ဂူထဲ ပိတ္မိေနတဲ့ ထိုင္းလူငယ္ ၁၂ ေယာက္ႏွင့္ နည္းျပတို႔ကို အစအဆံုး ဘယ္လို ကယ္တင္ခဲ့ရပုံ

ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ ၿမိဳ႕ ထမ္လုံ ဂူထဲမွာ ပိတ္မိေနတဲ့ လူငယ္ ၁၂ ေယာက္နဲ႔ နည္းျပ ျဖစ္သူတို႔ ရဲ႕ သတင္းကိုၾကားရတဲ့ အခါမွာ တကမာၻလုံး က အံ့ၾသတုန္လုပ္သြားခဲ့ပါတယ္။ မိုးႀကီးၿပီး ေရလွ်ံေနတဲ့ ဂူထဲမွာ ပိတ္မိ ေနတဲ့ သူတို႔ ဘယ္လို အသက္ရွင္ ေနထိုင္ ၾကမလဲလို႔ အားလုံးက ေတြးေတာ စိတ္ပူ ခဲ့ၾကပါတယ္။

ဇြန္လ ၂၃ ရက္ စေနေန႔ မွာ ေတာဝက္ ေဘာလုံး အသင္း က လူငယ္ ၁၂ ေယာက္ ဟာ ခ်င္း႐ိုင္ ခ႐ိုင္ က ထမ္လုံ ဂူ လမ္းေၾကာင္းထဲ ကို သြားၾကည့္ၾကဖို႔ စိတ္တူ ကိုယ္တူ ဆုံးျဖတ္ ခဲ့ၾကပါတယ္။ သူတို႔သြား မယ့္ ခရီးကို ေဘာလုံး နည္းျပ ျဖစ္သူကလည္း လိုက္ပါသြားခဲ့ပါတယ္။ ဒီခရီးကို အရင္တုန္းကလည္း သူတို႔ အေခါက္ေခါက္အခါခါ သြားခဲ့ၾကဖူးပါတယ္။ ဒါေပမယ့္ အခု တေခါက္ ကေတာ့ မိုးသည္းသည္းမည္းမည္း ႐ြာလာလို႔ လိုဏ္ဂူ ထဲ ကို ေရေတြ တက္လာလို႔ တိမ္းရင္း ေရွာင္ရင္းနဲ႔ ဂူရဲ႕ အနက္ဆုံး အပိုင္း အထိကို ေရာက္သြား ခဲ့ၾကရတာပါ။

အခ်ိန္တန္ အိမ္ျပန္မလာခဲ့ၾကတဲ့ အတြက္ မိဘေတြက စိတ္ပူၿပီး သက္ဆိုင္ရာ တာဝန္ရွိသူေတြဆီ ကို အေၾကာင္းၾကား ခဲ့တဲ့ အတြက္ ရွာေဖြေရး လုပ္ငန္းေတြကို ခ်က္ခ်င္း စတင္ ခဲ့ရတာပါ။ ရွာေဖြေရးလုပ္ငန္း စဥ္ အတြင္း သူတို႔စီးေနက် စက္ဘီးနဲ႔ ေဘာကန္ ဖိနပ္ေတြကို လိုဏ္ဂူ အဝ မွာ စတင္ ေတြ႕ရွိခဲ့ရၿပီး ဂူထဲကို ဝင္သြားတာ ျဖစ္မယ္ဆိုၿပီးေတာ့ ရွာေဖြသူေတြက သတ္မွတ္ ခဲ့တာ ျဖစ္ပါတယ္။ သတင္းဌာနေတြနဲ႔ ကူညီရွာေဖြေရး သမားေတြဟာ လိုဏ္ဂူ အဝမွာ စတင္ ေရာက္ရွိခဲ့ၿပီး ရွာေဖြေရး လုပ္ငန္း ေတြ စတင္ ခဲ့ေပမယ့္ မိုးက သည္းႀကီးမည္းႀကီး ႐ြာေနသလို ဂူထဲက ေရေတြကလည္း တျဖည္း ျဖည္း ျမင့္တက္ လာပါတယ္။

တနဂၤေႏြ ေန႔မွာ ေတာ့ မိဘေဆြမ်ိဳးေတြလည္း ဂူ အနားေရာက္လာၿပီး သူတို႔ေတြ အသက္ရွင္လ်က္ ျပန္ေတြ႕ႏိုင္ဖို႔ မိုးထဲ ေရထဲ ဝိုင္းဝန္း ဆုေတာင္း ခဲ့ၾကပါတယ္။ သုံးရက္ အၾကာမွာေတာ့ ထိုင္း ေတာ္ဝင္ ေရတပ္ က ေရငုပ္သမားေတြလည္း ထမ္လုံဂူ ကို လာၿပီး ရွာေဖြေရး လုပ္ငန္း မွာ ပါဝင္လာပါတယ္။ ဂူ အတြင္းပိုင္းမွာ လူငယ္ေလးေတြနဲ႔ ေျခရာေတြ စတင္ ေတြ႕ရွိလာရၿပီး အသက္ရွင္လွ်က္ ျပန္ေတြ႕ႏိုင္ေရး ေမွ်ာ္လင့္ခ်က္ ကလည္း ႀကီးမား ခဲ့ပါၿပီ။

