သီဟတင္စိုး အမႈကို ေက်ေအးေပးရန္ မ႐ွိေၾကာင္း စြပ္စြဲသူ အမ်ဳိးသမီးေျပာ

႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီသီဟတင္စိုးအေပၚ မုဒိမ္းမႈျဖင့္ စြဲဆိုထားသည့္အမႈကို ေက်ေအးေပးရန္မရွိေၾကာင္း စြပ္စြဲသူအမ်ဳိးသမီး ေဒၚခင္မာျမင့္က ဇူလိုင္ ၁၆ ရက္တြင္ ေျပာသည္။

သီဟတင္စုိးသည္ ၄င္း၏ ေနအိမ္တြင္ ေဒၚဇင္မာဦး၏ မိခင္အတြက္ က်န္းမာေရးျပဳစုေစာင့္ေရွာက္ရန္ အိမ္အကူလုပ္ကုိင္ေနသည့္ အမ်ဳိးသမီးကုိ အဓမၼျပဳက်င့္ခဲ့သည္ဟုဆုိကာ ပ/၃၈၆/၂၀၁၈ ျပစ္မႈဆုိင္ရာ ဥပေဒပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ခံထားရသည္။

“အလုပ္လုပ္တာက အဘြားကိုျပဳစုဖို႔ပဲ။ အလုပ္၀င္တာ ၅ ရက္ေလာက္ပဲရွိေသးတယ္။ အဲဒီေန႔က သီဟတင္စိုးက မူးျပီးေတာ့ အခန္းထဲ၀င္လာတယ္။ ၀င္လာျပီး က်င့္တယ္။ သူ႔မိန္းမကို မေျပာနဲ႔လို႔ ျခိမ္းေျခာက္တယ္။ သူတို႔က မဟုတ္ဘူးလို႔ေျပာေပမယ့္ ကြ်န္မခံရတာ ကြ်န္မပဲသိတယ္။ သူတို႔ဘက္က ညွိႏႈိင္းတဲ့ကိစၥက ကြ်န္မ မသိဘူး။ အေဒၚပဲသိတယ္။ ကြ်န္မကေတာ့ ေက်ေအးေပးဖို႔မရွိဘူး”ဟု သူမက ေျပာသည္။

ေဒၚခင္မာျမင့္ (အသက္ ၄၀) သည္ အိမ္ေထာင္သည္ျဖစ္ျပီး အေဒၚျဖစ္သူ၏ခ်ိတ္ဆက္ေပးမႈျဖင့္ ေရနံေခ်ာင္းၿမိဳ႕ မွ ရန္ကုန္သုိ႔ အလုပ္လာေရာက္လုပ္ကိုင္ေနသည္မွာ ၁ ႏွစ္ခြဲခန္႔ရွိျပီျဖစ္ေၾကာင္း၊ ယခင္ အျခားအိမ္မ်ားတြင္ လုပ္ကိုင္ခဲ့ဖူးေၾကာင္း ၎က ေျပာသည္။

“ေရွ႕မွာ ဒီလိုမ်ဳိးကိစၥနဲ႔ပတ္သက္ျပီး မ႐ုိးမသားလုပ္ခဲ့ဖူးတာမရွိဘူး။ ကြ်န္မ အိမ္ေထာင္သည္ပါပဲ။ ဒီလိုမ်ဳိးေတာ့ တခါမွအၾကံဳဖူးဘူး။ အၾကံဳဖူးေတာ့ ေၾကာက္တယ္။ သူလည္း မင္းသားပဲ။ သူ႔မိန္းမရွိတာပဲ။ ကြ်န္မ အိပ္ေဖာ္လုပ္ေပမယ့္ အထင္ေသးမခံႏိုင္ဘူး။ ကြ်န္မ အလုပ္လုပ္ဖို႔လာတာ။ ေစာ္ကားခံဖို႔မဟုတ္ဘူး”ဟု သူမက ေျပာသည္။

အမႈႏွင့္ပတ္သက္၍ သက္ဆိုင္ရာမွ ၄င္း၏ ေနအိမ္သုိ႔ ဇူလိုင္ ၁၅ ရက္တြင္ သြားေရာက္စစ္ေဆးရာ ေနအိမ္၌မရိွသည့္အတြက္ မိသားစု၀င္မ်ားကုိ မွာၾကားထားၿပီး ရဲလုပ္ငန္းအရ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း ရဲအုပ္သန္းႏိုင္ကေျပာသည္။

