Credit : Thein Than Soe
(Unicode Version)
ပြင်ဦးလွင်မြို့ သုံးတောင်ရွာမှာ ဖွင့်ထားတဲ့ ဘော်ဒါဆောင်ကို အနုကြမ်းဝင်စီးတဲ့ အမျိုးသမီးတစ်ဦး
၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ နေ့လည် (၁၄:၀၀) အချိန် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ သုံးတောင်ရွာရှိ ဦးကျော်မြိုင် +ဒေါ်မြင့်မြင့်မော် တို့မိသားစုဖွင့်လှစ်ထားသည့် “မြင့်မြတ်မေ” အမျိုးသမီး ဘော်ဒါဆောင်တွင် ဘော်ဒါဆောင် ပိုင်ရှင် ဒေါ်မြင့်မြင့်မော် တစ်ဦးတည်း ရှိနေခိုက် အနုကြမ်းစီး မှုတစ်ခု ဖြစ်ပွားခဲ့သည်။
အနုကြမ်းစီးသူမှာလည်း အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရှိရပြီး ဖြစ်စဉ် ဖြစ်ပွားခြင်း ခြံနီးပါတ်ဝန်းကျင် လူများမှ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ခြင်းကြောင့် တရားခံ အမျိုးသမီးအား လက်ရောက်ဖမ်းဆီးနိုင်ခဲ့ပြီး သက်ဆိုင်ရာ ပြင်စာ ရဲစခန်းတွင် ဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
အနုကြမ်းစီးတာတွေ သတိထားနိုင်အောင်ပါ
ဟိုးအရင်နှစ်က စည်ပင်ဝန်ထမ်းအမျိုးသမီး ရုပ်ရည်က မထင်ရဘူး။ ဆေးလာဖျန်းသလိုနဲ့ အဖွားအိုတယောက်ထဲ အိမ်မှာရှိနေတုန်း လည်ပင်းက်ု ဘောပင်နဲ့ထောက်ပြီး အနုကြမ်းစီးဖူးတယ်။ လူတွေဝိုင်းဖမ်းလို ပြေးချိန်မရဘူး။
အခုလဲ ဒီအမျိုးသမီးက အရင်က အိမ်ကိုရောက်ဖူးတယ်တဲ့။ လက်ထဲမှာ ပန်းစီးကိုင်လာတယ်။ ပန်းစီးထဲမှာ ဓါးတစ်ချောင်းနဲ့ ထင်းတုံးကြီးပါတယ်။ ဒီဖြစ်စဉ်က အနုကြမ်းစီးချင်တာလား ရန်ငြိူးနဲ့ အန္တရယ်ပေးချင်တာလား သေချာမသိသေးပေမဲ့ ရဲတင်းလွန်းတာကို သတိပေးချင်တာပါ ။
ပြီးတော့ ကြိုတင်ကြံစည်တဲ့ အနုကြမ်းစီးတာတွေကို ကြည့်ရင် ဓါတ်သိတွေ ဖြစ်တာများတယ်။ အိမ်မှာ ဘယ်သူကျန်ခဲ့လဲ ဆိုတာ အမြဲလေ့လာနေလေ့ရှိတယ်။ လူပြတ်တဲ့နေရာမှာ နေတဲ့ သူတွေ သတိထားဘို့လိုပါတယ် ။ပင်စင်စား သက်ကြီးရွယ်အို မိဘများလဲ သတိထားဖို့ လိုပါတယ်။
ကျွန်မတို့အသိ ပင်စင်စား ဗိုလ်မှုးကြီးတယောက်ဆို သူ့က်ုသတ်သွားတဲ့သူဟာ ဓါတ်သိထဲကပါဘဲ အရင်က ဘုန်းကြီးဝတ်ပြီး အိမ်ကိုတောင် ဆွမ်းခံကြွဖူးသတဲ့။ သူတို့က မျက်လုံးသိပ်မကောင်းတာကို တဖက်လူက သိထားတော့ အဲဒါကို အခွင့်ကောင်းယူတာပါ။ အဖိုးကြီးကလဲ စစ်သားဆိုတော့ ပြန်ပြီး ခုခံတာ ဓါးထိုးခံရပြီး ဆုးံသွားတယ်။
ဖြစ်နိုင်ရင် တံခါးကိုလွယ်လွယ်မဖွင့်ပါနဲ့။ ကလေးတွေလဲ သင်ထားရမှာပါ။ မင်္သကာရင် အိမ်သားအားလုးံကို Alert လုပ်ထားပြီး အကောင်းဆုးံက မိမိအိမ်အခြေအနေတွေကို လွယ်လွယ်အကဲမခတ်နိုင်အောင် ထားရင် ပိုကောင်းပါတယ်။
နောက်ပြီး ပတ်ဝန်းကျင်ကောင်းရှိဖို့လိုပါတယ်။ ဘေးပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ သိတ်မကွာဟတဲ့နေရာမျိုးဟာ စိတ်ချရပါတယ် ။ကိုယ့်တအိမ်ထဲ အာရုံစိုက်စရာကောင်းအောင် ချမ်းသာပြနေရင်လဲ အန္တရယ်များပါတယ်။ ဒါ့ကြောင့် များသောအားဖြင့် ကိုယ်နဲ့ level တူတဲ့နေရာတွေ မှာ ရွေးချယ်နေထိုင်တာ နောက်ကြောင်းတစ်ဝက် အေးပါတယ်။
အခုခေတ်က ရွှေတွေအများကြီးဝတ်ပြရင် အန္တရယ်ကို လက်ယပ်ခေါ်နေသလို ကြောက်ရတဲ့ အနေအထားပါ ။ ၇ ရက်သားသမီးအားလုးံ ဘေးရန်ကင်းရှင်းပါစေ။
Credit : Thein Than Soe