သ႐ုပ္ေဆာင္ သီဟတင္စိုးအမႈ ရဲလုပ္ငန္းစဥ္မ်ား မၿပီးျပတ္ေသး

သရုပ္ေဆာင္အကယ္ဒမီ ဒါရိုက္တာသီဟတင္စိုးမွ အိမ္ေဖာ္အမ်ိဳးသမီးျဖစ္သူ ေဒၚခင္မာျမင့္(ခ)ေဒၚခင္မာညိဳ အား အဓမၼျပဳက်င့္သည္ဟုဆိုကာ သု၀ဏနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ လွစ္ထား မႈႏွင့္ပတ္သက္၍ လက္ရွိတြင္ ရဲလုပ္ငန္းစဥ္ လုပ္ငန္းမ်ားလုပ္ေဆာင္ေနသည့္အတြက္ ထုတ္ေဖာ္ေျပာၾကားျခင္း မျပဳႏိုင္ေသးေၾကာင္း ရဲတပ္ဖြဲ႕ တာ၀န္ရွိသူ က ေျပာသည္။

“အဲဒိအမႈျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အေရွ႕ပိုင္းမွာခ်ျပသင့္၊ခ်ျပထုိက္တာကို ျပည္သူကိုေရာ၊မီဒီယာကိုပါခ်ျပၿပီးျဖစ္ပါ တယ္။လက္ရွိ အေျခ အေနက်ေတာ့ အမႈပိုင္းကရဲလုပ္ငန္းပိုင္းက ခ်ျပဖို႔အတြက္ လက္ရွိ အခ်ိန္မွာမလုံေလာက္ ေသးတဲ့အတြက္ ဘာမွေျပာျပ ဖို႔အဆင္ မေျပႏိုင္ေသးပါဘူး”ဟု သု၀ဏနယ္ေျမရဲ စခန္းမွရဲအုပ္သန္းႏိုင္က ေျပာၾကားသည္။

အဆိုပါ သရုပ္ေဆာင္သီဟတင္စိုးကို အဓမၼျပဳက်င့္မႈျဖင့္ တုိင္ၾကားထားသည္ ေဒၚခင္မာျမင့္(ခ)ေဒၚခင္မာညိဳ အေနျဖင့္ ၿပီးခဲ့သည့္ ၂၀၁၈ခုႏွစ္၊မတ္လအတြင္းကလည္း ပဲခူးတိုင္္းေဒသႀကီး အမွတ္(၃)နယ္ေျမရဲစခန္းတြင္ မုဒိမ္းက်င့္ခံရသည္ဟုဆိုကာ အမႈဖြင့္ လွစ္ ထားေၾကာင္းသိရသည္။

ပဲခူး အမွတ္(၃)နယ္ေျမရဲစခန္းတြင္မူ ေဒၚခင္မာျမင့္(ခ)ေဒၚခင္မာညိဳ အေနျဖင့္ ညအလုပ္သမား ဦးေအာင္ႏိုင္ စိုးဆိုသူက ေစာ္ကားသည္ ဟုဆိုကာ (ပ)၁၆၆/၂၀၁၈၊ပုဒ္မ ၃၇၆ျဖင့္ အမႈဖြင့္တုိင္ၾကားထားျခင္း ျဖစ္သည္။

အမွတ္(၃)ပဲခူးနယ္ေျမရဲစခန္းတြင္ အလားတူျဖစ္စဥ္မ်ိဳး အမႈဖြင့္လွစ္ထားမႈႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံရုပ္ရွင္ အစည္းအရုံးဥကၠဌဦးဇင္၀ိုင္းမွ ၄င္းနယ္ေျမရဲစခန္းသုိ႔ သြားေရာက္မႈအေျခအေနနဲ႔အား ဆက္သြယ္ေမးျမန္းရာတြင္လည္း အမႈျဖစ္စဥ္သည္ရဲလုပ္ငန္းစဥ္ေဆာင္ရြက္ရမည္အေျခအေနျဖစ္သည့္အ တြက္ေျဖၾကားႏိုင္ျခင္းမရွိေသးေၾကာင္းလည္း ေျပာၾကားသည္။

“အဲဒိကိစၥနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္မေဆြးေႏြးလိုေသး ပါဘူး။အခုေလာေလာဆယ္ ရဲအမႈကိစၥျဖစ္တဲ့ အတြက္ ကၽြန္ေတာ္ေျဖၾကားလိုခ်င္မရွိေသးပါဘူး”ဟု ျမန္မာႏိုင္ငံရုပ္ရွင္ အစည္းအရုံးဥကၠဌဦးဇင္၀ိုင္းက ေျပာ ၾကားသည္။

အဆိုပါ အိမ္အကူအမ်ိဳးသမီးျဖစ္သူ ေဒၚခင္မာျမင့္(ခ)ေဒၚခင္မာညိဳသည္ မေကြးတုိင္းေဒသႀကီး၊ေရနံေခ်ာင္းၿမိဳ႕နယ္၊ဘဲနန္းရပ္ကြက္တြင္ဇာတိျဖစ္ၿပီး ဆုံတုိုက္ရပ္ကြက္ေန ဦးစိုးေမာင့္တင္နွင့္အိမ္ေထာင္က်ၿပီးေနာက္ ဆုံတိုက္ရပ္ကြက္။ေျမနီခင္လမ္းရွိ ေနအိမ္တြင္ ေနထိုင္သူ တစ္ဦးျဖစ္ေၾကာင္းလည္း ေဒသခံမ်ားကဆိုသည္။

ေဒၚခင္မာျမင့္(ခ)ေဒၚခင္မာညိဳသည္ ဒုတိယ အိမ္ေထာင္ျဖစ္ သူဦးစိုးေမာင့္တင္ႏွင့္အိမ္ေထာင္ျပဳရာခဲ့ရာ လက္ရွိတြင္ ႏွစ္ေပါင္း ၂၀ေက်ာ္ခန္႔ရွိၿပီး သားတစ္ဦးရွိေၾကာင္းႏွင့္ လက္ရွိ အိမ္ေဖာ္ အလုပ္လုပ္ကိုင္ျခင္းကို လြန္ခဲ့သည့္ ၁၀ႏွစ္ခန္႔မွ လုပ္ကိုင္ျခင္းျဖစ္ၿပီး ေဒၚညိဳဆိုသူက ရန္ကုန္ၿမိဳ႕ရွိေနအိမ္မ်ားတြင္ အိမ္ေဖာ္အလုပ္ လုပ္ကိုင္ရန္ ေခၚေဆာင္ျခင္းျဖစ္သည္။

ေဒၚညိဳမွတဆင့္ ရန္ကုန္ၿမိဳ႕၊တာေမြၿမိဳ႕နယ္၊ေက်ာက္ ေျမာင္းရပ္ကြက္ရွိ ထြန္းေတာက္အက်ိဳးေဆာင္လုပ္ငန္း၏ခ်ိတ္ဆက္ေပးမႈ ျဖင့္ အိမ္ေဖာ္ လုပ္ငန္းကိုလုပ္ေဆာင္သူတစ္ဦးျဖစ္ေၾကာင္း ပဥၥလိႈင္း သတင္းဌာနမွ စုံစမ္းသိရွိရသည္။

ရိုးအသူတစ္ဦးျဖစ္ၿပီး ရပ္ကြက္အတြင္းေနထိုင္စဥ္တြင္ လိမ္ညာမႈ၊ ခိုးမႈစသည့္ အမႈအခင္း မ်ားႏွင့္ပတ္သက္၍ ျပစ္မႈမွတ္တမ္းမရွိသူ တစ္ဦးျဖစ္ေၾကာင္း ေျမနီခင္လမ္းေန ရာအိမ္မွဴးဦးလွေမာင္က ေျပာၾကားသည္။

“ေရနံေခ်ာင္းမွာေတာ့ သူတို႔က တကယ့္ကိုရိုးပါတယ္ ။ေငြေၾကးအင္ အားလည္းမျပည့္စုံေတာ့ ဒီလိုအိမ္ေဖာ္အ လုပ္ကိုလုပ္စားေန တာပါ။တျခားလိမ္ညာမႈ၊ခိုးမႈဆိုတာလည္း ကၽြန္ေတာ္ တို႔ရပ္ကြက္ ထဲမွာလည္း တစ္ခါမွမၾကား ဖူးဘူး။တအားရုိုးတယ္” ဟု ေဒၚခင္မာညိဳေနထိုင္ခဲ့သည့္ လမ္းရာအိမ္မွဴးျဖစ္သူ ဦးလွေမာင္က ေျပာၾကားသည္။

