လူတိုင္းအတြက္ စကၠန္႔ ၆၀ အတြင္း အိပ္ေမာက်ေစမည့္ အသက္႐ွဴ ေလ့က်င့္ခန္း

စိတ္ဖိစီးမႈေၾကာင့္ပဲျဖစ္ျဖစ္ ညဖက္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖို႔ခက္ေနလား။ ၄-၇-၈ ဆိုတဲ့ အသက္ရႈေလ့က်င့္ခန္းတစ္ခုကို မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီနည္းလမ္းက ဦးေႏွာက္ကေန ေတြးေနတဲ့အေတြးေတြကို ရပ္တန္႔ၿပီး အိပ္ေမာက်ေစဖို႔ အကူအညီျဖစ္ေစမွာပါ။

ဒီနည္းလမ္းကိုေတာ့ အေမရိကန္က နာမည္ေက်ာ္ ဆရာ၀န္တစ္ဦးျဖစ္တဲ့ Dr. Andrew Weil က ေျပာျပေပးခဲ့တာပါ။ ဒါက သင့္ရဲ့ အသက္ရႈတဲ့နည္းလမ္းကို ပံုမွန္ျဖစ္ေအာင္ ထိန္းခ်ဳပ္ေပးႏိုင္တဲ့နည္းလမ္းလည္းျဖစ္ပါတယ္။ အရမ္းကိုစိတ္၀င္စားစရာေကာင္းၿပီး အဆုတ္ထဲမွာ ေအာက္စီဂ်င္ေရာက္ရွိမႈလည္း ပိုေကာင္းတယ္သလို စိတ္ကိုလည္း တည္ၿငိမ္ေစတယ္လို႔ ဆိုပါတယ္။

တခ်ိဳ႕သူေတြဟာ စိတ္ဖိစီးမႈေၾကာင့္ ညအိပ္ယာမ၀င္ခင္ TV Screen ေတြ ကြန္ပ်ဴတာေတြ ဖုန္းေတြ အၾကည့္မ်ားတာေၾကာင့္ပဲျဖစ္ျဖစ္ အေတြးမ်ားလို႔ပဲျဖစ္ျဖစ္ အိပ္မေပ်ာ္ၾကပါဘူး။ ကိုယ့္ရဲ့ ဦးေႏွာက္ကေန ေတာင္စဥ္ေရမရ ေလွ်ာက္ေတြးေနတဲ့ အေတြးေတြကို ရပ္ပစ္လိုက္ဖို႔က တကယ္ကိုခက္ခဲပါတယ္။

၄ ၊ ၇ နဲ႔ ၈ ဆိုတာဘာလဲဆိုတဲ့ ေမးခြန္းရွိပါတယ္။ Dr. Andrew Weil ကေတာ့ ဒီကုသနည္းဟာ စိတ္ဖိစီးမႈကို တန္ျပန္တုန္႔ျပန္တဲ့သေဘာျဖစ္တယ္လို႔ဆိုပါတယ္။ နည္းလမ္းကလည္း လြယ္ကူၿပီးရိုးရွင္ပါတယ္။

အရင္ဆံုး အသက္ကို ၄ စကၠန္႔ေလာက္ ရႈသြင္းပါ။ ၇ စကၠန္႔ေလာက္ ေအာင့္ထားပါ။ ၿပီးရင္ ၈ စကၠန္႔ေလာက္ ေလျပန္ထုတ္ေပးပါ။ လြယ္တယ္ေနာ္။ ဒီနည္းလမ္းက ႏွလံုးခုန္ႏႈန္းကို တျဖည္းျဖည္းေႏွးသြားၿပီး ဦးေႏွာက္ထဲက အေတြးေတြကို သက္သာေစသလို သင့္ကိုလည္း စိတ္တည္ၿငိမ္ေစမွာျဖစ္ပါတယ္။

