အသက္ ၃ ႏွစ္အရြယ္ မိန္းကေလးငယ္အား အသက္ ၅၅ ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးက သားမယားအျဖစ္ျပဳက်င့္

မိုးညႇင္း ဇူူလိုင္ ၁၁

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕ ေအာင္သေျပရပ္ကြက္တြင္ အသက္ သံုးႏွစ္အရြယ္မိန္းကေလးတစ္ဦးအား အသက္(၅၅ႏွစ္)အရြယ္ အမ်ဳိးသား တစ္ဦးကသားမယားအျဖစ္ျပဳက်င့္ ခဲ့သျဖင့္က်ဴးလြန္သူအမ်ဳိးသားအား ဥပေဒႏွင့္အညီ အေရးယူထား ေၾကာင္း သိရသည္။

ျဖစ္ပြားပုံမွာ ယမန္ေန႔ မြန္း တည့္ ၁၂ နာရီတြင္မိုးညႇင္းၿမိဳ႕ေအာင္ သေျပ(၂)ရပ္ကြက္ေန ေဒၚခါးမိုင္ သည္သမီးျဖစ္သူမထြယ္ဇင္ေအာင္ (သံုးႏွစ္)ႏွင့္အတူ အိမ္ေရွ႕ မ်က္ ေစာင္းထိုး ေနအိမ္ရွိ ဦးတူးလြန္ ၏ ေနအိမ္သို႔သြားေရာက္၍ ဦးတူး လြန္၏ ဇနီးျဖစ္သူ ေဒၚေစာေဆာင္ ႏွင့္အတူ လက္ဖက္ေမႊးသြားခူး ေသာခင္ပြန္းျဖစ္သူအတြက္ထမင္း ထုပ္ပို႔ရန္ သြားေရာက္ေမးျမန္းခဲ့ သည္။

ဦးတူးလြန္ကထမင္းထုပ္သြား မပို႔နဲ႕ေတာ့ဟုေျဟသျဖင့္ ေဒၚခါး မိုင္ကေနအိမ္သို႔ျပန္မည္ျပဳစဥ္ဦးတူး လြန္က မထြယ္ဇင္ေအာင္အားထား ခဲ့ရန္ေျဟခဲ့ရာ ယခင္ကလည္း ထိုကဲ့သို႔ ထားခဲ့ေလ့ရွိသျဖင့္ ေဒၚခါးမိုင္ကမထြယ္ဇင္ေအာင္အား ထားခဲ့ၿပီးေနအိမ္သို႔ျပန္ကာေက်ာင္း တက္ေနသည့္သမီးမ်ားျဖစ္ေသာ မဂ်ီတြန္(၁၈ႏွစ္)ႏွင့္ မထုမိုင္ (၁၆ႏွစ္)တို႔ေက်ာင္းျပန္လာလွ်င္စား ေသာက္ရန္ျပင္ဆင္ခဲ့သည္။

ထို႔ေနာက္ မြန္းလဲြ ၁ နာရီတြင္ ဦးတူးလြန္၏ေနအိမ္တြင္ ထားခဲ့ ေသာသမီးျဖစ္သူမထြယ္ဇင္ေအာင္ အား သြားေရာက္ေခၚေဆာင္ခဲ့ရာ မထြယ္ဇင္ေအာင္က အမူအရာျဖင့္ ျပ၍ ၄င္းအား ဦးတူးလြန္က သားမယားအျဖစ္ျပဳက်င့္ေၾကာင္း ျပသခဲ့သျဖင့္မထြယ္ဇင္ေအာင္ဝတ္ ထားေသာေဘာင္းဘီအားခြၽတ္ၾကည့္ ရာ မိန္းမတန္ဆာတြင္ ေသြးမ်ား ထြက္ေနသည္ကို ေတြ႕ရွိရသည္။

ထို႔ေနာက္ မထြယ္ဇင္ေအာင္ က ဗိုက္ေအာင့္သည္ေျဟသျဖင့္ ေဒၚခါးမိုင္က က်န္းမာေရးဆရာမ ေဒၚဂ်ာေကာ့အားျပသၿပီး ေအာင္ သေျပရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေနာ္လာအားအေၾကာင္းၾကား ကာ မိုးညႇင္းခ႐ိုင္ေဆး႐ံုသို႔ ပို႔ ေဆာင္၍ေဆးကုသမႈခံယူခဲ့သည္။

ထို႔ေနာက္ ေဒၚခါးမိုင္က တရားလိုျပဳလုပ္၍ ယမန္ေန႔ ည ၉ နာရီ ငါးမိနစ္တြင္ အမႈဖြင့္လွစ္ခဲ့ သျဖင့္ သက္ငယ္မုဒိမ္းမႈက်ဴးလြန္ သူ ဦးတူးလြန္(၅၅ႏွစ္) ေအာင္ သေျပ(၁)ရပ္ကြက္ အိမ္အမွတ္ (၃၈၅) မိုးညႇင္းၿမိဳ႕ ေနထိုင္သူအား မိုးညႇင္းၿမိဳ႕မရဲစခန္းမွ (ပ)၁၈၂/ ၂ဝ၁၈၊ ပုဒ္မ (၃၇၆)အမႈႀကီး အမွတ္စဥ္(၃/၂ဝ၁၈)ျဖင့္ အမႈ ေရးဖြင့္ကာ ဦးတူးလြန္အားဖမ္း ဆီးစစ္ေဆးလ်က္ရွိေၾကာင္း သိရ သည္။

