WunYan

Menu
  • News
    • Local News
    • Crime News
    • Social Media
    • International News
    • Odd News
  • Entertainment
    • Local Celebrity
    • International Celebrity
  • Knowledge
  • Health
  • Lifestyle
Menu

ဗိုလ္မႉးကေတာ္ေၾကာင့္ အိမ္ေဖာ္ ေသရတယ္ဆိုတဲ့ အမႈ တရားလိုကို စစစ္

Posted on July 12, 2018 by whuk-46651

လွည္းကူးၿမိဳ႕နယ္ အင္းတိုင္သံခ်ပ္ကာ တပ္ရင္းအရာရွိ ရိပ္သာက ဗိုလ္မႉး တစ္ေယာက္ရဲ႕ အိမ္မွာ အိမ္အကူလုပ္ခဲ့တဲ့ မကရင္မ ေခၚ မခင္သႏၲာဦး ေသဆုံးမႈ အတြက္ တတိယ ေျမာက္ ႐ုံးခ်ိန္း ကို ဇူလိုင္ ၁၁ ရက္က ရန္ကုန္ေတာင္ပိုင္းခ႐ိုင္ သံလ်င္ၿမိဳ႕နယ္ တရား႐ုံးမွာ စစ္ေဆးခဲ့ပါတယ္။

ေသဆုံးသူ မကရင္မ ေခၚ မခင္သႏၲာဦး ဘက္ကေန တရားလိုအျဖစ္ တရား စြဲဆိုခဲ့တဲ့ တြံေတးၿမိဳ႕နယ္ အုပ္ဖိုေက်း႐ြာက ရာအိမ္မႉး ဦးေအးေသာင္းကို ပထမဆုံးစတင္ စစ္ေဆးခဲ့ရာမွာ တရားလိုနဲ႔ တရားခံ ေရွ႕ေန ႏွစ္ဘက္စလုံးက ျပန္လွန္ ေမးခြန္းေတြ ေမးခဲ့ၾကပါတယ္။

ဒီအမႈမွာ သံသယရွိတဲ့ တရားခံအျဖစ္ ဖမ္းဆီး ခံထားရတဲ့ တပ္မေတာ္ အရာရွိရဲ႕ဇနီးျဖစ္ ဥပေဒ ဝန္ထမ္း ျဖစ္သူ ေဒၚသိဂႌစုကို ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းေတြတုန္းက ႐ုံးထုတ္ ရာမွာ လုံၿခဳံေရး အႀကီးအက်ယ္ တင္းက်ပ္ ထားခဲ့တဲ့အတြက္ ေဝဖန္ေျပာဆိုတာေတြ ရွိခဲ့ပါတယ္။

မကရင္မကို ေမလ ၁၉ ရက္က တြံေတးၿမိဳ႕နယ္က သူ႔ေနအိမ္ကို အိမ္ရွင္ ေဒၚသိဂႌစုက ျပန္ပို႔ခဲ့ အၿပီး ခဏအၾကာမွာ ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

အခု ပထမဆုံး စစ္ေဆးခံရတဲ့ ဦးေအးေသာင္းက မကရင္မကို ဆြဲႀကိဳး ခိုးတယ္လို႔ စြပ္စြဲၿပီး အခန္းတံခါးပိတ္ ႐ိုက္ႏွက္တာ၊ ေက်ာက္ျပင္နဲ႔ ထုတာ၊ ဗိုက္ကိုကန္တာ၊ အစာငတ္ ေရငတ္ ထားတာ ဆိုတာ သူသိခဲ့ တဲ့အတိုင္း ထြက္ဆို ခဲ့တယ္လို႔ ဘီဘီစီကို ေျပာပါတယ္။

ဒီအမႈကို စစ္ေဆးရာမွာ တရားမွ်တမႈ ရွိပါ့မလားလို႔ စိုးရိမ္ေနသူေတြ ရွိေပမယ့္ အမႈကို လိုက္ပါ ေဆာင္႐ြက္ေပး ေနတဲ့ ျပည္ေထာင္စု ဥပေဒဆိုင္ရာ အေထာက္ အကူျပဳ အဖြဲ႕က ေဒၚစန္းစန္းျမင့္ကေတာ့ အမႈစစ္တာ ပြင့္လင္း ျမင္သာတယ္၊ ဥပေဒအရာရွိကလည္း တရားလို ဘက္ကို အေသအျခာ စစ္ေမး ေပးတယ္လို႔ ဇူလိုင္ ၁၁ ရက္က တရားခြင္ အေျခအေနကို ေျပာပါတယ္။

ခြင့္ျပဳခ်က္ရထားတဲ့ သတင္းမီဒီယာေတြကိုလည္း တရား႐ုံးထဲအထိ ဝင္ေရာက္ သတင္းယူခြင့္ျပဳတယ္လို႔ သူက ေျပာပါတယ္။

မကရင္မရဲ႕ ႐ုပ္အေလာင္းကို ရင္ခြဲ စစ္ေဆးခ်က္အရ သူ႔ခႏၶာကိုယ္ ေပၚက ဒဏ္ရာေတြဟာ မေသဆုံးခင္ ငါးရက္ေလာက္က ရခဲ့တဲ့ ဒဏ္ရာေတြ ျဖစ္တယ္လို႔ သိရတဲ့အတြက္ ေသဆုံးသူ မကရင္မ ေနခဲ့တဲ့ ေက်း႐ြာက ရာအိမ္မႉး ဦးေအးေသာင္းက တရားလိုလုပ္ၿပီး အမႈဖြင့္ခဲ့တာ ျဖစ္ပါတယ္။

