ဗိုလ္လုပြဲမွာ မေလး႐ွားအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည့္ ျမန္မာ ယူ ၁၉ အသင္း

ဆီမီးဖိုင္နယ္တြင္ လက္ရွိခ်န္ပီယံ ထိုင္းအသင္းကို အနိုင္ယူကာ ဗိုလ္လုပြဲအဆင့္သို ့ တက္ေရာက္နိုင္ခဲ့သည့္ ျမန္မာယူ ၁၉ အသင္းသည္ ဗိုလ္လုပြဲတြင္ မေလးရွားအသင္းႏွင့္ ေတြ ့ဆံု ယွဥ္ၿပိဳင္သြားရမည္ျဖစ္သည္။

မေန႔က ယွဥ္ၿပိဳင္ကစားခဲ့သည့္ အာဆီယံယူ ၁၉ ခ်န္ပီယံရွစ္ ဆီမီးဖိုင္နယ္ပြဲစဥ္မ်ားတြင္ ျမန္မာအသင္းက ထိုင္းအသင္းကို ၁-၀ ဂိုး| မေလးရွားအသင္းက အိမ္ရွင္ အင္ဒိုနီးရွားအသင္းကို ပင္နယ္တီ အဆံုးအျဖတ္တြင္ ၄-၃ ဂိုးတို့ျဖင့္ အသီးသီး အနိုင္ရရွိခဲ့ၾကသည္။

ျမန္မာအသင္းသည္ ဗိုလ္လုပြဲသို ့ တက္ေရာက္နိုင္ခဲ့ျခင္းေၾကာင့္ ၂၀၀၅ ခုႏွစ္ ေနာက္ပိုင္း ခ်န္ပီယံဆု တစ္ေက်ာ့ျပန္ ဆြတ္ခူးနိုင္ရန္ လက္တစ္ကမ္း အလိုသို ့ ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။

တတိယေနရာလုပြဲႏွင့္ ဗိုလ္လုပြဲစဥ္အား ဇူလိုင္ ၁၄ ရက္ေန ့တြင္ ဆက္လက္က်င္းပသြားမည္ျဖစ္သည္။

Source : Myanmar Football Federation

(Unicode Version)

ဗိုလ်လုပွဲမှာ မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် မြန်မာ ယူ ၁၉ အသင်း

ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံ ထိုင်းအသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် မြန်မာယူ ၁၉ အသင်းသည် ဗိုလ်လုပွဲတွင် မလေးရှားအသင်းနှင့် တွေ့ဆုံ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

မနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် အာဆီယံယူ ၁၉ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၁-၀ ဂိုး| မလေးရှားအသင်းက အိမ်ရှင် အင်ဒိုနီးရှားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်တွင် ၄-၃ ဂိုးတို့ဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြသည်။

မြန်မာအသင်းသည် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းကြောင့် ၂၀၀၅ ခုနှစ် နောက်ပိုင်း ချန်ပီယံဆု တစ်ကျော့ပြန် ဆွတ်ခူးနိုင်ရန် လက်တစ်ကမ်း အလိုသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်အား ဇူလိုင် ၁၄ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

Source : Myanmar Football Federation