ၿမိတ္ၿမိဳ႕တြင္ စည္းကမ္းမဲ့ အမိႈက္ပစ္သူကို ေငြ ၂ သိန္း ဒဏ္ရိုက္ကာ သတင္းေပးသူအား ၁ သိန္း ခြဲေ၀ေပးသည့္ စနစ္ စတင္က်င့္သံုး

ၿမိတ္ၿမိဳ႕တြင္ စည္းကမ္းမဲ့ အမိႈက္ပစ္သူကို ေငြ ၂ သိန္း ဒဏ္ရိုက္ကာ သတင္းေပးသူအား ၁ သိန္း ခြဲေ၀ေပးသည့္ စနစ္ စတင္က်င့္သံုး

ၿမိတ္၊ ဇူလိုင္ ၁၁

ၿမိတ္ၿမိဳ႕ တြင္ မေန႔က စျပီး စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္သူကို ဒဏ္ေငြ(၂)သိန္းဒဏ္ရိုက္ကာ သတင္းေပးသူအား ၁ သိန္းက်ပ္ ခြဲေ၀ေပးသည့္ စနစ္အား က်င့္သံုးလိုက္ျပီဟု ယင္းျမိဳ႕မွ စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးျမတ္ကိုကိုက Popular News ေျပာသည္။

”မေန႔ကစတယ္။ ေနာက္လယ္ရပ္ကြက္က ေခ်ာင္းထဲ အမိႈက္လာပစ္သူကို ဒဏ္ေငြ ၂ သိန္းေဆာင္ခိုင္းလိုက္တယ္။ ၁သိန္းကို သတင္း ေပးတဲ့ သူကို ဆုအျဖစ္ခ်ီးျမွင့္လိုက္တယ္”ဟု ၎က ေျပာသည္။

အသစ္ျပဌာန္းလိုက္ေသာ တနသၤာရီတိုင္းေဒသၾကီးစည္ပင္ဥပေဒတြင္ စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္မႈကို ေငြက်ပ္ ၃ေသာင္းမွ ၃သိန္းအထိ ခ်မွတ္ႏိုင္ေၾကာင္း ျပဌာန္းထားသည္ဟု ဦးျမတ္ကိုကိုက ဆိုသည္။

ယခင္ကဆိုလွ်င္ အမိႈက္ကို စည္ပင္က စနစ္တက်သိမ္းေပးသည့္ အေလ့အထ အားနည္းခဲ့ေၾကာင္း၊ထို႔ေၾကာင့္ စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္မႈအေပၚ အမိႈက္ပစ္ရန္ ေနရာ မရွိ၍ ပစ္ရသည္ဟု အေၾကာင္းျပခ်က္ ေပးႏိုင္ေၾကာင္း၊ယခုတြင္မူ ကားအစီး၂၀ေက်ာ္ျဖင့္ အမိႈက္ကို ဆက္တိုက္သိမ္းေပးေနသည့္အတြက္ ထိုအေၾကာင္းျပခ်က္ ေပး၍ မရေတာ့ေၾကာင္း သူက ဆက္ေျပာသည္။

ဒဏ္ရိုက္အေရးယူသြားမည့္အေၾကာင္းကို လည္း တစ္လခြဲၾကိဳတင္အေၾကာင္းၾကားထားျပီးျဖစ္သည္ဟု စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။

”စည္းကမ္းမဲ့တာကို အေရးယူရမွာပဲ။သတင္းေပးၾကဖို႔လည္း တိုက္တြန္းတယ္။ဒဏ္ေငြကို ကၽြန္ေတာ္တို႔က ဘဏ္ထဲ တစ္ခါတည္းထည့္ ခိုင္းတယ္။ စည္ပင္ခြန္ထဲ ၀င္သြားတယ္”ဟု ၎က ဆိုသည္။

ျမတ္ျမိဳ႕တြင္ က်င့္သံုးသည့္ ယင္းစနစ္ႏွင့္ ပတ္သတ္ျပီး ျမိဳ႕ခံ အေတာ္မ်ားမ်ားက သေဘာတူၾကသည္ဟု သူက ေျပာသည္။