အမႈအတြက္ တရားလို ဘက္က သက္ေသ ၂ဝ ေက်ာ္ တင္သြင္းထားၿပီး ေနာက္ထပ္ ႐ုံးခ်ိန္းအျဖစ္ ခ်ိန္းဆိုထားတဲ့ ဇူလိုင္ ၁၈ ရက္ေန႔မွာလည္း တရားလို သက္ေသ ေနာက္တစ္ေယာက္ကို ထပ္မံစစ္ေဆး သြားမွာ ျဖစ္ပါတယ္။

Source : ဘီဘီစီျမန္မာပိုင္း

(Unicode Version)

ဗိုလ်မှူးကတော်ကြောင့် အိမ်ဖော် သေရတယ်ဆိုတဲ့ အမှု တရားလိုကို စစစ်

လှည်းကူးမြို့နယ် အင်းတိုင်သံချပ်ကာ တပ်ရင်းအရာရှိ ရိပ်သာက ဗိုလ်မှူး တစ်ယောက်ရဲ့ အိမ်မှာ အိမ်အကူလုပ်ခဲ့တဲ့ မကရင်မ ခေါ် မခင်သန္တာဦး သေဆုံးမှု အတွက် တတိယ မြောက် ရုံးချိန်း ကို ဇူလိုင် ၁၁ ရက်က ရန်ကုန်တောင်ပိုင်းခရိုင် သံလျင်မြို့နယ် တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

သေဆုံးသူ မကရင်မ ခေါ် မခင်သန္တာဦး ဘက်ကနေ တရားလိုအဖြစ် တရား စွဲဆိုခဲ့တဲ့ တွံတေးမြို့နယ် အုပ်ဖိုကျေးရွာက ရာအိမ်မှူး ဦးအေးသောင်းကို ပထမဆုံးစတင် စစ်ဆေးခဲ့ရာမှာ တရားလိုနဲ့ တရားခံ ရှေ့နေ နှစ်ဘက်စလုံးက ပြန်လှန် မေးခွန်းတွေ မေးခဲ့ကြပါတယ်။

ဒီအမှုမှာ သံသယရှိတဲ့ တရားခံအဖြစ် ဖမ်းဆီး ခံထားရတဲ့ တပ်မတော် အရာရှိရဲ့ဇနီးဖြစ် ဥပဒေ ဝန်ထမ်း ဖြစ်သူ ဒေါ်သိင်္ဂီစုကို ပြီးခဲ့တဲ့ ရုံးချိန်းတွေတုန်းက ရုံးထုတ် ရာမှာ လုံခြုံရေး အကြီးအကျယ် တင်းကျပ် ထားခဲ့တဲ့အတွက် ဝေဖန်ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

မကရင်မကို မေလ ၁၉ ရက်က တွံတေးမြို့နယ်က သူ့နေအိမ်ကို အိမ်ရှင် ဒေါ်သိင်္ဂီစုက ပြန်ပို့ခဲ့ အပြီး ခဏအကြာမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အခု ပထမဆုံး စစ်ဆေးခံရတဲ့ ဦးအေးသောင်းက မကရင်မကို ဆွဲကြိုး ခိုးတယ်လို့ စွပ်စွဲပြီး အခန်းတံခါးပိတ် ရိုက်နှက်တာ၊ ကျောက်ပြင်နဲ့ ထုတာ၊ ဗိုက်ကိုကန်တာ၊ အစာငတ် ရေငတ် ထားတာ ဆိုတာ သူသိခဲ့ တဲ့အတိုင်း ထွက်ဆို ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီအမှုကို စစ်ဆေးရာမှာ တရားမျှတမှု ရှိပါ့မလားလို့ စိုးရိမ်နေသူတွေ ရှိပေမယ့် အမှုကို လိုက်ပါ ဆောင်ရွက်ပေး နေတဲ့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက် အကူပြု အဖွဲ့က ဒေါ်စန်းစန်းမြင့်ကတော့ အမှုစစ်တာ ပွင့်လင်း မြင်သာတယ်၊ ဥပဒေအရာရှိကလည်း တရားလို ဘက်ကို အသေအခြာ စစ်မေး ပေးတယ်လို့ ဇူလိုင် ၁၁ ရက်က တရားခွင် အခြေအနေကို ပြောပါတယ်။

ခွင့်ပြုချက်ရထားတဲ့ သတင်းမီဒီယာတွေကိုလည်း တရားရုံးထဲအထိ ဝင်ရောက် သတင်းယူခွင့်ပြုတယ်လို့ သူက ပြောပါတယ်။

မကရင်မရဲ့ ရုပ်အလောင်းကို ရင်ခွဲ စစ်ဆေးချက်အရ သူ့ခန္ဓာကိုယ် ပေါ်က ဒဏ်ရာတွေဟာ မသေဆုံးခင် ငါးရက်လောက်က ရခဲ့တဲ့ ဒဏ်ရာတွေ ဖြစ်တယ်လို့ သိရတဲ့အတွက် သေဆုံးသူ မကရင်မ နေခဲ့တဲ့ ကျေးရွာက ရာအိမ်မှူး ဦးအေးသောင်းက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အမှုအတွက် တရားလို ဘက်က သက်သေ ၂ဝ ကျော် တင်သွင်းထားပြီး နောက်ထပ် ရုံးချိန်းအဖြစ် ချိန်းဆိုထားတဲ့ ဇူလိုင် ၁၈ ရက်နေ့မှာလည်း တရားလို သက်သေ နောက်တစ်ယောက်ကို ထပ်မံစစ်ဆေး သွားမှာ ဖြစ်ပါတယ်။

Source : ဘီဘီစီမြန်မာပိုင်း

TayeKabar

  • Recent

Flag Counter

©2019 WunYan | WordPress Theme by Superb Themes