‘‘အကူညီလိုက္ေတာင္းတာ တစ္ေယာက္မွ မကူညီၾကဘူး။ မလုပ္ရဲဘူးဆိုၿပီး ေခါင္းခါသြားတဲ့ လူေတြက အမ်ားႀကီးပဲ’’

သူငယ္ခ်င္း ဓာတ္လိုက္ ေသဆံုးမႈကို ျမင္ေတြ႕ခဲ့ေသာ ေက်ာင္းသားႏွင့္ ေတြ႕ဆံုျခင္း

ေရအိုင္အတြင္း ျပတ္က်ေန ေသာ ဓာတ္ႀကိဳးကို တက္နင္းမိ၍ အသက္ (၁၃) ႏွစ္အရြယ္ အ႒မ တန္းေက်ာင္းသား ေမာင္မ်ဳိးမင္း ထြန္းတစ္ေယာက္ ဇူလုိင္ ၁၃ ရက္က ဓာတ္လုိက္ေသဆံုးခဲ့သည္။ ေမာင္မ်ဳိးမင္းထြန္းႏွင့္ သူ၏ သူ ငယ္ခ်င္း ေမာင္ေကာင္းဟိန္းသာတို႔သည္ စက္ဘီးျဖင့္ က်ဴရွင္မွ မုန္႔အတူသြားစားရာ ေရအိုင္အတြင္း ျပတ္က်ေနေသာ ဓာတ္ႀကိဳးကို တင္းနင္းမိ၍ ေမာင္မ်ဳိးမင္းထြန္းတစ္ေယာက္ ဓာတ္လိုက္ေသဆံုးခဲ့သည္။

အခင္းျဖစ္ပြားခ်ိန္တြင္ ေမာင္ေကာင္းဟိန္းသာ လည္းရွိေနၿပီး ကံေကာင္း၍ ဓာတ္မလိုက္ခဲ့ျခင္းပင္။ ဇူလုိင္ ၁၅ ရက္က ေမာင္မ်ဳိးမင္းထြန္းအား ေရေ၀းသုသာန္တြင္ မီးသၿဂႋဳဟ္ရာ သူငယ္ခ်င္း ေမာင္ေကာင္းဟိန္းသာလိုက္ပါပို႔ေဆာင္ခဲ့သည္။ ေမာင္မ်ဳိးမင္းထြန္း၏ နာေရးတြင္ ေမာင္ေကာင္းဟိန္းသာႏွင့္ ေတြ႕ဆံုေမးျမန္းထားသည္မ်ားကို စာဖတ္ပရိသတ္မ်ားသိရွိရန္ ေကာက္ႏုတ္ေဖာ္ျပလိုက္ပါသည္။

သူငယ္ခ်င္းႏွစ္ေယာက္အတူတူ က်ဴရွင္က ျပန္လာရင္းနဲ႔ ျဖစ္သြား တယ္ဆိုေတာ့ အဲဒီေန႔ညေနက ျဖစ္စဥ္ေလးေျပာျပေပးပါဦး။