ကခ်င္ေျမနဂါး

Source : The Union Daily

(Unicode Version)

အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်အား အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးက သားမယားအဖြစ်ပြုကျင့်

မိုးညှင်း ဇူူလိုင် ၁၁

ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်တွင် အသက် သုံးနှစ်အရွယ်မိန်းကလေးတစ်ဦးအား အသက်(၅၅နှစ်)အရွယ် အမျိုးသား တစ်ဦးကသားမယားအဖြစ်ပြုကျင့် ခဲ့သဖြင့်ကျူးလွန်သူအမျိုးသားအား ဥပဒေနှင့်အညီ အရေးယူထား ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ယမန်နေ့ မွန်း တည့် ၁၂ နာရီတွင်မိုးညှင်းမြို့အောင် သပြေ(၂)ရပ်ကွက်နေ ဒေါ်ခါးမိုင် သည်သမီးဖြစ်သူမထွယ်ဇင်အောင် (သုံးနှစ်)နှင့်အတူ အိမ်ရှေ့ မျက် စောင်းထိုး နေအိမ်ရှိ ဦးတူးလွန် ၏ နေအိမ်သို့သွားရောက်၍ ဦးတူး လွန်၏ ဇနီးဖြစ်သူ ဒေါ်စောဆောင် နှင့်အတူ လက်ဖက်မွှေးသွားခူး သောခင်ပွန်းဖြစ်သူအတွက်ထမင်း ထုပ်ပို့ရန် သွားရောက်မေးမြန်းခဲ့ သည်။

ဦးတူးလွန်ကထမင်းထုပ်သွား မပို့နဲ့တော့ဟုဟြေသဖြင့် ဒေါ်ခါး မိုင်ကနေအိမ်သို့ပြန်မည်ပြုစဉ်ဦးတူး လွန်က မထွယ်ဇင်အောင်အားထား ခဲ့ရန်ဟြေခဲ့ရာ ယခင်ကလည်း ထိုကဲ့သို့ ထားခဲ့လေ့ရှိသဖြင့် ဒေါ်ခါးမိုင်ကမထွယ်ဇင်အောင်အား ထားခဲ့ပြီးနေအိမ်သို့ပြန်ကာကျောင်း တက်နေသည့်သမီးများဖြစ်သော မဂျီတွန်(၁၈နှစ်)နှင့် မထုမိုင် (၁၆နှစ်)တို့ကျောင်းပြန်လာလျှင်စား သောက်ရန်ပြင်ဆင်ခဲ့သည်။

ထို့နောက် မွန်းလွဲ ၁ နာရီတွင် ဦးတူးလွန်၏နေအိမ်တွင် ထားခဲ့ သောသမီးဖြစ်သူမထွယ်ဇင်အောင် အား သွားရောက်ခေါ်ဆောင်ခဲ့ရာ မထွယ်ဇင်အောင်က အမူအရာဖြင့် ပြ၍ ၎င်းအား ဦးတူးလွန်က သားမယားအဖြစ်ပြုကျင့်ကြောင်း ပြသခဲ့သဖြင့်မထွယ်ဇင်အောင်ဝတ် ထားသောဘောင်းဘီအားချွတ်ကြည့် ရာ မိန်းမတန်ဆာတွင် သွေးများ ထွက်နေသည်ကို တွေ့ရှိရသည်။

ထို့နောက် မထွယ်ဇင်အောင် က ဗိုက်အောင့်သည်ဟြေသဖြင့် ဒေါ်ခါးမိုင်က ကျန်းမာရေးဆရာမ ဒေါ်ဂျာကော့အားပြသပြီး အောင် သပြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနော်လာအားအကြောင်းကြား ကာ မိုးညှင်းခရိုင်ဆေးရုံသို့ ပို့ ဆောင်၍ဆေးကုသမှုခံယူခဲ့သည်။

ထို့နောက် ဒေါ်ခါးမိုင်က တရားလိုပြုလုပ်၍ ယမန်နေ့ ည ၉ နာရီ ငါးမိနစ်တွင် အမှုဖွင့်လှစ်ခဲ့ သဖြင့် သက်ငယ်မုဒိမ်းမှုကျူးလွန် သူ ဦးတူးလွန်(၅၅နှစ်) အောင် သပြေ(၁)ရပ်ကွက် အိမ်အမှတ် (၃၈၅) မိုးညှင်းမြို့ နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ (ပ)၁၈၂/ ၂ဝ၁၈၊ ပုဒ်မ (၃၇၆)အမှုကြီး အမှတ်စဉ်(၃/၂ဝ၁၈)ဖြင့် အမှု ရေးဖွင့်ကာ ဦးတူးလွန်အားဖမ်း ဆီးစစ်ဆေးလျက်ရှိကြောင်း သိရ သည်။

ကချင်မြေနဂါး

Source : The Union Daily