သတင္း/ဓါတ္ပုံ-ေက်ာ္ေက်ာ္

Source : News Watch

(Unicode Version)

သီဟတင်စိုး အမှုကို ကျေအေးပေးရန် မရှိကြောင်း စွပ်စွဲသူ အမျိုးသမီး ပြော

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီသီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် စွဲဆိုထားသည့်အမှုကို ကျေအေးပေးရန်မရှိကြောင်း စွပ်စွဲသူအမျိုးသမီး ဒေါ်ခင်မာမြင့်က ဇူလိုင် ၁၆ ရက်တွင် ပြောသည်။

သီဟတင်စိုးသည် ၎င်း၏ နေအိမ်တွင် ဒေါ်ဇင်မာဦး၏ မိခင်အတွက် ကျန်းမာရေးပြုစုစောင့်ရှောက်ရန် အိမ်အကူလုပ်ကိုင်နေသည့် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ပ/၃၈၆/၂၀၁၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခံထားရသည်။

“အလုပ်လုပ်တာက အဘွားကိုပြုစုဖို့ပဲ။ အလုပ်ဝင်တာ ၅ ရက်လောက်ပဲရှိသေးတယ်။ အဲဒီနေ့က သီဟတင်စိုးက မူးပြီးတော့ အခန်းထဲဝင်လာတယ်။ ဝင်လာပြီး ကျင့်တယ်။ သူ့မိန်းမကို မပြောနဲ့လို့ ခြိမ်းခြောက်တယ်။ သူတို့က မဟုတ်ဘူးလို့ပြောပေမယ့် ကျွန်မခံရတာ ကျွန်မပဲသိတယ်။ သူတို့ဘက်က ညှိနှိုင်းတဲ့ကိစ္စက ကျွန်မ မသိဘူး။ အဒေါ်ပဲသိတယ်။ ကျွန်မကတော့ ကျေအေးပေးဖို့မရှိဘူး”ဟု သူမက ပြောသည်။

ဒေါ်ခင်မာမြင့် (အသက် ၄၀) သည် အိမ်ထောင်သည်ဖြစ်ပြီး အဒေါ်ဖြစ်သူ၏ချိတ်ဆက်ပေးမှုဖြင့် ရေနံချောင်းမြို့ မှ ရန်ကုန်သို့ အလုပ်လာရောက်လုပ်ကိုင်နေသည်မှာ ၁ နှစ်ခွဲခန့်ရှိပြီဖြစ်ကြောင်း၊ ယခင် အခြားအိမ်များတွင် လုပ်ကိုင်ခဲ့ဖူးကြောင်း ၎င်းက ပြောသည်။

“ရှေ့မှာ ဒီလိုမျိုးကိစ္စနဲ့ပတ်သက်ပြီး မရိုးမသားလုပ်ခဲ့ဖူးတာမရှိဘူး။ ကျွန်မ အိမ်ထောင်သည်ပါပဲ။ ဒီလိုမျိုးတော့ တခါမှအကြုံဖူးဘူး။ အကြုံဖူးတော့ ကြောက်တယ်။ သူလည်း မင်းသားပဲ။ သူ့မိန်းမရှိတာပဲ။ ကျွန်မ အိပ်ဖော်လုပ်ပေမယ့် အထင်သေးမခံနိုင်ဘူး။ ကျွန်မ အလုပ်လုပ်ဖို့လာတာ။ စော်ကားခံဖို့မဟုတ်ဘူး”ဟု သူမက ပြောသည်။

အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ၎င်း၏ နေအိမ်သို့ ဇူလိုင် ၁၅ ရက်တွင် သွားရောက်စစ်ဆေးရာ နေအိမ်၌မရှိသည့်အတွက် မိသားစုဝင်များကို မှာကြားထားပြီး ရဲလုပ်ငန်းအရ ဆက်လက်ဆောင်ရွက်နေကြောင်း ရဲအုပ်သန်းနိုင်ကပြောသည်။

သတင်း/ဓါတ်ပုံ-ကျော်ကျော်

Source : News Watch

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္