ရွာေဖြေရး လုပ္ငန္းမွာ အစိုးရပိုင္းကပါ ပူးေပါင္း ခဲ့ၿပီး ထိုင္း ဒုတိယ ဝန္ႀကီးခ်ဳပ္ ပရာဝတ္ ဝုန္ဆူဝမ္ ဟာလည္း လူငယ္ေလးေတြကို အသက္ရွင္လွ်က္ ျပန္ေတြ႕ႏိုင္ဖို႔ ႀကိဳးစားမယ္လို႔ ေျပာဆို ခဲ့ပါတယ္။ ဂူအတြင္းပိုင္းကို ဝင္ေရာက္ႏိုင္ဖို႔ တျခား နည္းလမ္း ေတြကိုပါ စဥ္းစားလာ ၾကၿပီး ျမန္မာ ဘက္ျခမ္း မွာပါ ရွာေဖြေရးေတြ လုပ္ေဆာင္ ခဲ့ၾကတာ ျဖစ္ပါတယ္။

ဇြန္လ ၂၇ ရက္ေန႔မွာေတာ့ ႏိုင္ငံတကာ က ေရငုပ္ ကြၽမ္းက်င္သူေတြနဲ႔ ရွာေဖြ ကူညီေရး အဖြဲ႕ ေတြဟာ ကူညီဖို႔ ထမ္လုံ ဂူဆီကို ေရာက္ခဲ့ပါတယ္။ အသက္၁၆ ႏွစ္ေအာက္ လူငယ္ အမ်ားစု ပါဝင္တဲ့ ေတာဝက္ ေဘာလုံး အသင္း က လူငယ္ေလးေတြကို ရွာေဖြ ေတြ႕ရွိႏိုင္ေရးမွာ ပူးေပါင္း ပါဝင္ ခဲ့ၾကေပမယ့္ မိုးေကာင္းလြန္းေနတဲ့အတြက္ ရွာေဖြေရး က အေတာ္ကို ခက္ခဲ ေနပါတယ္။

ကေလး ေတြရဲ႕ မိဘေဆြမ်ိဳး အသိုင္းအဝိုင္း ကေတာ့ သူတို႔ ကေလး ေတြကို အသက္ရွင္လ်က္ ေတြ႕ႏိုင္ဖို႔ ဂူ အဝမွာ ဆုေတာင္း မျပတ္ခဲ့ပါဘူး။ ထိုင္းႏိုင္ငံ က လူမႈကြန္ရက္ အသုံးျပဳသူေတြ အၾကားမွာလည္း ေတာဝက္ ကေလးေတြ ကို ရွာေတြ႕ႏိုင္ဖို႔ အားလုံးက ဆုေတာင္း ေပးခဲ့ၾကပါတယ္။

ေနာက္ေတာ့ ဂူထဲ က ေရေတြကို စုပ္ထုတ္ ႏိုင္ဖို႔ ေရစုပ္စက္ႀကီးေတြနဲ႔ ႀကိဳးပမ္း ခဲ့ၾကေပမယ့္ မိုးက အဆက္မျပတ္ ႐ြာေနလို႔ ေရစုပ္ ထုတ္တဲ့ လုပ္ငန္း က ခဏခဏ ရပ္နား ခဲ့ရတဲ့ အထိပါပဲ။ ေရေတြႀကီးေနတဲ့ ဂူ အတြင္း ပိုင္း ထဲက ကုန္း ကမူ ေလး တခု ျဖစ္တဲ့ ပတၱယား ကမ္းေျခနားမွာ ေက်ာင္းသားေလးေတြနဲ႔ သူတို႔ရဲ႕ နည္းျပတို႔ ရွိေနႏိုင္တယ္ဆိုၿပီး ကယ္ဆယ္ေရး အဖြဲ႕ ေတြက ယုံၾကည္ ေနၾကပါၿပီ။ ထိုင္း ဝန္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္ အိုခ်ာ လည္း ဂူ အထိ လာၿပီး ကေလးေတြက အားကစားသမားေတြ၊ သူတို႔ဟာ သန္မာတယ္။ သူတို႔ အသက္ရွင္ဦးမွာပါလို႔ အားေပး စကား ေျပာၾကားပါတယ္။

ႏိုင္ငံတကာ က အာ႐ုံစိုက္လာတဲ့ ထိုင္း လူငယ္ေတြရဲ႕ အေရးကို ကမာၻ႔သတင္းဌာန အသီးသီးကလည္း သတင္း ရယူဖို႔ ထမ္လုံဂူ ရွိရာ မယ္ဆိုင္ ကို ေရာက္ရွိေနၾကပါၿပီ။

