ဝင္ေငြနဲ႔ထြက္ေငြ သိ႐ွိေစဖို႔ ဘာပဲသံုးသံုး စာရင္​းမွတ္​ပါ

ကိုယ့္​ဟာကိုယ္​သံုးလို႔ ကုန္​သြားတာ၊ ဘယ္​သူက ျပန္​လာ​ေပးမွာမို႔လဲ။ စာအုပ္​ကုန္​တာဘဲ အဖတ္​တင္​လိမ္​့မယ္​လို႔​ ေျပာတဲ့သူ​၊ ​ေတြး​ေနတဲ့ သူေတြလည္​း ရိွ​ပါလိမ့္​့မယ္​။ ဘာျဖစ္​လို႔လဲဆို​ေတာ့ ကြ်န္ေတာ္လည္​း အရင္​က အဲလို​ေတြးမိခဲ့လို႔ပါပဲ။

စာရင္းမမွတ္ရင္ ​​​ဒီလကိုယ္​့မွာ ဘယ္​​ေလာက္​ဝင္​​ေငြ ရွိလဲဆိုတာ မသိရသလို (ဝန္​ထမ္​းပဲ လုပ္​တယ္​ဆိုရင္​​ေတာ့ သိရပါတယ္​)၊ ကုန္​က်စရိတ္​/ထြက္​​ေငြဘယ္​​ေလာက္​ရိွလဲ ဆိုတာလည္​း အတိအက်မသိပါဘူး။ သံုးမိ​ေနျမဲ၊ ျဖဳန္​းမိ​ေနျမဲပါပဲ။ ရရစားစားပဲျဖစ္​​ေနမွာပါ။ အ​ေႂကြးတင္​တဲ့ လ​ေတြမွာ တင္​သလို ပိုတဲ့လလည္​း သိပ္​မစုမိသလိုပါပဲ။

စာရင္​းမွတ္​တဲ့ အက်င္​့လုပ္​ဖို႔ မိတ္​​ေဆြတစ္​​ေယာက္​က​ေျပာလို႔ ကြ်န္ေတာ္ လယ္ဂ်ာစာအုပ္​​ေလးနဲ႔ စာရင္​း စမွတ္​ၾကည္​့တယ္​။ “သိလိုက္​ရပါၿပီ” မလိုအပ္​ဘဲနဲ႔ သံုးမိတဲ့ အပိုအသံုးစရိတ္​​ေတြကလည္​း အမ်ားႀကီးပဲ။ အ​ေပ်ာ္​အပါး၊ ပြဲလမ္​းသြားတဲ့ စရိတ္​​ေတြ၊ မဝယ္​သင္​့တဲ့၊ မဝယ္​ရင္​လည္​းျဖစ္​တဲ့ ပစၥည္​း အသံုးအ​ေဆာင္​​ေတြကလည္​း ဒုနဲ႔​ေဒးပါ။​

ေနာက္​ရက္​​ေတြ ​ေနာက္​လ​ေတြမွာ​ေတာ့ မဝယ္​မိ​ေအာင္​၊ မျဖဳန္​းမိ​ေအာင္​ ဆင္​ျခင္​လို႔ ရသြားပါတယ္​။ ဝင္​​ေငြနဲ႔ ထြက္​​ေငြ​ေတြ သိရိွႏိုင္​ဖို႔ ရတာထက္​ ပိုမသံုးမိ​ေစဖို႔ အသံုးစရိတ္​​ေတြ နည္​းၿပီး စုမိ​ေစဖို႔ သံုးသမ်ွ စာရင္​းလုပ္​ပါ။

Credit : Dollar Media And Marketing Group

(Unicode Version)

ဝင်ငွေနဲ့ထွက်ငွေ သိရှိစေဖို့ ဘာပဲသုံးသုံး စာရင်းမှတ်ပါ

ကိုယ့်ဟာကိုယ်သုံးလို့ ကုန်သွားတာ၊ ဘယ်သူက ပြန်လာပေးမှာမို့လဲ။ စာအုပ်ကုန်တာဘဲ အဖတ်တင်လိမ့်မယ်လို့ ပြောတဲ့သူ၊ တွေးနေတဲ့ သူတွေလည်း ရှိပါလိမ့့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လည်း အရင်က အဲလိုတွေးမိခဲ့လို့ပါပဲ။

စာရင်းမမှတ်ရင် ဒီလကိုယ့်မှာ ဘယ်လောက်ဝင်ငွေ ရှိလဲဆိုတာ မသိရသလို (ဝန်ထမ်းပဲ လုပ်တယ်ဆိုရင်တော့ သိရပါတယ်)၊ ကုန်ကျစရိတ်/ထွက်ငွေဘယ်လောက်ရှိလဲ ဆိုတာလည်း အတိအကျမသိပါဘူး။ သုံးမိနေမြဲ၊ ဖြုန်းမိနေမြဲပါပဲ။ ရရစားစားပဲဖြစ်နေမှာပါ။ အကြွေးတင်တဲ့ လတွေမှာ တင်သလို ပိုတဲ့လလည်း သိပ်မစုမိသလိုပါပဲ။

စာရင်းမှတ်တဲ့ အကျင့်လုပ်ဖို့ မိတ်ဆွေတစ်ယောက်ကပြောလို့ ကျွန်တော် လယ်ဂျာစာအုပ်လေးနဲ့ စာရင်း စမှတ်ကြည့်တယ်။ “သိလိုက်ရပါပြီ” မလိုအပ်ဘဲနဲ့ သုံးမိတဲ့ အပိုအသုံးစရိတ်တွေကလည်း အများကြီးပဲ။ အပျော်အပါး၊ ပွဲလမ်းသွားတဲ့ စရိတ်တွေ၊ မဝယ်သင့်တဲ့၊ မဝယ်ရင်လည်းဖြစ်တဲ့ ပစ္စည်း အသုံးအဆောင်တွေကလည်း ဒုနဲ့ဒေးပါ။

နောက်ရက်တွေ နောက်လတွေမှာတော့ မဝယ်မိအောင်၊ မဖြုန်းမိအောင် ဆင်ခြင်လို့ ရသွားပါတယ်။ ဝင်ငွေနဲ့ ထွက်ငွေတွေ သိရှိနိုင်ဖို့ ရတာထက် ပိုမသုံးမိစေဖို့ အသုံးစရိတ်တွေ နည်းပြီး စုမိစေဖို့ သုံးသမျှ စာရင်းလုပ်ပါ။

Credit : Dollar Media And Marketing Group