တစ္ရက္ကို တစ္နာရီေလာက္ ဒီအခ်က္ေတြကုိလုပ္ဖို႔ အခ်ိန္ေပးလိုက္ပါ မင္းဘဝ ေျပာင္းလဲသြားပါလိမ့္မယ္

အလုပ္ျပီးခ်ိန္ ညခင္းေတြမွာ မင္းဘာလုပ္လဲဆိုတာက မင္းရဲ႕ အနာဂတ္ကို ဆံုးျဖတ္ေပးလိမ့္မယ္။ တစ္ေန႔ကို တစ္နာရီေလာက္ ဒါေတြလုပ္ဖို႔ အခ်ိန္ေပးလိုက္ပါ။ မင္းဘဝေျပာင္းလဲပါလိမ့္မယ္။

မင္းရဲ႕ အလုပ္ခ်ိန္ ညေန 6 နာရီမွာ ျပီးျပီးေတာ့ မင္းက ည သန္းေခါင္ 12 နာရီမွ အိပ္ရာဝင္တယ္ဆိုပါစို႔။ ဒီႀကားထဲက 6 နာရီကို မင္းဘယ္လို အသံုးခ်ပါသလဲ TV ႀကည့္တာလား။ တကယ္ေတာ့ ဒီအခ်ိန္ကို မင္းဘယ္လိုအသံုးခ်တယ္ဆိုတာက မင္းထင္တာထက္ ပိုအေရးႀကီးပါတယ္။လူေတာ္ေတာ္မ်ားမ်ားထင္ေနတာကက်ြန္ေတာ္တို႔ career ကို တိုးတတ္ဖို႔ အလုပ္ခ်ိန္အတြင္းမွာ က်ြန္ေတာ္တို႔ ႀကိဳးစားအားထုတ္ရမယ္လို႔ပဲ ထင္ေနႀကတယ္။

က်ြန္ေတာ္တို႔ အနာဂတ္နဲ႔ အလုပ္အကိုင္ေတြဟာ က်ြန္ေတာ္တို႔ အလုပ္လုပ္ေနတဲ႔ ကုမၸဏီနဲ႔ ေခါင္းေဆာင္အေပၚပဲ မူတည္ေနတယ္လို႔ ထင္ေနႀကတယ္။ တကယ္လို႔ မင္း ကိုယ့္ကိုယ္ကို ဘဝမွာ တိုးတတ္မႈမေတြ႔ဘူးဆိုရင္ေတာ့ မင္းရဲ႕ အလုပ္နဲ႔ မင္းရဲ႕ အလုပ္ရွင္ေတြကို မင္းအေပၚ ေျမေတာင္ေျမွာက္မေပးလို႔ဆိုျပီး အျပစ္တင္လို႔မရပါဘူး။

ကိုယ့္ကိုယ္ကို တိုးတတ္ေအာင္ ပ်ိဳးေထာင္ဖို႔ဆိုတာ မင္းရဲ႕ တာဝန္ပါ။ မင္းဟာ မင္းရဲ႕ ညခင္းအခ်ိန္ေတြကို ဘယ္လိုအသံုးခ်လဲဆိုတာဟာ အလြန္အေရးႀကီးပါတယ္။

၁။ စာဖတ္ပါ။

ဘဝမွာ မင္းလိုခ်င္တာရဖို႔ knowledge က အေရးႀကီးပါတယ္။ ဗဟုသုတေတြ စုေဆာင္းရပါမယ္။ ဒီလို ဗဟုသုတေတြကို မင္းရဲ႕ အလုပ္မွာ မင္းရဲ႕ ဘဝမွာ ျပန္လည္အသံုးခ်ရပါမယ္။ တကယ္လို႔ မင္းက စာဖတ္သန္တယ္ဆိုရင္ မင္းဗဟုသုတေတြ ျပည့္ျပီး မင္းရဲ႕ စကားေျပာတဲ႔ ေခါင္းစဥ္ေတြ အေႀကာင္းအရာေတြ ပိုျပီးစိတ္ဝင္စားစရာေကာင္းလာပါလိမ့္မယ္။Anthony Robbins က ေျပာပါတယ္။ တကယ္လို႔ မင္းဟာ တစ္ေန႔ကို တစ္နာရီအခ်ိန္ေပးျပီး အေႀကာင္းအရာတစ္ခုကို ေလ့လာမယ္ဆိုရင္ တစ္ႏွစ္ႀကာတဲ႔အခါမွာ မင္းရမဲ႔ knowledge ေတြက ကမၻာ့လူေတြရဲ႕ 99.999 % ေလာက္ထိျဖစ္ပါလိမ့္မယ္တဲ႔။