ဇြန္လ ၃၀ ရက္ေန႔မွာေတာ့ ရာသီဥတု အေျခအေန ေပးလို႔ ေရငုပ္ သမားေတြဟာ ဂူအတြင္းပိုင္း အထိ ေရာက္ခဲ့ၾကၿပီး ေနာက္ထပ္ အတြင္းက်က် ဝင္ႏိုင္ဖို႔ အတြက္ ေအာက္ဆီဂ်င္ဘူး ေတြကိုလည္း အမ်ားအျပား သယ္ေဆာင္ ခဲ့ၾကပါတယ္။

ဇြန္လ ၂ ရက္ ေန႔မွာေတာ့ ကေလး ၁၂ ေယာက္နဲ႔ နည္းျပ ျဖစ္သူတို႔ ကို ဂူ အဝနဲ႔ ၂ မိုင္ ခြဲ အကြာ က ကုန္းကမူ ေလးေပၚမွာ ထိုင္ေနၾကတာကို ၿဗိတိန္ ႏိုင္ငံ က ေရငုပ္ သမား ႏွစ္ေယာက္ က ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ရွာေတြၿပီဆိုတဲ့ သတင္းေၾကာင့္ မိဘေတြလည္း ၿပဳံးေပ်ာ္ႏိုင္ၿပီပထမဆုံး ရွာေဖြေတြ႕ရွိခဲ့ရတဲ့ ဗီဒီယို ထဲမွာ ထိုင္း လူငယ္ ေလးေတြရဲ႕ က်န္းမာေရး အေျခအေန ေကာင္းမြန္တာကို ေတြ႕ ရပါတယ္။ ဒါပမယ့္ သူတို႔ကို အျပင္ ကယ္ထုတ္ေရး အစီအစဥ္ ကေတာ့ အခက္အခဲ ေတြနဲ႔ ျပည့္ႏွက္ ေနမယ္လို႔ ကယ္ဆယ္ေရး အဖြဲ႕ေတြက ခန္႔မွန္းခဲ့ၾကတာပါ။

သူတို႔ က်န္းမာေရး အတြက္ ေဆးဝါး ေတြနဲ႔ စားေရး ရိကၡာေတြကိုလည္း ခ်က္ခ်င္း ပို႔ေဆာင္ ေပးခဲ့ၾကပါတယ္။ လိုဏ္ဂူ ထဲက ေရေတြကို စုပ္ထုတ္ေနေပမယ့္ သည္းသည္းမည္းမည္း ႐ြာေနတဲ့ မိုးေၾကာင့္ လူငယ္ေတြကို ဂူအျပင္ ကယ္ထုတ္ လာရမယ့္ လုပ္ငန္း က လ အတန္ၾကာမယ္ဆိုၿပီးေတာ့ ခန္႔မွန္း ေျပာၾကားခ်က္ေတြလည္း ထြက္ေပၚ ေနခဲ့ပါတယ္။

ဂူထဲပိတ္မိေနတဲ့ကေလးေတြကို ေအာက္စီဂ်င္သြားပို႔ရင္း ေသဆုံးသြားတဲ့ ထိုင္းေရတပ္သားေဟာင္း ေရငုပ္သမား ဆမန္ခူနမ္ဟာ လည္း ကယ္ဆယ္ေရး အတြက္ ကူညီရင္း သတိေမ့ေျမာကာ အသက္ျပန္ မလည္ လာေတာ့ဘဲ ကြယ္လြန္ သြားခဲ့ပါတယ္။

သူဟာ ကိုယ္က်ိဳးအတြက္မၾကည့္ဘဲ လူေတြကိုကူညီခ်င္တဲ့စိတ္ရွိသူလို႔ သူရဲ႕သူငယ္ခ်င္းေတြက ေျပာပါတယ္။ ၃၈ ႏွစ္ အ႐ြယ္ ဆမန္ခူနမ္ဟာ ေရငုပ္တာအျပင္ ခႏၶာကိုယ္ ႀကံ့ခိုင္တဲ့အားကစားေတြကို လိုက္စားသူ တေယာက္ပါ။ သူငယ္ခ်င္းေတြနဲ႔လည္း စက္ဘီးစီးအားကစားလည္း လုပ္ပါတယ္။

သူကြယ္လြန္ သြားလို႔ လူေတြက စိတ္မေကာင္း ျဖစ္ခဲ့ၾကၿပီး ထိုင္း ကေလးငယ္ေတြကို ကယ္ဆယ္ေရး လုပ္ငန္း က အခက္အခဲ အမ်ားႀကီး ရွိႏိုင္ေၾကာင္း တြက္ဆ ခဲ့ပါတယ္။ ထိုင္း လူငယ္ေတြကေတာ့ သူတို႔ရဲ႕မိဘေတြကို မပူပင္ဖို႔ စာေရးသား ၿပီး ကယ္ဆယ္ေရး သမားေတြဆီက တဆင့္ ဂူ အျပင္ ကို ေပးပို႔ ခဲ့ပါတယ္။

