ဆရာတစ္ေယာက္ေျပာတဲ့ စကားေလးပါ အရမ္းေကာင္းလို႔ ျပန္မွ်ေဝပါတယ္

ဆရာတစ္ေယာက္ေျပာတဲ့ စကားေလးပါ။ တစ္ခါက သိန္းငွက္ဥေလး တစ္လံုးဟာ အသိုက္ကေန ေအာက္ကိုက်ေနတယ္။

အဲ့ဒါကိုလယ္သမားႀကီးတစ္ေယာက္က ျမင္တယ္တဲ့။ ဒါနဲ႔ပဲလယ္သမားႀကီး ျပန္ထည့္ေပးဖို႔ႀကိဳးစားေပမယ့္ အသိုက္ကျမင့္ေတာ့ သူလည္း မတတ္နိုင္ပဲျဖစ္ေနတာေပါ့။ ဒါနဲ႔လယ္သမားႀကီးက သူ႔အိမ္ထဲက ၾကက္ၿခံထဲကို ထည့္ထားလိုက္တယ္။

ၾကက္မႀကီးကလည္း သူ႔ဥေတြနဲ႔အတူ ဝပ္တာေပါ့။ ၾကက္ကေလးေတြလည္း အေကာင္ေပါက္လာေရာ ၾကက္ကေလးေတြနဲ႔အတူ သိန္းငွက္ပါ အေကာင္ေပါက္လာတာေပါ့။

ဒါေပမယ့္သိန္းငွက္က သူ႔ကိုယ္သူ သိန္းငွက္မွန္း မသိဘူးတဲ့။ ဘာလိုလဲဆိုေတာ့ သူ႔ပတ္ဝန္းက်င္မွာ ၾကက္ကေလးေတြပဲ ေတြ႕ရလို႕ေလ။ သူ႔ကိုယ္သူ ပ်ံနိုင္မွန္းလည္း မသိဘူး။

တစ္ေန႔က်ေတာ့ ေကာင္းကင္မွာ သိန္းငွက္ႀကီး တစ္ေကာင္ပ်ံေနတာကို ၾကက္ကေလးေတြက ျမင္ေတာ့ ၾကက္ကေလးေတြက ေျပာတယ္။ အဲ့ဒါေကာင္ကင္ရဲ႕ ဘုရင္ပဲတဲ့။

အဲ့ဒါနဲ႔ေျမျပင္က သန္းငွက္က ေမာ့ၾကည့္ၿပီး ေၾသာ္ဒါေကာင္းကင္က ဘုရင္ကိုးလို႔ ေတြးတယ္။ ေကာင္းကင္က သိန္းငွက္ကေတာ့ ေျမျပင္ကိုလည္းၾကည့္ေရာ သူ႔မ်က္လံုး သူမယံုဘူးတဲ့။

ဒါနဲ႔ေနာက္တစ္ေခါက္ ေလထဲဝဲၿပီး ျပန္ၾကည့္ေတာ့ ၾကက္ကေလးေတြ ၾကားထဲမွာေနေနတဲ့ သိန္းငွက္ကိုေတြ႕ေတာ့ တဟုန္ထိုးဆင္းလာၿပီး “ေဟ့ေကာင္မင္းဒီမွာ ဘာလုပ္ေနတာလဲ ” လို႔ေမးတယ္။

သိန္းငွက္ကလည္း ဘာျဖစ္လို႔လဲလို႔ေမးေတာ့၊ မင္းက ပ်ံသန္းရမွာေလလို႔ ျပန္ေျပာတယ္။ ေအာက္ကသိန္းငွက္က ငါပ်ံလို႔ရလားလို႔ ျပန္ေမးတယ္။ ေအးပ်ံလို႔ရတာေပါ့ မင္းကိုယ္မင္းလည္း ျပန္ၾကည့္ဦး ငါနဲ႔ မတူဘူးလားလို႔ ေမးတယ္။

အင္းငါသူနဲ႔တူတာပဲ ငါပ်ံသန္းလို႔ရတာပဲလို႔ ေတြးတယ္။ ဒါနဲ႔သူပ်ံသန္းၾကည့္တာ ဟိုးအျမင့္ဆံုးထိ ေရာက္သြားတယ္။

အဲ့ဒီလိုပဲ ကြၽန္ေတာ္တို႔ကလည္း ေမြးလာထဲကသိန္းငွက္ျဖစ္ခြင့္ရွိလ်ွက္နဲ႔ ပတ္ဝန္းက်င္ေၾကာင့္ၾကက္ကေလးေတြျဖစ္ေနၾကရတယ္။ ဒါေပမယ့္ လူတိုင္းက နဂိုထဲက ဘဝမွာေအာင္ျမင္လို႔ ရရဲ႕သားနဲ႔ ေအာင္ျမင္ဖို႔ နည္းလမ္းေတြကို မရွာၾကဘူး။ ၾကက္ကေလးေတြလိုပဲ ေနေနၾကတယ္။