တစ္ေန႔ကို အခ်ိန္ သံုးဆယ္မိနစ္ေလာက္ပဲ စာဖတ္ခ်ိန္ေပးႏိုင္ရင္ေတာင္ တစ္ေန႔တစ္ေန႔ knowledge ေတြ အမ်ားႀကီးရမွာပါ။ မင္း expert မျဖစ္ဘူးဆိုရင္ေတာင္ မင္းရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြထက္ ပိုျပီး ဗဟုသုတမ်ားလာမယ္ဆိုတာ အာမခံႏိုင္ပါတယ္။

တကယ္လို႔ မင္းရဲ႕ လက္ရွိအလုပ္က မင္းတကယ္စိတ္ဝင္စားတဲ႔အလုပ္မဟုတ္ဘူးဆိုရင္ မင္းဟာ ဒီအခ်ိန္ေတြမွာ မင္းတကယ္စိတ္ဝင္စားတဲ႔အရာေတြ ေလ့လာလို႔ရပါတယ္။ ဒီလို ရတဲ႔အခ်ိန္မွာ စိတ္ဝင္စားတဲ႔အရာေတြ ေလ့လာျပီး အခ်ိန္တစ္ခုေရာက္တဲ႔အခါမွာ မင္းရဲ႕ career ကို ေျပာင္းလိုက္လို႔ရပါလိမ့္မယ္။ start up တစ္ခု စလိုက္လို႔ ရပါတယ္။

၂။ Project ေတြ လုပ္ေဆာင္ပါ။

မင္းရဲ႕ ဗဟုသုတေတြ စိတ္ကူးေတြကို ပံုေဖာ္ဖို႔ မင္းအလုပ္က အခြင့္အေရးမေပးရင္ မင္းကိုယ္တိုင္ ရွာေဖြလုပ္ေဆာင္ပါ။ volunteer project ေတြ လုပ္ႏိုင္ပါတယ္။ ကိုယ္နဲ႔ ဝါသနာတူေတြနဲ႔ ေပါင္းျပီး အဖြဲ႔လိုက္ ပူးေပါင္းလုပ္ေဆာင္ႀကည့္ပါ။ စမ္းသပ္ႀကည့္ပါ။ ကိုယ္စိတ္ဝင္စားတဲ႔အရာေတြ ေလ့လာပါ။ လက္ေတြ႔ လုပ္ေဆာင္ႀကည့္ပါ။

၃။ Network တည္ေဆာက္ပါ။

မင္းရဲ႕ အလုပ္လမ္းေႀကာင္းမွာ ေျဖာင့္ျဖဴးဖို႔ strong connection network တစ္ခု ရွိေနဖို႔ လိုပါတယ္။ ဒီလိုမ်ိဳးမရွိဘူးဆိုရင္ေတာ့ မင္းရဲ႕ အခ်ိန္ထဲက ဖဲ႔ျပီး လုပ္ေဆာင္ရပါလိမ့္မယ္။ အေတာ္ဆံုး မိတ္ေဆြေတြကို ဆက္သြယ္ျပီး သူတို႔ရဲ႕ အႀကံဥာဏ္ေတြ ရယူတာေတြ သတင္းေတြ အခ်က္အလက္ေတြ ဗဟုသုတေတြ ရေအာင္လုပ္ပါ။ professional life ထဲက ဆရာႀကီးေတြဆီက ေလ့လာသင္ယူပါ။

အလုပ္က အိမ္ျပန္ေရာက္လို႔ ဒီလို ညခ်မ္းေတြမွာ အနားယူတယ္ဆိုျပီး movie ႀကည့္တာ tv ႀကည့္တာ game ကစားတာ social media ေပၚမွာ သူမ်ားေတ အေႀကာင္း လိုက္စပ္စုေနတာ အတင္းေျပာေနတာ ဒါေတြနဲ႔ အခ်ိန္ကုန္ဆံုးရတာ အရမ္းေပ်ာ္စရာေကာင္းမွာပါ။ ဒါေပမဲ႔ ဒါေတြက မင္းရဲ႕ အနာဂတ္ကို ေကာင္းမြန္ေအာင္ လုပ္ေပးႏိုင္မွာ မဟုတ္ပါဘူး။

