ထမင္းေပါင္း ျပဳလုပ္နည္း

ၾကက္သြန္ျဖဴကိုႀကိတ္၍ ဆီသတ္ပါ။ ( ႏြမ္းလွ်င္ )

ၾကက္သား ထည့္ေၾကာ္ပါ။ ( အသားက်က္သြားရင္ )

ဥနီ, ေရေျပာင္း, ေ႐ႊပဲ, ပန္းေဂၚဖီ, မိႈ, ငံုးဥတို႕ကို ထည့္ေၾကာ္ေပးပါ။

ၾကက္ျပဳတ္ရည္ ထည့္ပါ။ ( မရွိလွ်င္ ေရေႏြးပူပူထည့္ပါ )

ေကာ္မႈန္႔ကို ေရနဲ႔ေဖ်ာ္ပီးထည့္ပါ။ ခ႐ုဆီ ထည့္ေမႊပါ။ အခ်ိဳမႈန္႔,ဆား,င႐ုတ္ေကာင္း လက္တစ္ညႇပ္စာထည့္လိုက္ပါ။

ဟင္းရည္ ပ်စ္ခၽြဲခၽြဲ ျဖစ္လာပီး အသီးအရြက္မ်ားက်က္ပီး ခပ္ကၽြတ္ကၽြတ္အေနအထားနဲ႔ ဟင္းရည္ ဆူပြက္ေနခ်ိန္မွာ ပန္းကန္ထဲ အသင့္ခူးထားတဲ့ ထမင္းျဖဴေပၚ ေလာင္းခ်လိုက္ပါ။ ဒါဆို အရသာရွိလွတဲ့ ထမင္းေပါင္း ပူပူေလး ရပါၿပီရွင္။

ဘိတ္ခ်ဥ္ကေတာ့ ရွာလကာရည္ အခ်ိဳမႈန္႔,ငံျပာရည္ ၾကက္သြန္ျဖဴ,င႐ုတ္သီးစိမ္းနဲ႔ စပ္ရံုပါပဲ။

ျပင္ဆင္ထားရန္

ၾကက္သြန္ျဖဴ ႀကိတ္ထားပါ။ ၾကက္ျပဳတ္ရည္ ထည့္ထားပါ။ အသီးအရြက္မ်ားကို လွီးျဖတ္ထားပါ။ ၾကက္သားကို အတံုးတံုးပီး ဆား,အခ်ိဳမႈန္႔နယ္ထားပါ။ ခ႐ုဆီကို ပန္းကန္ထဲ ထည့္ထားပါ။ ေမႊး ေကာ္မႈန္႔ အရည္ေဖ်ာ္ထားပါ။

ခ႐ုဆီက အငံမို႔ ဆားကို အနည္းငယ္သာ ထည့္ၿပီး လိုမွ ထပ္ထည့္ပါ။ အခ်ိဳ႕ကေတာ့ ပဲျပား, ခရမ္းခ်ဥ္သီး, င႐ုတ္ပြထည့္ပါတယ္။ ကြ်န္မကေတာ့ မထည့္ပါဘူး။

ပဲခူး ေဒၚေထြးရီ

(Unicode Version)

ထမင်းပေါင်း ပြုလုပ်နည်း

ကြက်သွန်ဖြူကိုကြိတ်၍ ဆီသတ်ပါ။ ( နွမ်းလျှင် )

ကြက်သား ထည့်ကြော်ပါ။ ( အသားကျက်သွားရင် )

ဥနီ, ရေပြောင်း, ရွှေပဲ, ပန်းဂေါ်ဖီ, မှို, ငုံးဥတို့ကို ထည့်ကြော်ပေးပါ။

ကြက်ပြုတ်ရည် ထည့်ပါ။ ( မရှိလျှင် ရေနွေးပူပူထည့်ပါ )

ကော်မှုန့်ကို ရေနဲ့ဖျော်ပီးထည့်ပါ။ ခရုဆီ ထည့်မွှေပါ။ အချိုမှုန့်,ဆား,ငရုတ်ကောင်း လက်တစ်ညှပ်စာထည့်လိုက်ပါ။

ဟင်းရည် ပျစ်ချွဲချွဲ ဖြစ်လာပီး အသီးအရွက်များကျက်ပီး ခပ်ကျွတ်ကျွတ်အနေအထားနဲ့ ဟင်းရည် ဆူပွက်နေချိန်မှာ ပန်းကန်ထဲ အသင့်ခူးထားတဲ့ ထမင်းဖြူပေါ် လောင်းချလိုက်ပါ။ ဒါဆို အရသာရှိလှတဲ့ ထမင်းပေါင်း ပူပူလေး ရပါပြီရှင်။

ဘိတ်ချဉ်ကတော့ ရှာလကာရည် အချိုမှုန့်,ငံပြာရည် ကြက်သွန်ဖြူ,ငရုတ်သီးစိမ်းနဲ့ စပ်ရုံပါပဲ။

ပြင်ဆင်ထားရန်

ကြက်သွန်ဖြူ ကြိတ်ထားပါ။ ကြက်ပြုတ်ရည် ထည့်ထားပါ။ အသီးအရွက်များကို လှီးဖြတ်ထားပါ။ ကြက်သားကို အတုံးတုံးပီး ဆား,အချိုမှုန့်နယ်ထားပါ။ ခရုဆီကို ပန်းကန်ထဲ ထည့်ထားပါ။ မွှေး ကော်မှုန့် အရည်ဖျော်ထားပါ။

ခရုဆီက အငံမို့ ဆားကို အနည်းငယ်သာ ထည့်ပြီး လိုမှ ထပ်ထည့်ပါ။ အချို့ကတော့ ပဲပြား, ခရမ်းချဉ်သီး, ငရုတ်ပွထည့်ပါတယ်။ ကျွန်မကတော့ မထည့်ပါဘူး။

ပဲခူး ဒေါ်ထွေးရီ