မုတ္သုံရာသီမိုး ႐ြာကာနီး ျဖစ္တာေၾကာင့္ အခ်ိန္လုၿပီး ကယ္တင္ရမယ္လို႔ ထိုင္း တာဝန္ရွိသူေတြက ဆုံးျဖတ္ ခဲ့ၾကၿပီး ဇူလိုင္လ ၈ ရက္ေန႔မွာ ကယ္ဆယ္ေရး လုပ္ငန္း ေတြကို စတင္ ခဲ့ၾကပါၿပီ။ လူနာတင္ယာဥ္ ေတြကလည္း အနား မွာ အသင့္ ရွိေနၾကၿပီး ဘယ္လို ကယ္တင္ ၾကမလဲ ဆိုတာ လူေတြက စိတ္ဝင္စားခဲ့ၾကပါတယ္။

တာဝန္ရွိသူေတြကေတာ့ ကယ္ဆယ္ေရး လုပ္ငန္း ေတြေအာင္ျမင္တယ္လို႔ ဆိုပါတယ္။ အေသးစိတ္ ကိုေတာ့ ထုတ္ျပန္တာ မလုပ္ပါဘူး။ မနက္ဆယ္နာရီ ကစတင္ခဲ့တဲ့ ကယ္ဆယ္ေရးက ညေန ပိုင္းမွာ အဆုံးသတ္ ခဲ့ၿပီး ထိုင္းလူငယ္ ၄ ဦးကို ကယ္တိုင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီသူေတြဟာ ဘယ္သူဘယ္ဝါ ေတြပါဆိုတာ ကိုေတာ့ ထုတ္ျပန္ျခင္း မရွိပါဘူး။

ဒါကလည္း မိဘေတြ စိတ္အေႏွာင့္အယွက္ ျဖစ္မွာနဲ႔ က်န္ခဲ့သူေတြက အားငယ္ ၾကမွာ ကိုစိုးရိမ္လို႔ ျဖစ္ပါတယ္လို႔ တာဝန္ရွိသူေတြက ဆိုၾကပါတယ္။ ေနာက္တေန႔ ကယ္ဆယ္ေရး အတြက္ ေအာက္ဆီဂ်င္ ျပန္လည္ ျဖည့္တင္းတဲ့ အလုပ္ကို လုပ္ရမွာမို႔ ေနာက္တေန႔မွာ ကယ္ဆယ္ေရး ျပန္စမယ္လို႔ သူတို႔ က ထုတ္ျပန္ပါတယ္။

ဇူလိုင္ ၉ ရက္ေန႔မွာလည္း ကယ္ဆယ္ေရး လုပ္ငန္း ေတြကို ဆက္လက္ လုပ္ေဆာင္ခဲ့ၾကပါတယ္။ က်ယ္ျပန္တဲ့ လုပ္ငန္းေဆာင္႐ြက္မႈ ျဖစ္ၿပီး ဂူအျပင္ ေရာက္ဖို႔ ေရငုပ္ တနည္း၊ လမ္းေလွ်ာက္ တဖုံနဲ႔ ႀကိဳးစားခဲ့ရၿပီး အႏၲရာယ္ ေရာႁပြမ္းတဲ့ ခရီးမွာ ေနာက္ထပ္ ထိုင္းလူငယ္ ၄ ဦးကို ကယ္ဆယ္ ႏိုင္ခဲ့ပါတယ္။

ထိုင္း အစိုးရ က ကယ္ဆယ္ေရး လုပ္ငန္းနဲ႔ ပတ္သက္လို အထူး တင္းက်ပ္ ထားၿပီး လုပ္ငန္း ေဆာင္တာ အေသးစိတ္ကို ထုတ္ျပန္ခ်င္း မရွိသလို ဘယ္သူေတြကို အရင္ဆုံး ကယ္ထုတ္ ႏိုင္ခဲ့တယ္ ဆိုတာ ကိုလည္း ထုတ္ျပန္ တာမလုပ္ပါဘူး။

ဂူထဲက သယ္ေဆာင္လာခဲ့တဲ့ ကေလးေတြကို မိဘေတြနဲ႔ ခ်က္ခ်င္း ေတြ႕ဆုံေစတာမ်ိဳး မလုပ္တဲ့ အျပင္ ေရာဂါဘယ ဝင္မွာကို စိုးရိမ္တဲ့ အတြက္ က်န္မာေရး ကို စိုးရိမ္ၿပီး ၾကပ္မတ္ ကုသ ခဲ့ပါတယ္။

ဇူလိုင္လ ၁၀ ရက္ေန႔ အဂၤါေန႔မွာေတာ့ က်န္ရွိတဲ့ ကေလး ၄ ေယာက္နဲ႔ နည္းျပ ျဖစ္သူ တို႔ ကို အားလုံး ကယ္တင္ ႏိုင္ခဲ့တယ္လို႔ ထိုင္း တာဝန္ ရွိသူေတြက ေျပာပါတယ္။