မင္းဘဝရဲ႕ အေျပာင္းအလဲက ဒီေန႔ညက စပါျပီ။ 6 နာရီကေန ည ၁၂ နာရီထိပါ။ အလုပ္ျပီးလို႔ မင္းအိမ္ျပန္တယ္။ မင္းဟာ တစ္ျခားသူေတြ ခိုင္းတဲ႔အရာေတြကို လုပ္စရာမလိုတဲ႔အခ်ိန္ပါ။ မင္းရဲ႕ အားလပ္ခ်ိန္ပါ။ ဒါကို မင္းဘယ္လို အသံုးခ်မလဲ။

Credit : မူရင္းေရးသားသူ

(Unicode Version)

တစ်ရက်ကို တစ်နာရီလောက် ဒီအချက်တွေကိုလုပ်ဖို့ အချိန်ပေးလိုက်ပါ မင်းဘဝ ပြောင်းလဲသွားပါလိမ့်မယ်

အလုပ်ပြီးချိန် ညခင်းတွေမှာ မင်းဘာလုပ်လဲဆိုတာက မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်။ တစ်နေ့ကို တစ်နာရီလောက် ဒါတွေလုပ်ဖို့ အချိန်ပေးလိုက်ပါ။ မင်းဘဝပြောင်းလဲပါလိမ့်မယ်။

မင်းရဲ့ အလုပ်ချိန် ညနေ 6 နာရီမှာ ပြီးပြီးတော့ မင်းက ည သန်းခေါင် 12 နာရီမှ အိပ်ရာဝင်တယ်ဆိုပါစို့။ ဒီကြားထဲက 6 နာရီကို မင်းဘယ်လို အသုံးချပါသလဲ TV ကြည့်တာလား။ တကယ်တော့ ဒီအချိန်ကို မင်းဘယ်လိုအသုံးချတယ်ဆိုတာက မင်းထင်တာထက် ပိုအရေးကြီးပါတယ်။လူတော်တော်များများထင်နေတာကကျွန်တော်တို့ career ကို တိုးတတ်ဖို့ အလုပ်ချိန်အတွင်းမှာ ကျွန်တော်တို့ ကြိုးစားအားထုတ်ရမယ်လို့ပဲ ထင်နေကြတယ်။

ကျွန်တော်တို့ အနာဂတ်နဲ့ အလုပ်အကိုင်တွေဟာ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ ခေါင်းဆောင်အပေါ်ပဲ မူတည်နေတယ်လို့ ထင်နေကြတယ်။ တကယ်လို့ မင်း ကိုယ့်ကိုယ်ကို ဘဝမှာ တိုးတတ်မှုမတွေ့ဘူးဆိုရင်တော့ မင်းရဲ့ အလုပ်နဲ့ မင်းရဲ့ အလုပ်ရှင်တွေကို မင်းအပေါ် မြေတောင်မြှောက်မပေးလို့ဆိုပြီး အပြစ်တင်လို့မရပါဘူး။

ကိုယ့်ကိုယ်ကို တိုးတတ်အောင် ပျိုးထောင်ဖို့ဆိုတာ မင်းရဲ့ တာဝန်ပါ။ မင်းဟာ မင်းရဲ့ ညခင်းအချိန်တွေကို ဘယ်လိုအသုံးချလဲဆိုတာဟာ အလွန်အရေးကြီးပါတယ်။

၁။ စာဖတ်ပါ။

ဘဝမှာ မင်းလိုချင်တာရဖို့ knowledge က အရေးကြီးပါတယ်။ ဗဟုသုတတွေ စုဆောင်းရပါမယ်။ ဒီလို ဗဟုသုတတွေကို မင်းရဲ့ အလုပ်မှာ မင်းရဲ့ ဘဝမှာ ပြန်လည်အသုံးချရပါမယ်။ တကယ်လို့ မင်းက စာဖတ်သန်တယ်ဆိုရင် မင်းဗဟုသုတတွေ ပြည့်ပြီး မင်းရဲ့ စကားပြောတဲ့ ခေါင်းစဉ်တွေ အကြောင်းအရာတွေ ပိုပြီးစိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။Anthony Robbins က ပြောပါတယ်။ တကယ်လို့ မင်းဟာ တစ်နေ့ကို တစ်နာရီအချိန်ပေးပြီး အကြောင်းအရာတစ်ခုကို လေ့လာမယ်ဆိုရင် တစ်နှစ်ကြာတဲ့အခါမှာ မင်းရမဲ့ knowledge တွေက ကမ္ဘာ့လူတွေရဲ့ 99.999 % လောက်ထိဖြစ်ပါလိမ့်မယ်တဲ့။

