ေငြႏွစ္ေသာင္း ေခ်းရာမွ အိမ္ႏွင့္ၿခံ သိမ္းယူသည္အထိ ျဖစ္ပြား

ပဲခူူတိုင္းေဒသႀကီးအေနာက္ျခမ္း၊ သာယာဝတီခ႐ိုင္၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ သဲကုန္းရပ္ကြက္တြင္၊ ေငြတိုးေပးစားသူထံက ေစာင္ ၂ ထည္ကို ႏွစ္ေသာင္းက်ပ္နဲ႔ ဝယ္ယူရာမွ အိမ္နဲ႔ၿခံအသိမ္းခံရမႈ ျဖစ္ပြားခဲ့လုိ႔ အဂတိလုိက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ကို တိုင္ၾကားသြားမယ္လို႔ ႀကိဳ႕ပင္ေကာက္ လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ကိုမင္းက “က်ေနာ့္ ရပ္ကြက္မွာျဖစ္တာပါ။ ေငြေခ်းတာက ၂ဝဝဝဝ က်ပ္ ကို ပထမတခါ ရာအိမ္မႉးနဲ႔ စာခ်ဴပ္ခ်ဴပ္တယ္။ ေနာက္ေငြတိုးေခ်းတဲ့သူက ေရွ႕ေနေခၚလာၿပီးစာရြက္ အျဖဴေပၚမွာ လက္မွတ္ထိုး ယူသြားတယ္လို႔ သိရတယ္။ ေနာက္ပိုင္းတရား႐ံုးမွာ အမႈျဖစ္ၿပီး တရား႐ံုးက အႏိုင္ေပးလိုက္လို႔ အခုဖယ္ေပးရမယ္ ေျပာေတာ့ ဒါကမတရားမူတခုပါ။ ဒါနဲ႔ပတ္သတ္ၿပီး သက္ဆိုင္ရာဌာနေတြနဲ႔ တိုင္ပင္ၿပီး ကူညီေပးသြားမယ္။ တရား႐ံုးမွာ ဘယ္လိုပုံစံနဲ႔ စြဲခ်က္တင္တရားစြဲဆိုတာလည္း သိေအာင္လို႔ အမႈတြဲကူးတာေတြ လုပ္ေဆာင္ေနပါတယ္။ လိုအပ္ရင္ အဂတိတိုက္ဖ်က္ေရးအထိ တိုင္ၾကားသြားမယ္။ အတိုးႀကီးႀကီးေတြနဲ႔ ရပ္ကြက္ထဲတရားမဝင္ ေငြတိုးေခ်းစားသူေတြေႀကာင့္ ျပည္သူေတြ ထိခိုက္နစ္နာတာေတြရွိတဲ့အတြက္ လြတ္ေတာ္မွာ တင္ျပေဆြးေႏြးသြားမယ္”လို႔ေျပာပါတယ္။

အိမ္ႏွင့္ၿခံအသိမ္းခံရသူ ေဒၚအမာႀကည္က “ေစာင္ ၂ ႏွစ္ထည္ သမီးက ဝယ္တာ။ အဲ့ဒါကို အေမႀကီးကို အတင္း လက္မွတ္ထိုးခိုင္းတယ္၊ လက္မွတ္မထိုးတက္ေတာ့ စာရြက္အျဖဴေပၚမွာ လက္ေဗြႏွိပ္ယူသြားတယ္။ သမီးက အရင္း ၂ ေသာင္းကို သြားေပးတာမယူဘူး။ တရား႐ုံးမွာ တရားစြဲေတာ့ သမီးျဖစ္သူက မီးတြင္းထဲမွာ ေသြးတက္ၿပီး ေသသြားခဲ့ရတယ္။ ကေလးလည္း ေသသြားတယ္။ ဒါကို အခုသူတို႔က တရားႏိုင္တယ္ဆိုၿပီး ရဲေတြနဲ႔အိမ္ေပၚကေန ဆင္းခိုင္းတယ္။ ၂၃ ရက္ေန႔မွ မဆင္းေပးရင္ ရဲေတြနဲ႔ဆြဲခ်မယ္လို႔ ေျပာသြားတယ္” လို႔ေျပာပါတယ္။