ကေလး ၁၂ ေယာက္နဲ႔ နည္းျပ ျဖစ္သူ စုစုေပါင္း ၁၃ ေယာက္ စလုံးကိုကယ္တင္ ႏိုင္ၿပီလို႔ သတင္းစာ ရွင္းလင္း ပြဲမွာ ေျပာၾကား ခဲ့ၿပီးေနာက္မွာေတာ့ အဲဒီက လူေတြ အားလုံး ၿပဳံးေပ်ာ္ က ခုန္ ႏိုင္ခဲ့ပါၿပီ။ ကေလး ေတြ ေပ်ာက္တယ္လို႔ သိတဲ့ အခ်ိန္ကစၿပီး ကယ္တင္ႏိုင္ခဲ့ခ်ိန္ အထိ စုစုေပါင္း ၁၇ ရက္ တိတိ ၾကာပါတယ္။

အခုေတာ့ သူတို႔ အားလုံးကို ေဆး႐ုံမွာ တင္ပို႔ ထားရပါတယ္။ မၾကာခင္မွာ ေတာဝက္ ေဘာလုံး အသင္းက လူေတြ ကို ေတြ႕ျမင္ရႏိုင္မယ္လို႔ တာဝန္ ရွိသူေတြက ေျပာပါတယ္။

Source : ဘီဘီစီျမန္မာပိုင္း

(Unicode Version)

ဂူထဲ ပိတ်မိနေတဲ့ ထိုင်းလူငယ် ၁၂ ယောက်နှင့် နည်းပြတို့ကို အစအဆုံး ဘယ်လို ကယ်တင်ခဲ့ရပုံ

ထိုင်းနိုင်ငံ၊ မယ်ဆိုင် မြို့ ထမ်လုံ ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ၁၂ ယောက်နဲ့ နည်းပြ ဖြစ်သူတို့ ရဲ့ သတင်းကိုကြားရတဲ့ အခါမှာ တကမ္ဘာလုံး က အံ့သြတုန်လုပ်သွားခဲ့ပါတယ်။ မိုးကြီးပြီး ရေလျှံနေတဲ့ ဂူထဲမှာ ပိတ်မိ နေတဲ့ သူတို့ ဘယ်လို အသက်ရှင် နေထိုင် ကြမလဲလို့ အားလုံးက တွေးတော စိတ်ပူ ခဲ့ကြပါတယ်။

ဇွန်လ ၂၃ ရက် စနေနေ့ မှာ တောဝက် ဘောလုံး အသင်း က လူငယ် ၁၂ ယောက် ဟာ ချင်းရိုင် ခရိုင် က ထမ်လုံ ဂူ လမ်းကြောင်းထဲ ကို သွားကြည့်ကြဖို့ စိတ်တူ ကိုယ်တူ ဆုံးဖြတ် ခဲ့ကြပါတယ်။ သူတို့သွား မယ့် ခရီးကို ဘောလုံး နည်းပြ ဖြစ်သူကလည်း လိုက်ပါသွားခဲ့ပါတယ်။ ဒီခရီးကို အရင်တုန်းကလည်း သူတို့ အခေါက်ခေါက်အခါခါ သွားခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခု တခေါက် ကတော့ မိုးသည်းသည်းမည်းမည်း ရွာလာလို့ လိုဏ်ဂူ ထဲ ကို ရေတွေ တက်လာလို့ တိမ်းရင်း ရှောင်ရင်းနဲ့ ဂူရဲ့ အနက်ဆုံး အပိုင်း အထိကို ရောက်သွား ခဲ့ကြရတာပါ။

အချိန်တန် အိမ်ပြန်မလာခဲ့ကြတဲ့ အတွက် မိဘတွေက စိတ်ပူပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ကို အကြောင်းကြား ခဲ့တဲ့ အတွက် ရှာဖွေရေး လုပ်ငန်းတွေကို ချက်ချင်း စတင် ခဲ့ရတာပါ။ ရှာဖွေရေးလုပ်ငန်း စဉ် အတွင်း သူတို့စီးနေကျ စက်ဘီးနဲ့ ဘောကန် ဖိနပ်တွေကို လိုဏ်ဂူ အဝ မှာ စတင် တွေ့ရှိခဲ့ရပြီး ဂူထဲကို ဝင်သွားတာ ဖြစ်မယ်ဆိုပြီးတော့ ရှာဖွေသူတွေက သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။ သတင်းဌာနတွေနဲ့ ကူညီရှာဖွေရေး သမားတွေဟာ လိုဏ်ဂူ အဝမှာ စတင် ရောက်ရှိခဲ့ပြီး ရှာဖွေရေး လုပ်ငန်း တွေ စတင် ခဲ့ပေမယ့် မိုးက သည်းကြီးမည်းကြီး ရွာနေသလို ဂူထဲက ရေတွေကလည်း တဖြည်း ဖြည်း မြင့်တက် လာပါတယ်။