တစ်နေ့ကို အချိန် သုံးဆယ်မိနစ်လောက်ပဲ စာဖတ်ချိန်ပေးနိုင်ရင်တောင် တစ်နေ့တစ်နေ့ knowledge တွေ အများကြီးရမှာပါ။ မင်း expert မဖြစ်ဘူးဆိုရင်တောင် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေထက် ပိုပြီး ဗဟုသုတများလာမယ်ဆိုတာ အာမခံနိုင်ပါတယ်။

တကယ်လို့ မင်းရဲ့ လက်ရှိအလုပ်က မင်းတကယ်စိတ်ဝင်စားတဲ့အလုပ်မဟုတ်ဘူးဆိုရင် မင်းဟာ ဒီအချိန်တွေမှာ မင်းတကယ်စိတ်ဝင်စားတဲ့အရာတွေ လေ့လာလို့ရပါတယ်။ ဒီလို ရတဲ့အချိန်မှာ စိတ်ဝင်စားတဲ့အရာတွေ လေ့လာပြီး အချိန်တစ်ခုရောက်တဲ့အခါမှာ မင်းရဲ့ career ကို ပြောင်းလိုက်လို့ရပါလိမ့်မယ်။ start up တစ်ခု စလိုက်လို့ ရပါတယ်။

၂။ Project တွေ လုပ်ဆောင်ပါ။

မင်းရဲ့ ဗဟုသုတတွေ စိတ်ကူးတွေကို ပုံဖော်ဖို့ မင်းအလုပ်က အခွင့်အရေးမပေးရင် မင်းကိုယ်တိုင် ရှာဖွေလုပ်ဆောင်ပါ။ volunteer project တွေ လုပ်နိုင်ပါတယ်။ ကိုယ်နဲ့ ဝါသနာတူတွေနဲ့ ပေါင်းပြီး အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ကြည့်ပါ။ စမ်းသပ်ကြည့်ပါ။ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ လေ့လာပါ။ လက်တွေ့ လုပ်ဆောင်ကြည့်ပါ။

၃။ Network တည်ဆောက်ပါ။

မင်းရဲ့ အလုပ်လမ်းကြောင်းမှာ ဖြောင့်ဖြူးဖို့ strong connection network တစ်ခု ရှိနေဖို့ လိုပါတယ်။ ဒီလိုမျိုးမရှိဘူးဆိုရင်တော့ မင်းရဲ့ အချိန်ထဲက ဖဲ့ပြီး လုပ်ဆောင်ရပါလိမ့်မယ်။ အတော်ဆုံး မိတ်ဆွေတွေကို ဆက်သွယ်ပြီး သူတို့ရဲ့ အကြံဉာဏ်တွေ ရယူတာတွေ သတင်းတွေ အချက်အလက်တွေ ဗဟုသုတတွေ ရအောင်လုပ်ပါ။ professional life ထဲက ဆရာကြီးတွေဆီက လေ့လာသင်ယူပါ။

အလုပ်က အိမ်ပြန်ရောက်လို့ ဒီလို ညချမ်းတွေမှာ အနားယူတယ်ဆိုပြီး movie ကြည့်တာ tv ကြည့်တာ game ကစားတာ social media ပေါ်မှာ သူများတေ အကြောင်း လိုက်စပ်စုနေတာ အတင်းပြောနေတာ ဒါတွေနဲ့ အချိန်ကုန်ဆုံးရတာ အရမ်းပျော်စရာကောင်းမှာပါ။ ဒါပေမဲ့ ဒါတွေက မင်းရဲ့ အနာဂတ်ကို ကောင်းမွန်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

မင်းဘဝရဲ့ အပြောင်းအလဲက ဒီနေ့ညက စပါပြီ။ 6 နာရီကနေ ည ၁၂ နာရီထိပါ။ အလုပ်ပြီးလို့ မင်းအိမ်ပြန်တယ်။ မင်းဟာ တစ်ခြားသူတွေ ခိုင်းတဲ့အရာတွေကို လုပ်စရာမလိုတဲ့အချိန်ပါ။ မင်းရဲ့ အားလပ်ချိန်ပါ။ ဒါကို မင်းဘယ်လို အသုံးချမလဲ။

Credit : မူရင်းရေးသားသူ