အဲဒီေန႔က က်ဴရွင္က မုန္႔စားဖို႔ျပန္လႊတ္တာ သားက အိမ္ကို လြယ္အိတ္ျပန္ယူၿပီးေတာ့ က်ဴရွင္ ကို ျပန္ထားတာ။ က်ဴရွင္ကေနၿပီး ေတာ့ မုန္႔သြားစားတာ။ ခ်ယ္ရီ ဥယ်ာဥ္နားေရာက္ေရာ သူက ကားလမ္းမ႐ႈပ္ေနတယ္။ ငါလမ္းဆင္း ေလွ်ာက္မယ္ဆိုၿပီး ေျပာတယ္။ အဲဒီမွာ သားက စက္ဘီးနဲ႔ နင္း သြားတယ္။ သားက ကားလမ္း ကူးဖို႔ စက္ဘီးရပ္လိုက္တယ္။ သူက လမ္းေလွ်ာက္လာေနတုန္း HiJet ကားတစ္စီးကေရာက္လာ တယ္။ အဲဒီမွာ YBS (၂၆) ကားလာ တယ္။ ကားက ေရထဲမွာေမာင္း ေတာ့ ေရေတြစဥ္ကုန္တယ္။ အဲဒီ မွာက သူက ငါ့ကိုေရေတြစဥ္ကုန္ ၿပီးဆိုၿပီး ထီးနဲ႔ေနာက္ဆုတ္ၿပီး ကာ တယ္။ အဲဒီမွာ သူက ငါ့ကို ဓာတ္ လိုက္တယ္ဆိုၿပီး လဲက်သြား တယ္။ သားကလည္း ဘာမွမလုပ္တတ္ဘူး။ ဘာမွမလုပ္တတ္ေတာ့ သားထီးကိုင္ၿပီးေတာ့ သူ႕နားသြား တယ္။ သားလည္း ဓာတ္လိုက္ေန တာနဲ႔ ျပန္ေျပးလာတယ္။ သူ႕တစ္ေယာက္တည္းထားခဲ့လို႔ မျဖစ္ဘူး ဆိုၿပီး ျပန္လွည့္လာတယ္။ သားက လူေတြကို အကူအညီေတာင္း တယ္။ တစ္ေယာက္မွ မကူညီၾက ဘူး။ သားလည္း ဘာမွမလုပ္ႏုိင္ ဘူး။ အဲဒါနဲ႔ သူ႕မိဘေတြသြားေခၚ တယ္။ သူ႕မိဘေတြသြားေခၚတဲ့ အခ်ိန္မွာ ဘာျဖစ္ေနတာလဲဆို တာေတာ့ သားလည္းမသိဘူး။ သူ႕မိဘေတြ သြားေခၚၿပီး ျပန္လာ တဲ့အခ်ိန္မွာ အဲဒီမွာလူေတြ၀ိုင္းအံု ေနၿပီ (ငိုရင္းေျပာသည္)။

လူေတြကို လုိက္ၿပီး အကူအညီ လိုက္ေတာင္းတယ္လို႔ ေျပာတယ္။အခ်ိန္ဘယ္ေလာက္အၾကာႀကီး အကူအညီလိုက္ေတာင္းခဲ့လဲ။

အကူညီလိုက္ေတာင္းတာ တစ္ေယာက္မွ မကူညီၾကဘူး။ မလုပ္ရဲဘူးဆိုၿပီး ေခါင္းခါသြားတဲ့ လူေတြက အမ်ားႀကီးပဲ။ အဲဒါနဲ႔ သူ႕မိဘေတြကို သြားေခၚတာ။ အခ်ိန္ဘယ္ေလာက္ၾကာတာေတာ့ သားလည္းမမွတ္မိေတာ့ဘူး။

မ်ဳိးမင္းထြန္းက အတန္းထဲမွာေကာ သူ႕ရဲ႕ေနထုိင္ပံုက ဘယ္လိုလဲ။

သူက စာအရမ္းေတာ္တယ္။ စာက်က္ရင္လည္း သားနဲ႔ပဲ အတူ တူက်က္တယ္။ သားမုန္႔စားရင္ လည္း သူ႕ကိုေခၚတယ္။ သူ႕မုန္႔ စားရင္လည္း သားကိုေခၚတယ္။ သူ႕ကို လူခ်စ္လူခင္ေပါတယ္။

ကိုယ့္သူငယ္ခ်င္း ဒီလိုျဖစ္သြား ေတာ့ ဘယ္လိုခံစားေနရလဲ။

ရင္နာတာေပါ့ဗ်ာ။ ခံစားရ တယ္။ အခ်စ္ဆံုးသူငယ္ခ်င္းေသ သြားေတာ့ ဘယ္လိုလုပ္ေပ်ာ္ေန ႏိုင္ပါ့မလဲ။ ကိုယ္ငိုေနရင္လည္း သူျပန္ထလာမွာ မဟုတ္ဘူးေလ။ သားကလည္း ဘာမွမလုပ္တတ္ ေတာ့ သူ႕မိဘေတြသြားေခၚတာပဲ လုပ္ရတာေပါ့။ သူခ်က္ခ်င္းေသ သြားလားလို႔ေတာ့ သားမသိဘူး (ငိုရင္းေျပာသည္)။

သူျပတ္က်ေနတဲ့ ဓာတ္ႀကိဳးကို တက္နင္းမိတာလား၊ ဘယ္လိုျဖစ္ ၿပီး ဓာတ္လိုက္တာလဲ။

သူဓာတ္ႀကိဳးကိုတက္နင္းမိ ၿပီး လဲသြားတာ။ အဲဒါေတာ့ သား ေတြ႕လိုက္တယ္။ သူက ဓာတ္ လိုက္တယ္လို႔ ေအာ္ေသးတယ္။ အဲဒီအခ်ိန္မွာ သားက ၾကည့္လိုက္ ေတာ့ ဓာတ္ႀကိဳးကို ေတြ႕လိုက္မိ တာ။ သူ႕မိဘေတြ ျပန္ေခၚလာတဲ့ အခ်ိန္မွာေတာ့ လူေတြကအံုေန ၿပီ။ အခ်ိန္က ေႏွာင္းသြားၿပီေပါ့ (ငိုရင္းေျပာသည္)။

