါးဦးမြောက်ကလေး ဆေးရုံသို့ရောက်ရှိသွားပြီဟု ယူဆရခြင်းဖြစ်သည်။

မယ်ဆိုင်ဂူအတွင်းကျန်ရှိနေသည့် ကလေး(၉)ယောက်အား ဇူလိုင်လ(၉)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထိုင်းစံတော်ချိန် နံနက်(၁၁)နာရီကတည်းက စတင်ကယ်ထုတ်နေခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်က ညနေ(၆)နာရီတွင် မယ်ဆိုင်ကယ်ဆယ်ရေးစခန်းသို့ လာရောက်မည်ဟု ကနဦးသတင်းရထားသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေးမှုမဖြစ်စေရန် ချင်းရိုင်းတွင် ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။

ဇူလိုင်လ(၄)ရက်နေ့က ကျန်းမာရေးအကောင်းဆုံး ကလေး(၄)ဦးအား ပထမဆုံးအဖွဲ့အဖြစ် ကယ်ထုတ်လာသည်ဟု ကယ်ဆယ်ရေးအားကြီးကြပ်နေသည့် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသော်လည်း ကျန်ရှိနေသည့်ကလေးများ၏မိဘများ စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ရန်အတွက် ကလေးများ၏အမည်ကို ထုတ်ဖေါ်ကြေညာခြင်းမရှိသေးသည့်အပြင် မိဘများနှင့်လည်း တွေ့ခွင့်မပေးသေးကြောင်း သိရသည်။

ကယ်ထုတ်လာသည့် ကလေးများအား ချင်းရိုင်းဆေးရုံ၏ အထူးကြပ်မတ်ခန်းတွင် ကုသမှုများပေးနေပြီး ဆေးစစ်ထားသည့်ရလဒ်ထွက်မလာမချင်း ကလေးများနှင့် ထိတွေ့ခွင့်ကို တားမြစ်ထားကြောင်းလည်း သိရသည်။

သတင်း၊ဓါတ်ပုံ Tachileik News Agency၊ ကိုဇောင်း

Source : Tachileik News Agency