ခိုးျခင္းမ်ိဳးစုံကို က်ဴးလြန္ခဲ့တဲ့ လူခ်မ္းသာ မိသားစုရဲ႕ အကုသိုလ္ အက်ိဳးေပးပံု

လြန္ခ့ဲေသာအႏွစ္ ၂၀ ခန္႔က ေတာင္ဥကၠလာပ တြင္လင္မယား နွစ္ေယာက္ႏွင့္သမီး အပ်ိဳၾကီး တစ္ေယာက္ မိသားစု ရွိ၏။ ပစၥည္းဥစၥာခ်မ္းသာ ေသာ္လည္း မလွဴရက္မတန္းရက္ေပ။တရားအသိမရွိသလို ကိုယက်င့္တရား လည္းဆင္းရဲ ၏။ မိဘ နွစ္ပါးသည္ ဆန္ အေရာင္းအဝယ္လုပ္ျပီး သမီးက ေရႊဆိုင္တည္ထား၏။

ဆန္ ဝယ္သည့္အခါ တစ္ျပည္ပိုဝင္သည့္တင္းေတာင္းႏွင့္ခ်ိန္ျပီး ျပန္ေရာင္းသည့္အခါ တစ္ျပည္ေလ်ာ့ တင္းေတာင္းႏွင့္ေရာင္း၏။ သမီးျဖစ္သူ ကလည္း ေရႊဝယ္သည့္အခါ ဆီစိမ္ ထားသည့္ ေရြးေစ့ႏွင့္ခ်ိန္ျပီး ျပန္ေရာင္းသည့္အခါ ဆီမစိမ္သည့္ေရြးေစ့ ျဖင့္ျပန္ေရာင္း၏။ သူတို႔ မိသားစု သည္ အေသးေလးခိုးရာမွစကာလက္ရဲလာျပီး ျခံခ်င္း ကပ္က သူတစ္ပါးေျမကိုပါခိုးလာ၏။

မိဘျခင္းရင္းႏွီး၍ ျခံစည္းရိုး ကာမထားေခ်။ေနာက္တြင္တစ္ဖက္ျခံမွ မိဘ မ်ားဆုံး၍ ရိုးသားသည့္ ေမာင္ႏွမ မ်ားသာက်န္၏။ေျပာရဲဆိုရဲ လူၾကီး မရွိမွန္းသိ၍ သူခိုး မိသားစု သည္ အၾကီးျမန္သည့္ လဲပင္မ်ားအား ျခံစည္းရိုး ေနရာတြင္ စိုက္လိုက္၏။

စိုက္သည့္အခါ ေျမငါးေပခိုးထား၏။ တစ္ဖက္ျခံမွ ေမာင္နွမ မ်ားသည္ အေနေအးသူမ်ားျဖစ္၍ ဘာမ်ွမေျပာေပ။ဘာမွမေျပာမွန္းသိ၍ အတင့္ရဲလာကာ ေနာက္ထပ္ ငါးေပ တိုးျပီး လဲပင္ ေတြ စိုက္ျပန္၏။

အခိုးခံရသည့္ ကာယကံရွင္ မ်ားက သိေသာ္လည္း ဘာမ်ွမေျပာၾကေပ။“ခိုးျခင္း မ်ိဳးစုံတို႔တြင္ ေျမခိုးျခင္း သည္ အျပစ္အၾကီးဆုံးျဖစ္၏”။အဘယ္ေၾကာင့္ဆိုေသာ္ အေပၚယံၾကည့္လ်ွင္ေျမေလးငါးေပ အားမမ်ားဘူးဟု ထင္ရေသာ္လည္းေအာက္အဝီစိ ေရာက္အာင္ တိုင္းၾကည့္လ်ွင္ နည္းမည္မဟုတ္ေပ။အကုသိုလ္မွန္သမ်ွသည္ မေကာင္းက်ိဳးသာေပးမည္ျဖစ္၏။ယခုဘဝမေကာင္းတာလုပ္ျပီး မေကာင္းက်ိဳး မေပးေသးဘူးဆိုတာ အတိတ္ဘဝက ျပဳခ့ဲသည့္ ကုသိုလ္အက်ိဳးေပးေန၍သာျဖစ္၏။