တနင်္ဂနွေ နေ့မှာ တော့ မိဘဆွေမျိုးတွေလည်း ဂူ အနားရောက်လာပြီး သူတို့တွေ အသက်ရှင်လျက် ပြန်တွေ့နိုင်ဖို့ မိုးထဲ ရေထဲ ဝိုင်းဝန်း ဆုတောင်း ခဲ့ကြပါတယ်။ သုံးရက် အကြာမှာတော့ ထိုင်း တော်ဝင် ရေတပ် က ရေငုပ်သမားတွေလည်း ထမ်လုံဂူ ကို လာပြီး ရှာဖွေရေး လုပ်ငန်း မှာ ပါဝင်လာပါတယ်။ ဂူ အတွင်းပိုင်းမှာ လူငယ်လေးတွေနဲ့ ခြေရာတွေ စတင် တွေ့ရှိလာရပြီး အသက်ရှင်လျှက် ပြန်တွေ့နိုင်ရေး မျှော်လင့်ချက် ကလည်း ကြီးမား ခဲ့ပါပြီ။

ရှာဖွေရေး လုပ်ငန်းမှာ အစိုးရပိုင်းကပါ ပူးပေါင်း ခဲ့ပြီး ထိုင်း ဒုတိယ ဝန်ကြီးချုပ် ပရာဝတ် ဝုန်ဆူဝမ် ဟာလည်း လူငယ်လေးတွေကို အသက်ရှင်လျှက် ပြန်တွေ့နိုင်ဖို့ ကြိုးစားမယ်လို့ ပြောဆို ခဲ့ပါတယ်။ ဂူအတွင်းပိုင်းကို ဝင်ရောက်နိုင်ဖို့ တခြား နည်းလမ်း တွေကိုပါ စဉ်းစားလာ ကြပြီး မြန်မာ ဘက်ခြမ်း မှာပါ ရှာဖွေရေးတွေ လုပ်ဆောင် ခဲ့ကြတာ ဖြစ်ပါတယ်။

ဇွန်လ ၂၇ ရက်နေ့မှာတော့ နိုင်ငံတကာ က ရေငုပ် ကျွမ်းကျင်သူတွေနဲ့ ရှာဖွေ ကူညီရေး အဖွဲ့ တွေဟာ ကူညီဖို့ ထမ်လုံ ဂူဆီကို ရောက်ခဲ့ပါတယ်။ အသက်၁၆ နှစ်အောက် လူငယ် အများစု ပါဝင်တဲ့ တောဝက် ဘောလုံး အသင်း က လူငယ်လေးတွေကို ရှာဖွေ တွေ့ရှိနိုင်ရေးမှာ ပူးပေါင်း ပါဝင် ခဲ့ကြပေမယ့် မိုးကောင်းလွန်းနေတဲ့အတွက် ရှာဖွေရေး က အတော်ကို ခက်ခဲ နေပါတယ်။

ကလေး တွေရဲ့ မိဘဆွေမျိုး အသိုင်းအဝိုင်း ကတော့ သူတို့ ကလေး တွေကို အသက်ရှင်လျက် တွေ့နိုင်ဖို့ ဂူ အဝမှာ ဆုတောင်း မပြတ်ခဲ့ပါဘူး။ ထိုင်းနိုင်ငံ က လူမှုကွန်ရက် အသုံးပြုသူတွေ အကြားမှာလည်း တောဝက် ကလေးတွေ ကို ရှာတွေ့နိုင်ဖို့ အားလုံးက ဆုတောင်း ပေးခဲ့ကြပါတယ်။

နောက်တော့ ဂူထဲ က ရေတွေကို စုပ်ထုတ် နိုင်ဖို့ ရေစုပ်စက်ကြီးတွေနဲ့ ကြိုးပမ်း ခဲ့ကြပေမယ့် မိုးက အဆက်မပြတ် ရွာနေလို့ ရေစုပ် ထုတ်တဲ့ လုပ်ငန်း က ခဏခဏ ရပ်နား ခဲ့ရတဲ့ အထိပါပဲ။ ရေတွေကြီးနေတဲ့ ဂူ အတွင်း ပိုင်း ထဲက ကုန်း ကမူ လေး တခု ဖြစ်တဲ့ ပတ္တယား ကမ်းခြေနားမှာ ကျောင်းသားလေးတွေနဲ့ သူတို့ရဲ့ နည်းပြတို့ ရှိနေနိုင်တယ်ဆိုပြီး ကယ်ဆယ်ရေး အဖွဲ့ တွေက ယုံကြည် နေကြပါပြီ။ ထိုင်း ဝန်ကြီးချုပ် ပရာရွတ် ချန် အိုချာ လည်း ဂူ အထိ လာပြီး ကလေးတွေက အားကစားသမားတွေ၊ သူတို့ဟာ သန်မာတယ်။ သူတို့ အသက်ရှင်ဦးမှာပါလို့ အားပေး စကား ပြောကြားပါတယ်။