ျမိတ္ျမိဳ႕မွ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚရီရီခ်ိဳက ”ျမိတ္မွာ စည္းကမ္းမဲ့ အမိႈက္ပစ္တာက အေတာ္ေလးကို ဆိုးေနတယ္”ဟု ေျပာသည္။

Photo : Myatkoko Facebook

Source : Popular News Journal

(Unicode Version)

မြိတ်မြို့တွင် စည်းကမ်းမဲ့ အမှိုက်ပစ်သူကို ငွေ ၂ သိန်း ဒဏ်ရိုက်ကာ သတင်းပေးသူအား ၁ သိန်း ခွဲဝေပေးသည့် စနစ် စတင်ကျင့်သုံး

မြိတ်၊ ဇူလိုင် ၁၁

မြိတ်မြို့ တွင် မနေ့က စပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူကို ဒဏ်ငွေ(၂)သိန်းဒဏ်ရိုက်ကာ သတင်းပေးသူအား ၁ သိန်းကျပ် ခွဲဝေပေးသည့် စနစ်အား ကျင့်သုံးလိုက်ပြီဟု ယင်းမြို့မှ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမြတ်ကိုကိုက Popular News ပြောသည်။

”မနေ့ကစတယ်။ နောက်လယ်ရပ်ကွက်က ချောင်းထဲ အမှိုက်လာပစ်သူကို ဒဏ်ငွေ ၂ သိန်းဆောင်ခိုင်းလိုက်တယ်။ ၁သိန်းကို သတင်း ပေးတဲ့ သူကို ဆုအဖြစ်ချီးမြှင့်လိုက်တယ်”ဟု ၎င်းက ပြောသည်။

အသစ်ပြဌာန်းလိုက်သော တနင်္သာရီတိုင်းဒေသကြီးစည်ပင်ဥပဒေတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို ငွေကျပ် ၃သောင်းမှ ၃သိန်းအထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်ဟု ဦးမြတ်ကိုကိုက ဆိုသည်။

ယခင်ကဆိုလျှင် အမှိုက်ကို စည်ပင်က စနစ်တကျသိမ်းပေးသည့် အလေ့အထ အားနည်းခဲ့ကြောင်း၊ထို့ကြောင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုအပေါ် အမှိုက်ပစ်ရန် နေရာ မရှိ၍ ပစ်ရသည်ဟု အကြောင်းပြချက် ပေးနိုင်ကြောင်း၊ယခုတွင်မူ ကားအစီး၂၀ကျော်ဖြင့် အမှိုက်ကို ဆက်တိုက်သိမ်းပေးနေသည့်အတွက် ထိုအကြောင်းပြချက် ပေး၍ မရတော့ကြောင်း သူက ဆက်ပြောသည်။

ဒဏ်ရိုက်အရေးယူသွားမည့်အကြောင်းကို လည်း တစ်လခွဲကြိုတင်အကြောင်းကြားထားပြီးဖြစ်သည်ဟု စည်ပင်သာယာရေးကော်မတီမှ သိရသည်။

”စည်းကမ်းမဲ့တာကို အရေးယူရမှာပဲ။သတင်းပေးကြဖို့လည်း တိုက်တွန်းတယ်။ဒဏ်ငွေကို ကျွန်တော်တို့က ဘဏ်ထဲ တစ်ခါတည်းထည့် ခိုင်းတယ်။ စည်ပင်ခွန်ထဲ ဝင်သွားတယ်”ဟု ၎င်းက ဆိုသည်။

မြတ်မြို့တွင် ကျင့်သုံးသည့် ယင်းစနစ်နှင့် ပတ်သတ်ပြီး မြို့ခံ အတော်များများက သဘောတူကြသည်ဟု သူက ပြောသည်။

မြိတ်မြို့မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချိုက ”မြိတ်မှာ စည်းကမ်းမဲ့ အမှိုက်ပစ်တာက အတော်လေးကို ဆိုးနေတယ်”ဟု ပြောသည်။

Photo : Myatkoko Facebook

Source : Popular News Journal