သင္ေရာသိန္းငွက္လုပ္မွာလား။ ၾကက္ကေလးလုပ္မွာလား။

Credit : Mg Bo Kyaw

(Unicode Version)

ဆရာတစ်ယောက်ပြောတဲ့စကားလေးပါ။ တစ်ခါက သိန်းငှက်ဥလေး တစ်လုံးဟာ အသိုက်ကနေ အောက်ကိုကျနေတယ်။

အဲ့ဒါကိုလယ်သမားကြီးတစ်ယောက်က မြင်တယ်တဲ့။ ဒါနဲ့ပဲလယ်သမားကြီး ပြန်ထည့်ပေးဖို့ကြိုးစားပေမယ့် အသိုက်ကမြင့်တော့ သူလည်း မတတ်နိုင်ပဲဖြစ်နေတာပေါ့။ ဒါနဲ့လယ်သမားကြီးက သူ့အိမ်ထဲက ကြက်ခြံထဲကို ထည့်ထားလိုက်တယ်။

ကြက်မကြီးကလည်း သူ့ဥတွေနဲ့အတူ ဝပ်တာပေါ့။ ကြက်ကလေးတွေလည်း အကောင်ပေါက်လာရော ကြက်ကလေးတွေနဲ့အတူ သိန်းငှက်ပါ အကောင်ပေါက်လာတာပေါ့။

ဒါပေမယ့်သိန်းငှက်က သူ့ကိုယ်သူ သိန်းငှက်မှန်း မသိဘူးတဲ့။ ဘာလိုလဲဆိုတော့ သူ့ပတ်ဝန်းကျင်မှာ ကြက်ကလေးတွေပဲ တွေ့ရလို့လေ။ သူ့ကိုယ်သူ ပျံနိုင်မှန်းလည်း မသိဘူး။

တစ်နေ့ကျတော့ ကောင်းကင်မှာ သိန်းငှက်ကြီး တစ်ကောင်ပျံနေတာကို ကြက်ကလေးတွေက မြင်တော့ ကြက်ကလေးတွေက ပြောတယ်။ အဲ့ဒါကောင်ကင်ရဲ့ ဘုရင်ပဲတဲ့။

အဲ့ဒါနဲ့မြေပြင်က သန်းငှက်က မော့ကြည့်ပြီး သြော်ဒါကောင်းကင်က ဘုရင်ကိုးလို့ တွေးတယ်။ ကောင်းကင်က သိန်းငှက်ကတော့ မြေပြင်ကိုလည်းကြည့်ရော သူ့မျက်လုံး သူမယုံဘူးတဲ့။

ဒါနဲ့နောက်တစ်ခေါက် လေထဲဝဲပြီး ပြန်ကြည့်တော့ ကြက်ကလေးတွေ ကြားထဲမှာနေနေတဲ့ သိန်းငှက်ကိုတွေ့တော့ တဟုန်ထိုးဆင်းလာပြီး “ဟေ့ကောင်မင်းဒီမှာ ဘာလုပ်နေတာလဲ ” လို့မေးတယ်။

သိန်းငှက်ကလည်း ဘာဖြစ်လို့လဲလို့မေးတော့၊ မင်းက ပျံသန်းရမှာလေလို့ ပြန်ပြောတယ်။ အောက်ကသိန်းငှက်က ငါပျံလို့ရလားလို့ ပြန်မေးတယ်။ အေးပျံလို့ရတာပေါ့ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး ငါနဲ့ မတူဘူးလားလို့ မေးတယ်။

အင်းငါသူနဲ့တူတာပဲ ငါပျံသန်းလို့ရတာပဲလို့ တွေးတယ်။ ဒါနဲ့သူပျံသန်းကြည့်တာ ဟိုးအမြင့်ဆုံးထိ ရောက်သွားတယ်။

အဲ့ဒီလိုပဲ ကျွန်တော်တို့ကလည်း မွေးလာထဲကသိန်းငှက်ဖြစ်ခွင့်ရှိလျှက်နဲ့ ပတ်ဝန်းကျင်ကြောင့်ကြက်ကလေးတွေဖြစ်နေကြရတယ်။ ဒါပေမယ့် လူတိုင်းက နဂိုထဲက ဘဝမှာအောင်မြင်လို့ ရရဲ့သားနဲ့ အောင်မြင်ဖို့ နည်းလမ်းတွေကို မရှာကြဘူး။ ကြက်ကလေးတွေလိုပဲ နေနေကြတယ်။

သင်ရောသိန်းငှက်လုပ်မှာလား။ ကြက်ကလေးလုပ်မှာလား။

Credit : Mg Bo Kyaw