



ထွန်းထွန်း


(Unicode Version)

မိုးညှင်း မြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကွယ်လွန်

ကချင်ပြည်နယ်အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ မိုးညှင်းမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းအိ ယမန်နေ့ည က ကွယ်လွန်သွားကြောင့် သိရသည်။

ဒေါ်စန်းစန်းအိ သည်အသက် ( ၅၀)နှစ်အရွယ်ရှိနေပြီး ပန်ကရိယ (ခ)သရက်ရွက် ကင်ဆာ ဝေဒနာ ဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆန့် ဆေးရုံ၌ ဆေးကုသခံယူနေစဉ် ဇူလိုင်လ ၁၅ ရက် နေ့ ည ၁၀ နာရီခွဲအချိန်က ကွယ်လွန်သွားခဲ့ကြောင်း မိုးညှင်းမြို့နယ်လွှတ်တော်ရုံးက သိရသည်။

ဒေါ်စန်းစန်းအိ ကွယ်လွန်တာသိရလို့ကျွန်တော်တို့လည်းနေပြည်တော်ကိုလိုက်သွားဖို့ပြင်နေပါတယ် ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးက မြစ်ကြီးနား သတင်းဂျာနယ်သို့ပြောသည်။

ထွန်းထွန်း

Source : Myitkyina News Journal