ေရနံေခ်ာင္းဒီဂရီ ေကာလိပ္အနီး ဂူတစ္ဂူူ အတြင္းမွ အရွည္ (၈) ေပ၊ လံုးပတ္ (၁၁) လက္မခန္႔ရွိ စပါးအံုးေႁမြ တစ္ေကာင္ေတြ႔ရွိ

မေကြးတိုင္းေဒသႀကီး ၊ ေရနံေခ်ာင္းၿမိဳ႕နယ္၊ ေရနံေခ်ာင္းဒီဂရီေကာလိပ္ အနီးဂူ တစ္ဂူ အတြင္းမွ အရွည္(၈)ေပ ၊လံုးပတ္ (၁၁) လက္မခန္႔ရွိ စပါးအံုးေႁမြ တစ္ေကာင္ကို ဇူလိုင္လ (၁၅)ရက္ေန႕ နံနက္ (၁၁)နာရီ အခ်ိန္ခန္႔က သစ္တေပြရပ္ကြက္မွ ကေလးမ်ားက စတင္ေတြ႔ရွိခဲ့သည္။

အဆိုပါစပါးအံုးေႁမြႀကီးအား ေရနံေခ်ာင္းၿမိဳ႕၊ သစ္တေပြ ရပ္ကြက္ေန ဦးခ်စ္ေရႊျမင့္(ခ)ကရင္ ဆိုသူက ဂူအတြင္းမွ သစ္တေပြရပ္ကြက္သို႕ ဖမ္းဆီးေခၚေဆာင္လာခဲ့ေၾကာင္း၊ သက္ဆိုင္ရာဌာနမ်ားကို အသိေပး အေၾကာင္းၾကား ထားၿပီး ခြင့္ျပဳခ်က္ ရရွိၿပီးျဖစ္သျဖင့္ ေရနံေခ်ာင္းၿမိဳ႕ ၊ သစ္တေပြရပ္ကြက္ ၊ DENKO စက္သံုးဆီ အေရာင္းဆိုင္ အနီး ဆုေတာင္းျပည့္ ျမတ္ေစာလူ နဂါးရံုဘုရားတြင္ ဘုရားေႁမြအျဖစ္ ထားရွိ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿငိမ္းၿငိမ္းအိ (ျပန္/ဆက္)

Source : MOI Webportal Myanmar

(Unicode Version)

ရေနံချောင်းဒီဂရီ ကောလိပ်အနီး ဂူတစ်ဂူူ အတွင်းမှ အရှည် (၈) ပေ၊ လုံးပတ် (၁၁) လက်မခန့်ရှိ စပါးအုံးမြွေ တစ်ကောင်တွေ့ရှိ

မကွေးတိုင်းဒေသကြီး ၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းဒီဂရီကောလိပ် အနီးဂူ တစ်ဂူ အတွင်းမှ အရှည်(၈)ပေ ၊လုံးပတ် (၁၁) လက်မခန့်ရှိ စပါးအုံးမြွေ တစ်ကောင်ကို ဇူလိုင်လ (၁၅)ရက်နေ့ နံနက် (၁၁)နာရီ အချိန်ခန့်က သစ်တပွေရပ်ကွက်မှ ကလေးများက စတင်တွေ့ရှိခဲ့သည်။

အဆိုပါစပါးအုံးမြွေကြီးအား ရေနံချောင်းမြို့၊ သစ်တပွေ ရပ်ကွက်နေ ဦးချစ်ရွှေမြင့်(ခ)ကရင် ဆိုသူက ဂူအတွင်းမှ သစ်တပွေရပ်ကွက်သို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနများကို အသိပေး အကြောင်းကြား ထားပြီး ခွင့်ပြုချက် ရရှိပြီးဖြစ်သဖြင့် ရေနံချောင်းမြို့ ၊ သစ်တပွေရပ်ကွက် ၊ DENKO စက်သုံးဆီ အရောင်းဆိုင် အနီး ဆုတောင်းပြည့် မြတ်စောလူ နဂါးရုံဘုရားတွင် ဘုရားမြွေအဖြစ် ထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ (ပြန်/ဆက်)

Source : MOI Webportal Myanmar