



Credit : PannPwint

(Unicode Version)

သီဟတင်စိုး မုဒိန်း စွပ်စွဲခံရမှုကို ရှင်းပြလိုက်တဲ့ ဇနီးဖြစ်သူ ဇင်မာဦး

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုး မုဒိမ်းမှုနဲ့ စွပ်စွဲခံနေရမှုကို ဇနီးဖြစ်သူ သရုပ်ဆောင် ဇင်မာဦးက ထွက်ရှင်းလိုက်ပါတယ်။

မနေ့ ဇူလိုင်လ ၁၅ ရက်နေ့က သီဟတင်စိုးဟာ အိမ်ဖော်မကို သားမယားပြုကျင့်သည်ဟုဆိုကာ ရဲစခန်းသွားတိုင်ခဲ့တာကြောင့် သတင်းဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါတယ်။

ဒီနေ့ ဇူလိုင်လ ၁၆ ရက်မှာတော့ ဇနီးဖြစ်သူ ဇင်မှာဦးရဲ့ အင်တာဗျူးဗွီဒီယိဖိုင်တစ်ခု ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ Pissaya News မှာ တင်ပြထားတဲ့ အင်တာဗျူးဗွီဒီယဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

Credit : PannPwint