အႏၲရာယ္႐ွိေသာ ဗုိင္းရပ္စ္ပိုး အသစ္တစ္မ်ိဳးကို ျမန္မာျပည္က လင္းႏို႔ေတြမွာ ေတြ႕႐ွိ

အရင္က မျမင္ဖူးတဲ့ ဗုိင္းရပ္စ္ပုိးတမ်ဳိးကုိ ျမန္မာႏုိင္ငံက လင္းႏုိ႔ေတြမွာ ေတြ႔ရွိခဲ့ရျပီး အဲဒီ ဗုိင္းရပ္စ္ဟာ SARS နဲ႔ MARS ေခၚ အသက္ရွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါေတြကုိျဖစ္ပြားေစတဲ့ ဗုိင္းရပ္အမ်ိဳးအစားမွာ ပါဝင္ေနေၾကာင္း အေမရိကန္ သိပံၸပညာရွင္ေတြက ေျပာဆုိလုိက္ပါတယ္။

PREDICT လုိ႔ေခၚတဲ့ ကမာၻတလႊား ဗုိင္းရပ္စ္ ရွာေဖြေရးအဖြဲ႔ၾကီးက အဲဒီလုိ ေတြ႔ရွိခဲ့တာကုိ မေန႔ကျဖန္႔ခ်ိတဲ့ စမစ္ဆုိနီယံ မဂၢဇင္းမွာ ေဖၚျပထားတာပါ။ ျမန္မာႏုိင္ငံက လင္းႏုိ႔၊ ေမ်ာက္နဲ႔ ၾကြက္ေတြရဲ႕ ေသြး၊ သြားရည္၊ က်င္ငယ္ နဲ႔ မစင္ေတြကုိ ၃ ႏွစ္ေက်ာ္ စုေဆာင္းေလ့လာခဲ့ျပီးေနာက္ အခုလုိေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံတလႊားက စုေဆာင္းရရွိခဲ့တဲ့ အဲဒီ နမူနာ ၁၅ဝဝ ေက်ာ္ကုိ စစ္ေဆးဖုိ႔ က်န္ရွိေနေသးျပီး ျမန္မာနဲ႔ အေမရိကန္ျပည္ေထာင္စုက ဓါတ္ခြဲခန္းေတြမွာ ဆက္လက္ ေဆာင္ရြက္မယ္လုိ႔ ဆုိပါတယ္။

ျမန္မာႏုိင္ငံဟာ အေရွ႕ေတာင္အာရွေဒသရဲ႕ ဗဟုိခ်က္မမွာ တည္ရွိတဲ့အတြက္ ဒီဗုိင္းရပ္စ္ဟာ တျခားေဒသေတြကုိ ပ်ံ႕ႏွံ႔သြားမွာျဖစ္လုိ႔ အခုေတြ႔ရွိခ်က္ဟာ အင္မတန္အေရးၾကီးတယ္လုိ႔လည္း PREDICT အဖြဲ႔ဝင္ သားရုိင္းတိရိစာၦန္ဆုိင္ရာ ပညာရွင္တဦးက ေျပာပါတယ္။

Source : RFA Burmese

(Unicode Version)

အန္တရာယ်ရှိသော ဗိုင်းရပ်စ်ပိုး အသစ်တစ်မျိုးကို မြန်မာပြည်က လင်းနို့တွေမှာ တွေ့ရှိ

အရင်က မမြင်ဖူးတဲ့ ဗိုင်းရပ်စ်ပိုးတမျိုးကို မြန်မာနိုင်ငံက လင်းနို့တွေမှာ တွေ့ရှိခဲ့ရပြီး အဲဒီ ဗိုင်းရပ်စ်ဟာ SARS နဲ့ MARS ခေါ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုဖြစ်ပွားစေတဲ့ ဗိုင်းရပ်အမျိုးအစားမှာ ပါဝင်နေကြောင်း အမေရိကန် သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။

PREDICT လို့ခေါ်တဲ့ ကမ္ဘာတလွှား ဗိုင်းရပ်စ် ရှာဖွေရေးအဖွဲ့ကြီးက အဲဒီလို တွေ့ရှိခဲ့တာကို မနေ့ကဖြန့်ချိတဲ့ စမစ်ဆိုနီယံ မဂ္ဂဇင်းမှာ ဖေါ်ပြထားတာပါ။ မြန်မာနိုင်ငံက လင်းနို့၊ မျောက်နဲ့ ကြွက်တွေရဲ့ သွေး၊ သွားရည်၊ ကျင်ငယ် နဲ့ မစင်တွေကို ၃ နှစ်ကျော် စုဆောင်းလေ့လာခဲ့ပြီးနောက် အခုလိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတလွှားက စုဆောင်းရရှိခဲ့တဲ့ အဲဒီ နမူနာ ၁၅ဝဝ ကျော်ကို စစ်ဆေးဖို့ ကျန်ရှိနေသေးပြီး မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုက ဓါတ်ခွဲခန်းတွေမှာ ဆက်လက် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသရဲ့ ဗဟိုချက်မမှာ တည်ရှိတဲ့အတွက် ဒီဗိုင်းရပ်စ်ဟာ တခြားဒေသတွေကို ပျံ့နှံ့သွားမှာဖြစ်လို့ အခုတွေ့ရှိချက်ဟာ အင်မတန်အရေးကြီးတယ်လို့လည်း PREDICT အဖွဲ့ဝင် သားရိုင်းတိရိစ္ဆာန်ဆိုင်ရာ ပညာရှင်တဦးက ပြောပါတယ်။

Source : RFA Burmese