တစ္ေန႔တြင္ သူတို႔ မိသားစု လုပ္သည့္ အကုသိုလ္ကံမ်ား အက်ိဳးေပးခ်ိန္ေရာက္လာ၏။ သူခိုး ေခါင္းေဆာင္ အေဖ ျဖစ္သူသည္ ေသြးအန္ျပီး ရုတ္တရက္ေသ၏။အန္သည့္အခါ ေသြးသည္ အနီေရာင္သာမက အနက္ေရာင္ေ ေပါ ပါ၏။ဒု ေခါင္းေဆာင္ မိခင္ သည္ ေစ်းဝယ္ရင္းဦးေႏွာက္ေသြးေၾကာျပတ္ကာေသ၏။ေနာက္လပိုင္းတြင္သမီး အပ်ိဳၾကီး သည္ ၾကိဳးဆြဲခ် ေသသြား၏။

မိသားစု သုံးဦးလုံး အပါယ္ လားမည္မွာ ေသခ်ာ၏။ အကုသိုလ္ကံ အက်ိဳးေပးခ်ိန္ေရာက္လာလ်ွင္ အလြန္ ေၾကာက္စရာေကာင္းေၾကာင္းေတြ႕ရ၏။သတို႔မိသားစု၏ က်န္ရွိေသာ ပစၥည္းဥစၥာ မ်ားအား ေဆမ်ိဳးသားျခင္းမ်ားမွ ခြဲေဝယူလိုက္ၾက၏။ ေသလ်ွင္ ကိုယ့္ေနာက္သို႔ မည္သည့္ဥစၥာမွပါမသြား, ကုသိုလ္ အကုသိုလ္ သာ ပါသြားမည္ကို ဘာသာေရးအသိမရွိ၍ သိမသြားၾကေခ်။ ထို႔ေၾကာင့္ တတိယေျမာက္ တိပိဋကဓရ ျပည္ဆရာေတာ္က ေအာက္ပါအတိုင္း စပ္ဆိုသတိေပးခ့ဲ၏။

“အထုပ္ကေလးတျပင္ျပင္ အထုပ္ရွင္ေသလို႔သြား

က်န္တ့ဲသူေတြေဝလို႔စား အထုပ္ရွင္မွာအလကား

ဘာမွလည္းပါမသြား ေသရြာက်ေတာ့အပါယ္လား

နိဗၺာန္ေရာက္ဖို႔ အခက္သား”

သို႔ပါ၍ စားဝတ္ေနေရးအတြက္ မိမိ၏လုပ္အားျဖင့္ စီးပြားရွာသလို မဂ္ဥာဏ္ဖိုလ္ဥာဏ္မရရွိေသးပါက သံသရာအတြက္ စိတ္ခ်ရေအာင္ ကုသိုလ္ေကာင္းမႈမ်ားလည္း ဆည္းပူးၾကပါစို႔လို႔ တိုက္တြန္းေရးသာလိုက္ရေပသည္။

Credit : တရား ရတနာ

(Unicode Version)

ခိုးခြင်းမျိုးစုံကို ကျူးလွန်ခဲ့တဲ့ လူချမ်းသာ မိသားစုရဲ့ အကုသိုလ် အကျိုးပေးပုံ

လွန်ခဲ့သောအနှစ် ၂၀ ခန့်က တောင်ဥက္ကလာပ တွင်လင်မယား နှစ်ယောက်နှင့်သမီး အပျိုကြီး တစ်ယောက် မိသားစု ရှိ၏။ ပစ္စည်းဥစ္စာချမ်းသာ သော်လည်း မလှူရက်မတန်းရက်ပေ။တရားအသိမရှိသလို ကိုယကျင့်တရား လည်းဆင်းရဲ ၏။ မိဘ နှစ်ပါးသည် ဆန် အရောင်းအဝယ်လုပ်ပြီး သမီးက ရွှေဆိုင်တည်ထား၏။

ဆန် ဝယ်သည့်အခါ တစ်ပြည်ပိုဝင်သည့်တင်းတောင်းနှင့်ချိန်ပြီး ပြန်ရောင်းသည့်အခါ တစ်ပြည်လျော့ တင်းတောင်းနှင့်ရောင်း၏။ သမီးဖြစ်သူ ကလည်း ရွှေဝယ်သည့်အခါ ဆီစိမ် ထားသည့် ရွေးစေ့နှင့်ချိန်ပြီး ပြန်ရောင်းသည့်အခါ ဆီမစိမ်သည့်ရွေးစေ့ ဖြင့်ပြန်ရောင်း၏။ သူတို့ မိသားစု သည် အသေးလေးခိုးရာမှစကာလက်ရဲလာပြီး ခြံချင်း ကပ်က သူတစ်ပါးမြေကိုပါခိုးလာ၏။

