Photo by Kyaw Oo
Zinmoe
(Unicode Version)
ကျောက်တန်း ရေလယ်ဘုရားသွားရင် ဒါလေးကို အားလုံး သတိထားကြပါ
ကျောက်တန်း ရေလယ် ဘုရားမှာပါ ။ အမြင် မတော်တာတွေ တွေ့ပေမဲ့ မပြောတော့တာကြာ ပါပြီ။ ဒါပေမဲ့ အခု ရေလယ်ကျောက်တန်း ဘုရားမှာတွေ့ရတဲ့ စတီး အချွန် အတက်တွေ ကတော့ ဘာမှ အကျိုးမရှိတဲ့ အပြင် လူထုအတွက် အလွန် အန္တရာယ်များလို့ ရေးလိုက်ပါတယ် ။
လမ်းဘေး က ပလက်ဖေါင်း ကို ကာထားတဲ့ စတီးအကာပါ။ ၂ ပေလောက်ပဲ မြင့်ပါတယ် ။ အဲဒီ မှာတပ်ထားတဲ့ စတီး အချွန်တွေ သွားစမ်းကြည့် တာ အလွန် ကြောက် စရာကောင်းပါတယ်။ လဲ ကျသွားတဲ့ သူ ကို သေစေ နိုင်လောက်အောင် ချွန် ထက်မြက်ပါတယ် ။ ပုံထဲ မှာ ကြည့်ပါ ။
ကာထား အတွက် ဘာမှကို အကျိုး မရှိပါဘူး။ လမ်းသွားလမ်းလာ တွေ အလွန် တရာ မှ အန္တာရာယ် များပါတယ် ။ ကလေးတွေ အတွက်ဆို ပိုများပါတယ် ။ သူတို့ မျက်လုံး နဲ့ တတန်းထဲလောက်ပါ။ နိုင်ငံ ခြားသားတွေလဲ သွားလာနေတာပါ။
ကျွန်တော့် ရဲ့ public safety အမြင် ကတော့ အမြန်ဆုံးဖျက်သင့်ပြီး သင့်တော်တဲ့ အကာအရံ လုပ်သင့်ပါတယ်။ ဘယ်လိုမှ public area မှာ သင့်တော်တဲ့ တည်ဆောက်ထားတဲ့ design မဟုတ်ပါ ။ တာဝန် ရှိ လူကြီး မင်းများခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Photo by Kyaw Oo
Zinmoe