က်န္းမာေရး အေျခအေနေၾကာင့္ ျမန္မာႏိုင္ငံကို ျပန္လာဖို႔ မလြယ္ေတာ့တဲ့ ဥဴးကိတၴိသာရ (ဦးေက်ာ္ဟိန္း)

ၾသစေၾတးလ်ႏိုင္ငံမွာ ေခတၱသီတင္းသုံးေနတဲ့ ဥဴး ကိတၴိသာရ (ဦး ဇင္းဦးေက်ာ္ဟိန္း) ဟာ က်န္းမာေရး အေျခအေနေၾကာင့္ ျမန္မာႏိုင္ငံကို ျပန္လာဖို႕မလြယ္ကူေတာ့ဘူးလို႕ ဦးဇင္းရဲ႕ သားေတာ္စပ္သူ ကိုေနဝင္း ဆီက သိရပါတယ္။

ဥဴးကိတၴိသာရဟာ ႏွလုံး ခြဲစိတ္ကုသမႈ ခံယူထားတဲ့အျပင္ အဆုတ္အားနည္းတာေၾကာင့္ ေအာက္စီ ဂ်င္ အျမဲေပးထားရတာျဖစ္တယ္လို႕ ဆိုပါတယ္။လြန္ခဲ့တဲ့ ဆယ္ႏွစ္ကတည္းက သာသနာေဘာင့္ဝင္ေရာက္သြားတဲ့ ဥဴးကိတၴိသာရဟာ ၾသစေၾတးလ်မွ သီတင္းသုံးေနတာေတာ့ ငါးနွစ္နီးပါးရွိပါၿပီ ။

သရုပ္ေဆာင္မင္းသားဘဝမွာ မူးယစ္ေဆးဝါးရဲ႕ ဆိုးက်ိဳးဒဏ္ေတြေၾကာင့္ အဆုတ္ထိခိုက္ခဲ့ရတာ ျဖစ္ၿပီး မနွစ္ကပဲ ေဆးရုံတက္ေရာက္ကာ ကုသမႈ ခံယူခဲ့ရတယ္လို႕ သားျဖစ္သူ ကိုေနဝင္းက ေျပာပါတယ္။

လာမယ့္ဇူလိုင္လ ၁၄ ရက္ေန႔ဟာ ဥဴးကိတၴိသာရရဲ႕ သက္ေတာ္ ၇၁ ႏွစ္ျပည့္ ေမြးေန႔ျဖစ္ၿပီး အႏုပညာေလာကသားေတြအတြက္ ရာသက္ပန္ ပေဒသာပင္ သိန္း ၁၅၀ ကိုလည္း စိုက္ထူေပးခဲ့ပါတယ္။

Source : 7 Day News Journal

(Unicode Version)

ကျန်းမာရေး အခြေအနေကြောင့် မြန်မာနိုင်ငံကို ပြန်လာဖို့ မလွယ်တော့တဲ့ ဥူးကိတ္ထိသာရ (ဦးကျော်ဟိန်း)

သြစတြေးလျနိုင်ငံမှာ ခေတ္တသီတင်းသုံးနေတဲ့ ဥူး ကိတ္ထိသာရ (ဦး ဇင်းဦးကျော်ဟိန်း) ဟာ ကျန်းမာရေး အခြေအနေကြောင့် မြန်မာနိုင်ငံကို ပြန်လာဖို့မလွယ်ကူတော့ဘူးလို့ ဦးဇင်းရဲ့ သားတော်စပ်သူ ကိုနေဝင်း ဆီက သိရပါတယ်။

ဥူးကိတ္ထိသာရဟာ နှလုံး ခွဲစိတ်ကုသမှု ခံယူထားတဲ့အပြင် အဆုတ်အားနည်းတာကြောင့် အောက်စီ ဂျင် အမြဲပေးထားရတာဖြစ်တယ်လို့ ဆိုပါတယ်။လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက သာသနာဘောင့်ဝင်ရောက်သွားတဲ့ ဥူးကိတ္ထိသာရဟာ သြစတြေးလျမှ သီတင်းသုံးနေတာတော့ ငါးနှစ်နီးပါးရှိပါပြီ ။

သရုပ်ဆောင်မင်းသားဘဝမှာ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးဒဏ်တွေကြောင့် အဆုတ်ထိခိုက်ခဲ့ရတာ ဖြစ်ပြီး မနှစ်ကပဲ ဆေးရုံတက်ရောက်ကာ ကုသမှု ခံယူခဲ့ရတယ်လို့ သားဖြစ်သူ ကိုနေဝင်းက ပြောပါတယ်။

လာမယ့်ဇူလိုင်လ ၁၄ ရက်နေ့ဟာ ဥူးကိတ္ထိသာရရဲ့ သက်တော် ၇၁ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး အနုပညာလောကသားတွေအတွက် ရာသက်ပန် ပဒေသာပင် သိန်း ၁၅၀ ကိုလည်း စိုက်ထူပေးခဲ့ပါတယ်။

Source : 7 Day News Journal