ဂ်င္းဟာ က်န္းမာေရးအတြက္ ေကာင္းမြန္ေသာ္လည္း ဒီလိုလူမ်ိဳးေတြ အလြန္အကြ်ံ မစားသင့္ပါဘူး

ဂ်င္းဟာ က်န္းမာေရး အတြက္ ေကာင္းမြန္တဲ့ အရာတစ္ခု ျဖစ္ပါတယ္။ အခုတေလာ ေခတ္စားေနတဲ့ ကိုယ္အေလးခ်ိန္ က်ေစတဲ့ မနက္ေစာေစာ ေသာက္ရမယ့္ အရည္မွာ သံပုရာရည္နဲ႔ ဂ်င္း ပါ၀င္ပါတယ္။ ဒီအတြက္ သတိထားစရာ တစ္ခု ရွိပါတယ္။

ဂ်င္းဟာ က်န္းမာေရးအတြက္ ေကာင္းမြန္ေစေသာ္လည္း လူတိုင္းအတြက္ေတာ့ မဟုတ္လွပါဘူး။ အႏၱရာယ္ ျဖစ္ေစႏုိင္မယ့္ လူေတြ ရွိပါတယ္။ သူတို႔ အတြက္ ဂ်င္းဟာ သတိထားစရာ တစ္ခု ျဖစ္ၿပီး ေရွာင္ရမယ့္ အရာလည္း ျဖစ္ပါတယ္။ ဂ်င္းကို အလြန္အကြ်ံ မစားသင့္တာ ဘယ္လို လူေတြလဲဆိုရင္

ကိုယ္၀န္ေဆာင္သည္

ဂ်င္းကို ဟင္းခ်က္တဲ့အထဲ ထည့္ခ်က္တာေလာက္က ျပႆနာ မဟုတ္ေပမယ့္ ဂ်င္းျပဳတ္ရည္ေသာက္တာ ဂ်င္းေဖ်ာ္ရည္ေသာက္တာမ်ိဳးေတြကိုေတာ့ ကိုယ္၀န္ေဆာင္ေတြ ေသာက္လို႔ မရပါဘူး။ ကိုယ္၀န္အတြက္ အႏၱရာယ္ ရွိပါတယ္။ ဒါေၾကာင့္ ကိုယ္၀န္ေဆာင္ေနခ်ိန္မွာ မေသာက္သင့္ပါဘူး။

ကိုယ္အေလးခ်ိန္ အလြန္နည္းပါးသူေတြ

ဂ်င္းဟာ အဆီေတြကို ေလာင္ကြ်မ္းေစၿပီး ကိုယ္အေလးခ်ိန္ က်ေစႏုိင္တဲ့ အရာတစ္ခုပါ။ ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ နည္းပါးသူေတြ အေနနဲ႔ မစားသင့္ပါဘူး။ ကိုယ္အေလးခ်ိန္နည္းပါးသူေတြကို Underweight လို႔ ေခၚပါတယ္။ အလြယ္တကူ မွတ္သားရင္ေတာ့ ေပါင္ ၁၀၀ ေအာက္ေတြပါ။

ေသြးနဲ႔ ပတ္သက္တဲ့ ျပႆနာ ရွိသူေတြ

ေသြးနဲ႔ ပတ္သက္ၿပီး ေရာဂါ ရွိသူေတြ အတြက္လည္း မသင့္ေတာ္ပါဘူး။ ဥပမာ ေသြးက်ဲၿပီး ေသြးထြက္မ်ားသူေတြပါ။ ဂ်င္းဟာ ေသြး လည္ပတ္မႈကို ေကာင္းေစၿပီး ေသြးကို အနည္းငယ္ တိုးေစပါတယ္။

ေဆးကုသမႈ ခံယူေနသူေတြ

ေသြးေရာဂါသည္ေတြနဲ႔ ဆီးခ်ိဳေရာဂါသည္ေတြ အေနနဲ႔ ဂ်င္းေဖ်ာ္ရည္ကို မေသာက္သင့္ပါဘူး။

Source : My Food Myanmar

(Unicode Version)

ဂျင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်သော်လည်း ဒီလိုလူမျိုးတွေ အလွန်အကျွံ မစားသင့်ပါဘူး

ဂျင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အခုတလော ခေတ်စားနေတဲ့ ကိုယ်အလေးချိန် ကျစေတဲ့ မနက်စောစော သောက်ရမယ့် အရည်မှာ သံပုရာရည်နဲ့ ဂျင်း ပါဝင်ပါတယ်။ ဒီအတွက် သတိထားစရာ တစ်ခု ရှိပါတယ်။

ဂျင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေသော်လည်း လူတိုင်းအတွက်တော့ မဟုတ်လှပါဘူး။ အန္တရာယ် ဖြစ်စေနိုင်မယ့် လူတွေ ရှိပါတယ်။ သူတို့ အတွက် ဂျင်းဟာ သတိထားစရာ တစ်ခု ဖြစ်ပြီး ရှောင်ရမယ့် အရာလည်း ဖြစ်ပါတယ်။ ဂျင်းကို အလွန်အကျွံ မစားသင့်တာ ဘယ်လို လူတွေလဲဆိုရင်

ကိုယ်ဝန်ဆောင်သည်

ဂျင်းကို ဟင်းချက်တဲ့အထဲ ထည့်ချက်တာလောက်က ပြဿနာ မဟုတ်ပေမယ့် ဂျင်းပြုတ်ရည်သောက်တာ ဂျင်းဖျော်ရည်သောက်တာမျိုးတွေကိုတော့ ကိုယ်ဝန်ဆောင်တွေ သောက်လို့ မရပါဘူး။ ကိုယ်ဝန်အတွက် အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ မသောက်သင့်ပါဘူး။

ကိုယ်အလေးချိန် အလွန်နည်းပါးသူတွေ

ဂျင်းဟာ အဆီတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ကျစေနိုင်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် ကိုယ်အလေးချိန် နည်းပါးသူတွေ အနေနဲ့ မစားသင့်ပါဘူး။ ကိုယ်အလေးချိန်နည်းပါးသူတွေကို Underweight လို့ ခေါ်ပါတယ်။ အလွယ်တကူ မှတ်သားရင်တော့ ပေါင် ၁၀၀ အောက်တွေပါ။

သွေးနဲ့ ပတ်သက်တဲ့ ပြဿနာ ရှိသူတွေ

သွေးနဲ့ ပတ်သက်ပြီး ရောဂါ ရှိသူတွေ အတွက်လည်း မသင့်တော်ပါဘူး။ ဥပမာ သွေးကျဲပြီး သွေးထွက်များသူတွေပါ။ ဂျင်းဟာ သွေး လည်ပတ်မှုကို ကောင်းစေပြီး သွေးကို အနည်းငယ် တိုးစေပါတယ်။

ဆေးကုသမှု ခံယူနေသူတွေ

သွေးရောဂါသည်တွေနဲ့ ဆီးချိုရောဂါသည်တွေ အနေနဲ့ ဂျင်းဖျော်ရည်ကို မသောက်သင့်ပါဘူး။

Source : My Food Myanmar