နိုင်ငံတကာ က အာရုံစိုက်လာတဲ့ ထိုင်း လူငယ်တွေရဲ့ အရေးကို ကမ္ဘာ့သတင်းဌာန အသီးသီးကလည်း သတင်း ရယူဖို့ ထမ်လုံဂူ ရှိရာ မယ်ဆိုင် ကို ရောက်ရှိနေကြပါပြီ။

ဇွန်လ ၃၀ ရက်နေ့မှာတော့ ရာသီဥတု အခြေအနေ ပေးလို့ ရေငုပ် သမားတွေဟာ ဂူအတွင်းပိုင်း အထိ ရောက်ခဲ့ကြပြီး နောက်ထပ် အတွင်းကျကျ ဝင်နိုင်ဖို့ အတွက် အောက်ဆီဂျင်ဘူး တွေကိုလည်း အများအပြား သယ်ဆောင် ခဲ့ကြပါတယ်။

ဇွန်လ ၂ ရက် နေ့မှာတော့ ကလေး ၁၂ ယောက်နဲ့ နည်းပြ ဖြစ်သူတို့ ကို ဂူ အဝနဲ့ ၂ မိုင် ခွဲ အကွာ က ကုန်းကမူ လေးပေါ်မှာ ထိုင်နေကြတာကို ဗြိတိန် နိုင်ငံ က ရေငုပ် သမား နှစ်ယောက် က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရှာတွေပြီဆိုတဲ့ သတင်းကြောင့် မိဘတွေလည်း ပြုံးပျော်နိုင်ပြီပထမဆုံး ရှာဖွေတွေ့ရှိခဲ့ရတဲ့ ဗီဒီယို ထဲမှာ ထိုင်း လူငယ် လေးတွေရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တာကို တွေ့ ရပါတယ်။ ဒါပမယ့် သူတို့ကို အပြင် ကယ်ထုတ်ရေး အစီအစဉ် ကတော့ အခက်အခဲ တွေနဲ့ ပြည့်နှက် နေမယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ခန့်မှန်းခဲ့ကြတာပါ။

သူတို့ ကျန်းမာရေး အတွက် ဆေးဝါး တွေနဲ့ စားရေး ရိက္ခာတွေကိုလည်း ချက်ချင်း ပို့ဆောင် ပေးခဲ့ကြပါတယ်။ လိုဏ်ဂူ ထဲက ရေတွေကို စုပ်ထုတ်နေပေမယ့် သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးကြောင့် လူငယ်တွေကို ဂူအပြင် ကယ်ထုတ် လာရမယ့် လုပ်ငန်း က လ အတန်ကြာမယ်ဆိုပြီးတော့ ခန့်မှန်း ပြောကြားချက်တွေလည်း ထွက်ပေါ် နေခဲ့ပါတယ်။

ဂူထဲပိတ်မိနေတဲ့ကလေးတွေကို အောက်စီဂျင်သွားပို့ရင်း သေဆုံးသွားတဲ့ ထိုင်းရေတပ်သားဟောင်း ရေငုပ်သမား ဆမန်ခူနမ်ဟာ လည်း ကယ်ဆယ်ရေး အတွက် ကူညီရင်း သတိမေ့မြောကာ အသက်ပြန် မလည် လာတော့ဘဲ ကွယ်လွန် သွားခဲ့ပါတယ်။

သူဟာ ကိုယ်ကျိုးအတွက်မကြည့်ဘဲ လူတွေကိုကူညီချင်တဲ့စိတ်ရှိသူလို့ သူရဲ့သူငယ်ချင်းတွေက ပြောပါတယ်။ ၃၈ နှစ် အရွယ် ဆမန်ခူနမ်ဟာ ရေငုပ်တာအပြင် ခန္ဓာကိုယ် ကြံ့ခိုင်တဲ့အားကစားတွေကို လိုက်စားသူ တယောက်ပါ။ သူငယ်ချင်းတွေနဲ့လည်း စက်ဘီးစီးအားကစားလည်း လုပ်ပါတယ်။

သူကွယ်လွန် သွားလို့ လူတွေက စိတ်မကောင်း ဖြစ်ခဲ့ကြပြီး ထိုင်း ကလေးငယ်တွေကို ကယ်ဆယ်ရေး လုပ်ငန်း က အခက်အခဲ အများကြီး ရှိနိုင်ကြောင်း တွက်ဆ ခဲ့ပါတယ်။ ထိုင်း လူငယ်တွေကတော့ သူတို့ရဲ့မိဘတွေကို မပူပင်ဖို့ စာရေးသား ပြီး ကယ်ဆယ်ရေး သမားတွေဆီက တဆင့် ဂူ အပြင် ကို ပေးပို့ ခဲ့ပါတယ်။

မုတ်သုံရာသီမိုး ရွာကာနီး ဖြစ်တာကြောင့် အချိန်လုပြီး ကယ်တင်ရမယ်လို့ ထိုင်း တာဝန်ရှိသူတွေက ဆုံးဖြတ် ခဲ့ကြပြီး ဇူလိုင်လ ၈ ရက်နေ့မှာ ကယ်ဆယ်ရေး လုပ်ငန်း တွေကို စတင် ခဲ့ကြပါပြီ။ လူနာတင်ယာဉ် တွေကလည်း အနား မှာ အသင့် ရှိနေကြပြီး ဘယ်လို ကယ်တင် ကြမလဲ ဆိုတာ လူတွေက စိတ်ဝင်စားခဲ့ကြပါတယ်။

