

၁၁-၇-၂၀၁၈ / နေ့(၀၂း၃၀)နာရီ



ဒေါက်တာထွန်းလွင်

(Unicode Version)

လာမယ့် ရက်တစ်ပတ်မှာ အရှေ့လေပွေလှိုင်း မိုးတွေ ပိုလာနိုင်ပါတယ် ။ မြန်မာနိုင်ငံအောက်ပိုင်းမှာ မိုးကောင်းဦးမယ့် ရက်တစ်ပတ်

၁၁-၇-၂၀၁၈ / နေ့(၀၂း၃၀)နာရီ

၂၀၁၈ ခုနှစ်၊ဇူလိုင်လ(၁၁-၁၇)ရက်အတွင်း လာမယ့်ရက်တစ်ပတ်မှာ မြန်မာနိုင်ငံရဲ့ အရှေ့ဖက် ပစိဖိတ်သမုဒ္ဒယာ နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့မှာ မုန်တိုင်းတွေက ပုံမှန်ထက်ပိုဖြစ်လာနိုင်တဲ့အပြင်၊ အဲဒီမုန်တိုင်းအများစုဟာ အနောက်မြောက်ယွန်းယွန်းကို ဦးတည်ရွေ့လျှားပြီး၊ မုန်တိုင်းအကြွင်းအကျန်များဟာ မြန်မာနိုင်ငံရှိရာဖက်ကိုလာဖို့လည်း များနေပါတယ်။

ဒါကြောင့် ဇူလိုင်လ(၁၁-၁၇)ရက် ကာလအတွင်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ မိုးပိုလာဖို့ရှိနေပါတယ်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အလယ်ပိုင်း နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာလည်း မုတ်သုံအားကောင်းနိုင်ပြီး မိုးလည်းပိုနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်