မိဘခြင်းရင်းနှီး၍ ခြံစည်းရိုး ကာမထားချေ။နောက်တွင်တစ်ဖက်ခြံမှ မိဘ များဆုံး၍ ရိုးသားသည့် မောင်နှမ များသာကျန်၏။ပြောရဲဆိုရဲ လူကြီး မရှိမှန်းသိ၍ သူခိုး မိသားစု သည် အကြီးမြန်သည့် လဲပင်များအား ခြံစည်းရိုး နေရာတွင် စိုက်လိုက်၏။

စိုက်သည့်အခါ မြေငါးပေခိုးထား၏။ တစ်ဖက်ခြံမှ မောင်နှမ များသည် အနေအေးသူများဖြစ်၍ ဘာမျှမပြောပေ။ဘာမှမပြောမှန်းသိ၍ အတင့်ရဲလာကာ နောက်ထပ် ငါးပေ တိုးပြီး လဲပင် တွေ စိုက်ပြန်၏။

အခိုးခံရသည့် ကာယကံရှင် များက သိသော်လည်း ဘာမျှမပြောကြပေ။“ခိုးခြင်း မျိုးစုံတို့တွင် မြေခိုးခြင်း သည် အပြစ်အကြီးဆုံးဖြစ်၏”။အဘယ်ကြောင့်ဆိုသော် အပေါ်ယံကြည့်လျှင်မြေလေးငါးပေ အားမများဘူးဟု ထင်ရသော်လည်းအောက်အဝီစိ ရောက်အာင် တိုင်းကြည့်လျှင် နည်းမည်မဟုတ်ပေ။အကုသိုလ်မှန်သမျှသည် မကောင်းကျိုးသာပေးမည်ဖြစ်၏။ယခုဘဝမကောင်းတာလုပ်ပြီး မကောင်းကျိုး မပေးသေးဘူးဆိုတာ အတိတ်ဘဝက ပြုခဲ့သည့် ကုသိုလ်အကျိုးပေးနေ၍သာဖြစ်၏။

တစ်နေ့တွင် သူတို့ မိသားစု လုပ်သည့် အကုသိုလ်ကံများ အကျိုးပေးချိန်ရောက်လာ၏။ သူခိုး ခေါင်းဆောင် အဖေ ဖြစ်သူသည် သွေးအန်ပြီး ရုတ်တရက်သေ၏။အန်သည့်အခါ သွေးသည် အနီရောင်သာမက အနက်ရောင်ေ ပေါ ပါ၏။ဒု ခေါင်းဆောင် မိခင် သည် ဈေးဝယ်ရင်းဦးနှောက်သွေးကြောပြတ်ကာသေ၏။နောက်လပိုင်းတွင်သမီး အပျိုကြီး သည် ကြိုးဆွဲချ သေသွား၏။

မိသားစု သုံးဦးလုံး အပါယ် လားမည်မှာ သေချာ၏။ အကုသိုလ်ကံ အကျိုးပေးချိန်ရောက်လာလျှင် အလွန် ကြောက်စရာကောင်းကြောင်းတွေ့ရ၏။သတို့မိသားစု၏ ကျန်ရှိသော ပစ္စည်းဥစ္စာ များအား ဆေမျိုးသားခြင်းများမှ ခွဲဝေယူလိုက်ကြ၏။ သေလျှင် ကိုယ့်နောက်သို့ မည်သည့်ဥစ္စာမှပါမသွား, ကုသိုလ် အကုသိုလ် သာ ပါသွားမည်ကို ဘာသာရေးအသိမရှိ၍ သိမသွားကြချေ။ ထို့ကြောင့် တတိယမြောက် တိပိဋကဓရ ပြည်ဆရာတော်က အောက်ပါအတိုင်း စပ်ဆိုသတိပေးခဲ့၏။

“အထုပ်ကလေးတပြင်ပြင် အထုပ်ရှင်သေလို့သွား

ကျန်တဲ့သူတွေဝေလို့စား အထုပ်ရှင်မှာအလကား

ဘာမှလည်းပါမသွား သေရွာကျတော့အပါယ်လား

နိဗ္ဗာန်ရောက်ဖို့ အခက်သား”

သို့ပါ၍ စားဝတ်နေရေးအတွက် မိမိ၏လုပ်အားဖြင့် စီးပွားရှာသလို မဂ်ဉာဏ်ဖိုလ်ဉာဏ်မရရှိသေးပါက သံသရာအတွက် စိတ်ချရအောင် ကုသိုလ်ကောင်းမှုများလည်း ဆည်းပူးကြပါစို့လို့ တိုက်တွန်းရေးသာလိုက်ရပေသည်။

Credit : တရား ရတနာ