တာဝန်ရှိသူတွေကတော့ ကယ်ဆယ်ရေး လုပ်ငန်း တွေအောင်မြင်တယ်လို့ ဆိုပါတယ်။ အသေးစိတ် ကိုတော့ ထုတ်ပြန်တာ မလုပ်ပါဘူး။ မနက်ဆယ်နာရီ ကစတင်ခဲ့တဲ့ ကယ်ဆယ်ရေးက ညနေ ပိုင်းမှာ အဆုံးသတ် ခဲ့ပြီး ထိုင်းလူငယ် ၄ ဦးကို ကယ်တိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသူတွေဟာ ဘယ်သူဘယ်ဝါ တွေပါဆိုတာ ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။

ဒါကလည်း မိဘတွေ စိတ်အနှောင့်အယှက် ဖြစ်မှာနဲ့ ကျန်ခဲ့သူတွေက အားငယ် ကြမှာ ကိုစိုးရိမ်လို့ ဖြစ်ပါတယ်လို့ တာဝန်ရှိသူတွေက ဆိုကြပါတယ်။ နောက်တနေ့ ကယ်ဆယ်ရေး အတွက် အောက်ဆီဂျင် ပြန်လည် ဖြည့်တင်းတဲ့ အလုပ်ကို လုပ်ရမှာမို့ နောက်တနေ့မှာ ကယ်ဆယ်ရေး ပြန်စမယ်လို့ သူတို့ က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၉ ရက်နေ့မှာလည်း ကယ်ဆယ်ရေး လုပ်ငန်း တွေကို ဆက်လက် လုပ်ဆောင်ခဲ့ကြပါတယ်။ ကျယ်ပြန်တဲ့ လုပ်ငန်းဆောင်ရွက်မှု ဖြစ်ပြီး ဂူအပြင် ရောက်ဖို့ ရေငုပ် တနည်း၊ လမ်းလျှောက် တဖုံနဲ့ ကြိုးစားခဲ့ရပြီး အန္တရာယ် ရောပြွမ်းတဲ့ ခရီးမှာ နောက်ထပ် ထိုင်းလူငယ် ၄ ဦးကို ကယ်ဆယ် နိုင်ခဲ့ပါတယ်။

ထိုင်း အစိုးရ က ကယ်ဆယ်ရေး လုပ်ငန်းနဲ့ ပတ်သက်လို အထူး တင်းကျပ် ထားပြီး လုပ်ငန်း ဆောင်တာ အသေးစိတ်ကို ထုတ်ပြန်ချင်း မရှိသလို ဘယ်သူတွေကို အရင်ဆုံး ကယ်ထုတ် နိုင်ခဲ့တယ် ဆိုတာ ကိုလည်း ထုတ်ပြန် တာမလုပ်ပါဘူး။

ဂူထဲက သယ်ဆောင်လာခဲ့တဲ့ ကလေးတွေကို မိဘတွေနဲ့ ချက်ချင်း တွေ့ဆုံစေတာမျိုး မလုပ်တဲ့ အပြင် ရောဂါဘယ ဝင်မှာကို စိုးရိမ်တဲ့ အတွက် ကျန်မာရေး ကို စိုးရိမ်ပြီး ကြပ်မတ် ကုသ ခဲ့ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ အင်္ဂါနေ့မှာတော့ ကျန်ရှိတဲ့ ကလေး ၄ ယောက်နဲ့ နည်းပြ ဖြစ်သူ တို့ ကို အားလုံး ကယ်တင် နိုင်ခဲ့တယ်လို့ ထိုင်း တာဝန် ရှိသူတွေက ပြောပါတယ်။

ကလေး ၁၂ ယောက်နဲ့ နည်းပြ ဖြစ်သူ စုစုပေါင်း ၁၃ ယောက် စလုံးကိုကယ်တင် နိုင်ပြီလို့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား ခဲ့ပြီးနောက်မှာတော့ အဲဒီက လူတွေ အားလုံး ပြုံးပျော် က ခုန် နိုင်ခဲ့ပါပြီ။ ကလေး တွေ ပျောက်တယ်လို့ သိတဲ့ အချိန်ကစပြီး ကယ်တင်နိုင်ခဲ့ချိန် အထိ စုစုပေါင်း ၁၇ ရက် တိတိ ကြာပါတယ်။

အခုတော့ သူတို့ အားလုံးကို ဆေးရုံမှာ တင်ပို့ ထားရပါတယ်။ မကြာခင်မှာ တောဝက် ဘောလုံး အသင်းက လူတွေ ကို တွေ့မြင်ရနိုင်မယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။

Source : ဘီဘီစီမြန်မာပိုင်း