ေက်းဇူးတင္ပါတယ္။

Source : 7 Day News Journal

(Unicode Version)

‘‘အကူညီလိုက်တောင်းတာ တစ်ယောက်မှ မကူညီကြဘူး။ မလုပ်ရဲဘူးဆိုပြီး ခေါင်းခါသွားတဲ့ လူတွေက အများကြီးပဲ’’

သူငယ်ချင်း ဓာတ်လိုက် သေဆုံးမှုကို မြင်တွေ့ခဲ့သော ကျောင်းသားနှင့် တွေ့ဆုံခြင်း

ရေအိုင်အတွင်း ပြတ်ကျနေ သော ဓာတ်ကြိုးကို တက်နင်းမိ၍ အသက် (၁၃) နှစ်အရွယ် အဋ္ဌမ တန်းကျောင်းသား မောင်မျိုးမင်း ထွန်းတစ်ယောက် ဇူလိုင် ၁၃ ရက်က ဓာတ်လိုက်သေဆုံးခဲ့သည်။ မောင်မျိုးမင်းထွန်းနှင့် သူ၏ သူ ငယ်ချင်း မောင်ကောင်းဟိန်းသာတို့သည် စက်ဘီးဖြင့် ကျူရှင်မှ မုန့်အတူသွားစားရာ ရေအိုင်အတွင်း ပြတ်ကျနေသော ဓာတ်ကြိုးကို တင်းနင်းမိ၍ မောင်မျိုးမင်းထွန်းတစ်ယောက် ဓာတ်လိုက်သေဆုံးခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် မောင်ကောင်းဟိန်းသာ လည်းရှိနေပြီး ကံကောင်း၍ ဓာတ်မလိုက်ခဲ့ခြင်းပင်။ ဇူလိုင် ၁၅ ရက်က မောင်မျိုးမင်းထွန်းအား ရေဝေးသုသာန်တွင် မီးသြင်္ဂိုဟ်ရာ သူငယ်ချင်း မောင်ကောင်းဟိန်းသာလိုက်ပါပို့ဆောင်ခဲ့သည်။ မောင်မျိုးမင်းထွန်း၏ နာရေးတွင် မောင်ကောင်းဟိန်းသာနှင့် တွေ့ဆုံမေးမြန်းထားသည်များကို စာဖတ်ပရိသတ်များသိရှိရန် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

သူငယ်ချင်းနှစ်ယောက်အတူတူ ကျူရှင်က ပြန်လာရင်းနဲ့ ဖြစ်သွား တယ်ဆိုတော့ အဲဒီနေ့ညနေက ဖြစ်စဉ်လေးပြောပြပေးပါဦး။

အဲဒီနေ့က ကျူရှင်က မုန့်စားဖို့ပြန်လွှတ်တာ သားက အိမ်ကို လွယ်အိတ်ပြန်ယူပြီးတော့ ကျူရှင် ကို ပြန်ထားတာ။ ကျူရှင်ကနေပြီး တော့ မုန့်သွားစားတာ။ ချယ်ရီ ဥယျာဉ်နားရောက်ရော သူက ကားလမ်းမရှုပ်နေတယ်။ ငါလမ်းဆင်း လျှောက်မယ်ဆိုပြီး ပြောတယ်။ အဲဒီမှာ သားက စက်ဘီးနဲ့ နင်း သွားတယ်။ သားက ကားလမ်း ကူးဖို့ စက်ဘီးရပ်လိုက်တယ်။ သူက လမ်းလျှောက်လာနေတုန်း HiJet ကားတစ်စီးကရောက်လာ တယ်။ အဲဒီမှာ YBS (၂၆) ကားလာ တယ်။ ကားက ရေထဲမှာမောင်း တော့ ရေတွေစဉ်ကုန်တယ်။ အဲဒီ မှာက သူက ငါ့ကိုရေတွေစဉ်ကုန် ပြီးဆိုပြီး ထီးနဲ့နောက်ဆုတ်ပြီး ကာ တယ်။ အဲဒီမှာ သူက ငါ့ကို ဓာတ် လိုက်တယ်ဆိုပြီး လဲကျသွား တယ်။ သားကလည်း ဘာမှမလုပ်တတ်ဘူး။ ဘာမှမလုပ်တတ်တော့ သားထီးကိုင်ပြီးတော့ သူ့နားသွား တယ်။ သားလည်း ဓာတ်လိုက်နေ တာနဲ့ ပြန်ပြေးလာတယ်။ သူ့တစ်ယောက်တည်းထားခဲ့လို့ မဖြစ်ဘူး ဆိုပြီး ပြန်လှည့်လာတယ်။ သားက လူတွေကို အကူအညီတောင်း တယ်။ တစ်ယောက်မှ မကူညီကြ ဘူး။ သားလည်း ဘာမှမလုပ်နိုင် ဘူး။ အဲဒါနဲ့ သူ့မိဘတွေသွားခေါ် တယ်။ သူ့မိဘတွေသွားခေါ်တဲ့ အချိန်မှာ ဘာဖြစ်နေတာလဲဆို တာတော့ သားလည်းမသိဘူး။ သူ့မိဘတွေ သွားခေါ်ပြီး ပြန်လာ တဲ့အချိန်မှာ အဲဒီမှာလူတွေဝိုင်းအုံ နေပြီ (ငိုရင်းပြောသည်)။