ညဖက္အိပ္မေပ်ာ္ျဖစ္ေနတယ္ဆိုရင္ ဒီနည္းလမ္းေလးကို စမ္းသပ္ၾကည့္ဖို႔ အႀကံျပဳလိုပါတယ္။ ရိုးရွင္းလြယ္ကူၿပီး အပန္းမႀကီးပါဘူး။ စာဖတ္သူတို႔ စိတ္ဖိစီးမႈ ကင္းေ၀းၿပီး ညဖက္မွာ အိပ္မက္လွလွမက္ၾကပါေစ။

Source : My Style Myanmar

(Unicode Version)

လူတိုင်းအတွက် စက္ကန့် ၆၀ အတွင်း အိပ်မောကျစေမည့် အသက်ရှူ လေ့ကျင့်ခန်း

စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ခက်နေလား။ ၄-၇-၈ ဆိုတဲ့ အသက်ရှုလေ့ကျင့်ခန်းတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီနည်းလမ်းက ဦးနှောက်ကနေ တွေးနေတဲ့အတွေးတွေကို ရပ်တန့်ပြီး အိပ်မောကျစေဖို့ အကူအညီဖြစ်စေမှာပါ။

ဒီနည်းလမ်းကိုတော့ အမေရိကန်က နာမည်ကျော် ဆရာဝန်တစ်ဦးဖြစ်တဲ့ Dr. Andrew Weil က ပြောပြပေးခဲ့တာပါ။ ဒါက သင့်ရဲ့ အသက်ရှုတဲ့နည်းလမ်းကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးနိုင်တဲ့နည်းလမ်းလည်းဖြစ်ပါတယ်။ အရမ်းကိုစိတ်ဝင်စားစရာကောင်းပြီး အဆုတ်ထဲမှာ အောက်စီဂျင်ရောက်ရှိမှုလည်း ပိုကောင်းတယ်သလို စိတ်ကိုလည်း တည်ငြိမ်စေတယ်လို့ ဆိုပါတယ်။

တချို့သူတွေဟာ စိတ်ဖိစီးမှုကြောင့် ညအိပ်ယာမဝင်ခင် TV Screen တွေ ကွန်ပျူတာတွေ ဖုန်းတွေ အကြည့်များတာကြောင့်ပဲဖြစ်ဖြစ် အတွေးများလို့ပဲဖြစ်ဖြစ် အိပ်မပျော်ကြပါဘူး။ ကိုယ့်ရဲ့ ဦးနှောက်ကနေ တောင်စဉ်ရေမရ လျှောက်တွေးနေတဲ့ အတွေးတွေကို ရပ်ပစ်လိုက်ဖို့က တကယ်ကိုခက်ခဲပါတယ်။

၄ ၊ ၇ နဲ့ ၈ ဆိုတာဘာလဲဆိုတဲ့ မေးခွန်းရှိပါတယ်။ Dr. Andrew Weil ကတော့ ဒီကုသနည်းဟာ စိတ်ဖိစီးမှုကို တန်ပြန်တုန့်ပြန်တဲ့သဘောဖြစ်တယ်လို့ဆိုပါတယ်။ နည်းလမ်းကလည်း လွယ်ကူပြီးရိုးရှင်ပါတယ်။

အရင်ဆုံး အသက်ကို ၄ စက္ကန့်လောက် ရှုသွင်းပါ။ ၇ စက္ကန့်လောက် အောင့်ထားပါ။ ပြီးရင် ၈ စက္ကန့်လောက် လေပြန်ထုတ်ပေးပါ။ လွယ်တယ်နော်။ ဒီနည်းလမ်းက နှလုံးခုန်နှုန်းကို တဖြည်းဖြည်းနှေးသွားပြီး ဦးနှောက်ထဲက အတွေးတွေကို သက်သာစေသလို သင့်ကိုလည်း စိတ်တည်ငြိမ်စေမှာဖြစ်ပါတယ်။

ညဖက်အိပ်မပျော်ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးကို စမ်းသပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။ ရိုးရှင်းလွယ်ကူပြီး အပန်းမကြီးပါဘူး။ စာဖတ်သူတို့ စိတ်ဖိစီးမှု ကင်းဝေးပြီး ညဖက်မှာ အိပ်မက်လှလှမက်ကြပါစေ။

Source : My Style Myanmar