သဲကုန္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းထြန္းက “ေစာင္ႏွစ္ထည္ ဝယ္ရာကေန အတိုးေပၚ အတိုးထပ္ၿပီး ၅ သိန္းအထိျဖစ္သြားတယ္။ အဲဒါကို တရား႐ုံးမွာတရားစြဲတယ္။ တရား႐ုံးက အဖြဲ႔ေတြနဲ႔ ရဲေတြေရာက္လာၿပီး အေဒၚႀကီးကိုဖယ္ခိုင္းေတာ့ က်ေနာ္တို႔ အုပ္ခ်ဴပ္ေရးအဖြဲ႔ေတြ သြားၿပီး ေဒၚအိအိခိုင္ကိုေျပာပါတယ္။ က်ေနာ္တို႔ရပ္ကြက္က စုၿပီး ေငြ ၅ သိန္း ေပးပါမယ္ေျပာေတာ့ သူက ၁ဝ သိန္း ရမွလို႔ေျပာတယ္။ ဒါနဲ႔က်ေနာ္တို႔ျပန္လာၿပီး ၿမိဳ႕ေပၚက ပရဟိတအဖြဲ႔ေတြကို အလႉခံၿပီး မေန႔က သြားေျပာေတာ့ သူကမယူဘူး။ တရားႏိုင္ထားတဲ့အတြက္ အိမ္နဲ႔ၿခံကို သိမ္းမယ္လို႔ေျပာတယ္” လို႔ေျပာပါတယ္။

တရား႐ုံးက အမႈအႏိုင္ေပးလိုက္တဲ့အတြက္ ေနအိမ္ၿခံဝန္းအတြင္းက ဖယ္ရွားခံရတဲ့ ေဒၚအမာၾကည္ဟာ သမီးျဖစ္သူ ေသဆုံးသြားတာေၾကာင့္ ေျမး ၃ ေယာက္နဲ႔ အတူလုပ္ကိုင္စားေသာက္ဖုိ႔ အခက္အခဲေတြျဖစ္ေပၚေနပါတယ္။ အခုလို မတရားမႈနဲ႔ ပတ္သက္ၿပီး ရပ္ကြက္အတြင္းရွိ ျပည္သူေတြက ဆႏၵထုက္ေဖာ္သြားမယ္လုိ႔ သိရပါတယ္။

သတင္း ေမသြယ္

Source : DVB TV News

(Unicode Version)

ငွေနှစ်သောင်း ချေးရာမှ အိမ်နှင့်ခြံ သိမ်းယူသည်အထိ ဖြစ်ပွား

ပဲခူူတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သဲကုန်းရပ်ကွက်တွင်၊ ငွေတိုးပေးစားသူထံက စောင် ၂ ထည်ကို နှစ်သောင်းကျပ်နဲ့ ဝယ်ယူရာမှ အိမ်နဲ့ခြံအသိမ်းခံရမှု ဖြစ်ပွားခဲ့လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားသွားမယ်လို့ ကြို့ပင်ကောက် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက “ကျနော့် ရပ်ကွက်မှာဖြစ်တာပါ။ ငွေချေးတာက ၂ဝဝဝဝ ကျပ် ကို ပထမတခါ ရာအိမ်မှူးနဲ့ စာချူပ်ချူပ်တယ်။ နောက်ငွေတိုးချေးတဲ့သူက ရှေ့နေခေါ်လာပြီးစာရွက် အဖြူပေါ်မှာ လက်မှတ်ထိုး ယူသွားတယ်လို့ သိရတယ်။ နောက်ပိုင်းတရားရုံးမှာ အမှုဖြစ်ပြီး တရားရုံးက အနိုင်ပေးလိုက်လို့ အခုဖယ်ပေးရမယ် ပြောတော့ ဒါကမတရားမူတခုပါ။ ဒါနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ တိုင်ပင်ပြီး ကူညီပေးသွားမယ်။ တရားရုံးမှာ ဘယ်လိုပုံစံနဲ့ စွဲချက်တင်တရားစွဲဆိုတာလည်း သိအောင်လို့ အမှုတွဲကူးတာတွေ လုပ်ဆောင်နေပါတယ်။ လိုအပ်ရင် အဂတိတိုက်ဖျက်ရေးအထိ တိုင်ကြားသွားမယ်။ အတိုးကြီးကြီးတွေနဲ့ ရပ်ကွက်ထဲတရားမဝင် ငွေတိုးချေးစားသူတွေကြောင့် ပြည်သူတွေ ထိခိုက်နစ်နာတာတွေရှိတဲ့အတွက် လွတ်တော်မှာ တင်ပြဆွေးနွေးသွားမယ်”လို့ပြောပါတယ်။