လူတွေကို လိုက်ပြီး အကူအညီ လိုက်တောင်းတယ်လို့ ပြောတယ်။အချိန်ဘယ်လောက်အကြာကြီး အကူအညီလိုက်တောင်းခဲ့လဲ။

အကူညီလိုက်တောင်းတာ တစ်ယောက်မှ မကူညီကြဘူး။ မလုပ်ရဲဘူးဆိုပြီး ခေါင်းခါသွားတဲ့ လူတွေက အများကြီးပဲ။ အဲဒါနဲ့ သူ့မိဘတွေကို သွားခေါ်တာ။ အချိန်ဘယ်လောက်ကြာတာတော့ သားလည်းမမှတ်မိတော့ဘူး။

မျိုးမင်းထွန်းက အတန်းထဲမှာကော သူ့ရဲ့နေထိုင်ပုံက ဘယ်လိုလဲ။

သူက စာအရမ်းတော်တယ်။ စာကျက်ရင်လည်း သားနဲ့ပဲ အတူ တူကျက်တယ်။ သားမုန့်စားရင် လည်း သူ့ကိုခေါ်တယ်။ သူ့မုန့် စားရင်လည်း သားကိုခေါ်တယ်။ သူ့ကို လူချစ်လူခင်ပေါတယ်။

ကိုယ့်သူငယ်ချင်း ဒီလိုဖြစ်သွား တော့ ဘယ်လိုခံစားနေရလဲ။

ရင်နာတာပေါ့ဗျာ။ ခံစားရ တယ်။ အချစ်ဆုံးသူငယ်ချင်းသေ သွားတော့ ဘယ်လိုလုပ်ပျော်နေ နိုင်ပါ့မလဲ။ ကိုယ်ငိုနေရင်လည်း သူပြန်ထလာမှာ မဟုတ်ဘူးလေ။ သားကလည်း ဘာမှမလုပ်တတ် တော့ သူ့မိဘတွေသွားခေါ်တာပဲ လုပ်ရတာပေါ့။ သူချက်ချင်းသေ သွားလားလို့တော့ သားမသိဘူး (ငိုရင်းပြောသည်)။

သူပြတ်ကျနေတဲ့ ဓာတ်ကြိုးကို တက်နင်းမိတာလား၊ ဘယ်လိုဖြစ် ပြီး ဓာတ်လိုက်တာလဲ။

သူဓာတ်ကြိုးကိုတက်နင်းမိ ပြီး လဲသွားတာ။ အဲဒါတော့ သား တွေ့လိုက်တယ်။ သူက ဓာတ် လိုက်တယ်လို့ အော်သေးတယ်။ အဲဒီအချိန်မှာ သားက ကြည့်လိုက် တော့ ဓာတ်ကြိုးကို တွေ့လိုက်မိ တာ။ သူ့မိဘတွေ ပြန်ခေါ်လာတဲ့ အချိန်မှာတော့ လူတွေကအုံနေ ပြီ။ အချိန်က နှောင်းသွားပြီပေါ့ (ငိုရင်းပြောသည်)။

ကျေးဇူးတင်ပါတယ်။

Source : 7 Day News Journal

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္