႐ုပ္႐ွင္သ႐ုပ္ေဆာင္ သီဟတင္စုိး အဓမၼက်င့္မႈျဖင့္ အမႈဖြင့္ခံရ

သီဟတင္စုိးရဲ႕ေနအိမ္မွာ ၂၀၁၈ ခုနွစ္ ဇူလုိင္လ ၅ ရက္ေန႔က စတင္ျပီး အိမ္အကူအျဖစ္ ၀င္ေရာက္ လုပ္ကုိင္ေနတဲ့ အသက္ ၄၀ အရြယ္ မခင္မာျမင့္လုိ႔ေခၚတဲ့ အမ်ိဳးသမီးကုိ အဓမၼက်င့္တယ္လုိ႔ တုိင္တန္းမႈရွိခဲ့တာေၾကာင့္အေရးယူေဆာင္ရြက္မႈေတြျပဳလုပ္ထားတယ္လို႔ သု၀ဏၰနယ္ေျမရဲစခန္းကသိရပါတယ္။

ျဖစ္စဥ္ကေတာ့ ဇူလုိင္လ ၁၃ ရက္ေန႔ မွာ မခင္မာျမင့္ဟာ သီဟတင္စုိးရဲ႕ဇနီးျဖစ္သူ နဲ႔ သားျဖစ္သူအျပင္ကုိ ထြက္ခြာသြားတဲ့ အခ်ိန္ ေနအိမ္အတြင္း ည ၈ နာရီေလာက္မွာ သူရဲ႕ အလုပ္ေတြျပီးလုိ႔ သူေနရာက ကုတင္ေပၚမွာ ထုိင္ေနတဲ့ အခ်ိန္ သီဟတင္စုိးေရာက္ရွိလာျပီး အေနာက္ကုိ တြန္းလွဲျပီး ၁၅ မိနစ္ၾကာ အဓမၼျပဳက်င့္ခဲ့တယ္လုိ႔ ရဲတပ္ဖြဲ႔သတင္းကဆုိပါတယ္။

အဓမၼျပဳက်င့္ေနစဥ္ မခင္မာျမင့္က ပတ္၀န္းက်င္ကုိ အကူအညီေတာင္းေပမယ့္ မုိးမ်ားရြာေနတာေၾကာင့္ ဘယ္သူမွမၾကားႏုိင္ခဲ့ေၾကာင္း၊ အဲ့ဒီေနာက္ သီဟတင္စုိးက အျခားသူေတြကုိုျပန္ေျပာရင္ သတ္မယ္လုိ႔ျခိမ္းေျခာက္မႈျပဳလုပ္ခဲ့တယ္လုိ႔ ရဲမွတ္တမ္းအရ သိရပါတယ္။

အဲ့ဒီေနာက္ သီဟတင္စုိးရဲ႕ဇနီးနဲ႕သားျပန္ေရာက္လာေပမယ့္လည္းျခိမ္းေျခာက္ထားတာေၾကာင့္ မေျပာျပရဲဘဲ အိပ္ရာ၀င္ခဲ့ရျပီးေနာက္တေန႔ ဇူလုိင္ ၁၄ ရက္ေန႔မွာ ေက်ာက္ေျမာင္းမွာ တည္းခုိေနထုိင္တဲ့ အေဒၚ ၂ ၀မ္းကြဲျဖစ္သူ ေဒၚညိဳကုိအက်ိဳးအေၾကာင္းေျပာျပျပီး လာေရာက္အမႈဖြင့္တုိင္တန္းထားတာလုိ႔ ဆုိပါတယ္။

“ရုပ္ရွင္သရုပ္ေဆာင္ သီဟတင္စုိးဟုတ္ပါတယ္။ ကြ်န္ေတာ္တုိ႔ ဆက္လက္ေဆာင္ရြက္ေနပါတယ္။ ေလာေလာဆယ္ေတာ့ ပုဒ္မ ၃၇၆ နဲ႔ အမႈဖြင့္ေဆာင္ရြက္ထားပါတယ္။”လုိ႔ သု၀ဏၰနယ္ေျမရဲဲစခန္းက ဒုရဲအုပ္ေက်ာ္မင္းသူ ကေျပာပါတယ္။

Source : Duwun

(Unicode Version)

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုး အဓမ္မကျင့်မှုဖြင့် အမှုဖွင့်ခံရ

သီဟတင်စိုးရဲ့နေအိမ်မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က စတင်ပြီး အိမ်အကူအဖြစ် ဝင်ရောက် လုပ်ကိုင်နေတဲ့ အသက် ၄၀ အရွယ် မခင်မာမြင့်လို့ခေါ်တဲ့ အမျိုးသမီးကို အဓမ္မကျင့်တယ်လို့ တိုင်တန်းမှုရှိခဲ့တာကြောင့်အရေးယူဆောင်ရွက်မှုတွေပြုလုပ်ထားတယ်လို့ သုဝဏ္ဏနယ်မြေရဲစခန်းကသိရပါတယ်။

ဖြစ်စဉ်ကတော့ ဇူလိုင်လ ၁၃ ရက်နေ့ မှာ မခင်မာမြင့်ဟာ သီဟတင်စိုးရဲ့ဇနီးဖြစ်သူ နဲ့ သားဖြစ်သူအပြင်ကို ထွက်ခွာသွားတဲ့ အချိန် နေအိမ်အတွင်း ည ၈ နာရီလောက်မှာ သူရဲ့ အလုပ်တွေပြီးလို့ သူနေရာက ကုတင်ပေါ်မှာ ထိုင်နေတဲ့ အချိန် သီဟတင်စိုးရောက်ရှိလာပြီး အနောက်ကို တွန်းလှဲပြီး ၁၅ မိနစ်ကြာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းကဆိုပါတယ်။

အဓမ္မပြုကျင့်နေစဉ် မခင်မာမြင့်က ပတ်ဝန်းကျင်ကို အကူအညီတောင်းပေမယ့် မိုးများရွာနေတာကြောင့် ဘယ်သူမှမကြားနိုင်ခဲ့ကြောင်း၊ အဲ့ဒီနောက် သီဟတင်စိုးက အခြားသူတွေကိုပြန်ပြောရင် သတ်မယ်လို့ခြိမ်းခြောက်မှုပြုလုပ်ခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အဲ့ဒီနောက် သီဟတင်စိုးရဲ့ဇနီးနဲ့သားပြန်ရောက်လာပေမယ့်လည်းခြိမ်းခြောက်ထားတာကြောင့် မပြောပြရဲဘဲ အိပ်ရာဝင်ခဲ့ရပြီးနောက်တနေ့ ဇူလိုင် ၁၄ ရက်နေ့မှာ ကျောက်မြောင်းမှာ တည်းခိုနေထိုင်တဲ့ အဒေါ် ၂ ဝမ်းကွဲဖြစ်သူ ဒေါ်ညိုကိုအကျိုးအကြောင်းပြောပြပြီး လာရောက်အမှုဖွင့်တိုင်တန်းထားတာလို့ ဆိုပါတယ်။

“ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးဟုတ်ပါတယ်။ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ လောလောဆယ်တော့ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ဆောင်ရွက်ထားပါတယ်။”လို့ သုဝဏ္ဏနယ်မြေရဲစခန်းက ဒုရဲအုပ်ကျော်မင်းသူ ကပြောပါတယ်။

Source : Duwun