အိမ်နှင့်ခြံအသိမ်းခံရသူ ဒေါ်အမာကြည်က “စောင် ၂ နှစ်ထည် သမီးက ဝယ်တာ။ အဲ့ဒါကို အမေကြီးကို အတင်း လက်မှတ်ထိုးခိုင်းတယ်၊ လက်မှတ်မထိုးတက်တော့ စာရွက်အဖြူပေါ်မှာ လက်ဗွေနှိပ်ယူသွားတယ်။ သမီးက အရင်း ၂ သောင်းကို သွားပေးတာမယူဘူး။ တရားရုံးမှာ တရားစွဲတော့ သမီးဖြစ်သူက မီးတွင်းထဲမှာ သွေးတက်ပြီး သေသွားခဲ့ရတယ်။ ကလေးလည်း သေသွားတယ်။ ဒါကို အခုသူတို့က တရားနိုင်တယ်ဆိုပြီး ရဲတွေနဲ့အိမ်ပေါ်ကနေ ဆင်းခိုင်းတယ်။ ၂၃ ရက်နေ့မှ မဆင်းပေးရင် ရဲတွေနဲ့ဆွဲချမယ်လို့ ပြောသွားတယ်” လို့ပြောပါတယ်။

သဲကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက “စောင်နှစ်ထည် ဝယ်ရာကနေ အတိုးပေါ် အတိုးထပ်ပြီး ၅ သိန်းအထိဖြစ်သွားတယ်။ အဲဒါကို တရားရုံးမှာတရားစွဲတယ်။ တရားရုံးက အဖွဲ့တွေနဲ့ ရဲတွေရောက်လာပြီး အဒေါ်ကြီးကိုဖယ်ခိုင်းတော့ ကျနော်တို့ အုပ်ချူပ်ရေးအဖွဲ့တွေ သွားပြီး ဒေါ်အိအိခိုင်ကိုပြောပါတယ်။ ကျနော်တို့ရပ်ကွက်က စုပြီး ငွေ ၅ သိန်း ပေးပါမယ်ပြောတော့ သူက ၁ဝ သိန်း ရမှလို့ပြောတယ်။ ဒါနဲ့ကျနော်တို့ပြန်လာပြီး မြို့ပေါ်က ပရဟိတအဖွဲ့တွေကို အလှူခံပြီး မနေ့က သွားပြောတော့ သူကမယူဘူး။ တရားနိုင်ထားတဲ့အတွက် အိမ်နဲ့ခြံကို သိမ်းမယ်လို့ပြောတယ်” လို့ပြောပါတယ်။

တရားရုံးက အမှုအနိုင်ပေးလိုက်တဲ့အတွက် နေအိမ်ခြံဝန်းအတွင်းက ဖယ်ရှားခံရတဲ့ ဒေါ်အမာကြည်ဟာ သမီးဖြစ်သူ သေဆုံးသွားတာကြောင့် မြေး ၃ ယောက်နဲ့ အတူလုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။ အခုလို မတရားမှုနဲ့ ပတ်သက်ပြီး ရပ်ကွက်အတွင်းရှိ ပြည်သူတွေက ဆန္ဒထုက်ဖော်သွားမယ်လို့ သိရပါတယ်။

သတင်း မေသွယ်

Source : DVB TV News

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္