ေဒၚခင္မာျမင့္(ခ)ေဒၚခင္မာညိဳသည္ ၄င္းရပ္ကြက္တြင္ေနထိုင္ စဥ္ကာလအတြင္းေနထိုင္မႈတြင္ လက္ရွိရဲစခန္းတြင္ အမႈဖြင့္ လွစ္ျခင္းထက္ ရပ္ကြက္ရုံးတြင္ ၿပီးခဲသည့္ ၅လေက်ာ္၊၆လခန္႔က ေနအိမ္အတြက္ မီတာေလွ်ာက္ထားရန္ ရပ္ကြက္၏ေထာက္ ခံစာယူရာတြင္ပင္ တစ္ဦးတည္းလာေရာက္ျခင္းမျပဳရဲသည့္အတြက္ ေနအိမ္နီးနားျခင္းအမ်ိဳးသမီးတစ္ဦးကို အေဖာ္အျဖစ္ေခၚေဆာင္ လာတတ္သူျဖစ္ေၾကာင္းလည္း ဆုံတုိက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးျဖစ္သူ ဦးေအာင္သာေဇာ္ က ေျပာၾကားသည္။

“သူ႕အိမ္မွာလည္း ဘာမွမရွိပါဘူး။ျပန္လာရင္ေတာင္ ဆန္တစ္အိတ္၀ယ္ဖို႔ေတာင္အႏိုင္ႏိုင္၊ေနေတာ့လည္း အိမ္က တဲသာသာပဲရွိပါတယ္”ဟု ၄င္း၏အိမ္နီးျခင္းျဖစ္သူ အမ်ိဳးသမီးတစ္ဦးက ေျပာၾကားသည္။

ေဒၚခင္မာျမင့္(ခ)ေဒၚခင္မာညိဳသည္ အိမ္ေဖာ္အလုပ္လုပ္ကိုင္ျခင္းျဖစ္ ေနအိမ္စား၀တ္ေနေရးကိုအဓိက ရွာေဖြေပးသူ တစ္ျဖစ္ေၾကာင္းႏွင့္ အမ်ိဳးသားျဖစ္သူမွာ ေလျဖတ္ေရာဂါေ၀ဒနာခံစားေနရသည့္အတြက္ ယခင္ အေႏွးယာဥ္လုပ္သားအလုပ္ အားလုပ္ကိုင္ျခင္း မျပဳႏိုင္ေၾကာင္းလည္းသိရသည္။

ကိုလူသစ္

Source : The Fifth Wave News

(Unicode Version)

သရုပ်ဆောင် သီဟတင်စိုးအမှု ရဲလုပ်ငန်းစဉ်များ မပြီးပြတ်သေး

သရုပ်ဆောင်အကယ်ဒမီ ဒါရိုက်တာသီဟတင်စိုးမှ အိမ်ဖော်အမျိုးသမီးဖြစ်သူ ဒေါ်ခင်မာမြင့်(ခ)ဒေါ်ခင်မာညို အား အဓမ္မပြုကျင့်သည်ဟုဆိုကာ သုဝဏနယ်မြေရဲစခန်းတွင် အမှုဖွင့် လှစ်ထား မှုနှင့်ပတ်သက်၍ လက်ရှိတွင် ရဲလုပ်ငန်းစဉ် လုပ်ငန်းများလုပ်ဆောင်နေသည့်အတွက် ထုတ်ဖော်ပြောကြားခြင်း မပြုနိုင်သေးကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ က ပြောသည်။

“အဲဒိအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အရှေ့ပိုင်းမှာချပြသင့်၊ချပြထိုက်တာကို ပြည်သူကိုရော၊မီဒီယာကိုပါချပြပြီးဖြစ်ပါ တယ်။လက်ရှိ အခြေ အနေကျတော့ အမှုပိုင်းကရဲလုပ်ငန်းပိုင်းက ချပြဖို့အတွက် လက်ရှိ အချိန်မှာမလုံလောက် သေးတဲ့အတွက် ဘာမှပြောပြ ဖို့အဆင် မပြေနိုင်သေးပါဘူး”ဟု သုဝဏနယ်မြေရဲ စခန်းမှရဲအုပ်သန်းနိုင်က ပြောကြားသည်။

အဆိုပါ သရုပ်ဆောင်သီဟတင်စိုးကို အဓမ္မပြုကျင့်မှုဖြင့် တိုင်ကြားထားသည် ဒေါ်ခင်မာမြင့်(ခ)ဒေါ်ခင်မာညို အနေဖြင့် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊မတ်လအတွင်းကလည်း ပဲခူးတိုင်းဒေသကြီး အမှတ်(၃)နယ်မြေရဲစခန်းတွင် မုဒိမ်းကျင့်ခံရသည်ဟုဆိုကာ အမှုဖွင့် လှစ် ထားကြောင်းသိရသည်။

ပဲခူး အမှတ်(၃)နယ်မြေရဲစခန်းတွင်မူ ဒေါ်ခင်မာမြင့်(ခ)ဒေါ်ခင်မာညို အနေဖြင့် ညအလုပ်သမား ဦးအောင်နိုင် စိုးဆိုသူက စော်ကားသည် ဟုဆိုကာ (ပ)၁၆၆/၂၀၁၈၊ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်တိုင်ကြားထားခြင်း ဖြစ်သည်။

အမှတ်(၃)ပဲခူးနယ်မြေရဲစခန်းတွင် အလားတူဖြစ်စဉ်မျိုး အမှုဖွင့်လှစ်ထားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဌဦးဇင်ဝိုင်းမှ ၎င်းနယ်မြေရဲစခန်းသို့ သွားရောက်မှုအခြေအနေနဲ့အား ဆက်သွယ်မေးမြန်းရာတွင်လည်း အမှုဖြစ်စဉ်သည်ရဲလုပ်ငန်းစဉ်ဆောင်ရွက်ရမည်အခြေအနေဖြစ်သည့်အ တွက်ဖြေကြားနိုင်ခြင်းမရှိသေးကြောင်းလည်း ပြောကြားသည်။

“အဲဒိကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်မဆွေးနွေးလိုသေး ပါဘူး။အခုလောလောဆယ် ရဲအမှုကိစ္စဖြစ်တဲ့ အတွက် ကျွန်တော်ဖြေကြားလိုချင်မရှိသေးပါဘူး”ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဌဦးဇင်ဝိုင်းက ပြော ကြားသည်။

အဆိုပါ အိမ်အကူအမျိုးသမီးဖြစ်သူ ဒေါ်ခင်မာမြင့်(ခ)ဒေါ်ခင်မာညိုသည် မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်၊ဘဲနန်းရပ်ကွက်တွင်ဇာတိဖြစ်ပြီး ဆုံတိုက်ရပ်ကွက်နေ ဦးစိုးမောင့်တင်နှင့်အိမ်ထောင်ကျပြီးနောက် ဆုံတိုက်ရပ်ကွက်။မြေနီခင်လမ်းရှိ နေအိမ်တွင် နေထိုင်သူ တစ်ဦးဖြစ်ကြောင်းလည်း ဒေသခံများကဆိုသည်။

ဒေါ်ခင်မာမြင့်(ခ)ဒေါ်ခင်မာညိုသည် ဒုတိယ အိမ်ထောင်ဖြစ် သူဦးစိုးမောင့်တင်နှင့်အိမ်ထောင်ပြုရာခဲ့ရာ လက်ရှိတွင် နှစ်ပေါင်း ၂၀ကျော်ခန့်ရှိပြီး သားတစ်ဦးရှိကြောင်းနှင့် လက်ရှိ အိမ်ဖော် အလုပ်လုပ်ကိုင်ခြင်းကို လွန်ခဲ့သည့် ၁၀နှစ်ခန့်မှ လုပ်ကိုင်ခြင်းဖြစ်ပြီး ဒေါ်ညိုဆိုသူက ရန်ကုန်မြို့ရှိနေအိမ်များတွင် အိမ်ဖော်အလုပ် လုပ်ကိုင်ရန် ခေါ်ဆောင်ခြင်းဖြစ်သည်။

ဒေါ်ညိုမှတဆင့် ရန်ကုန်မြို့၊တာမွေမြို့နယ်၊ကျောက် မြောင်းရပ်ကွက်ရှိ ထွန်းတောက်အကျိုးဆောင်လုပ်ငန်း၏ချိတ်ဆက်ပေးမှု ဖြင့် အိမ်ဖော် လုပ်ငန်းကိုလုပ်ဆောင်သူတစ်ဦးဖြစ်ကြောင်း ပဉ္စလှိုင်း သတင်းဌာနမှ စုံစမ်းသိရှိရသည်။

ရိုးအသူတစ်ဦးဖြစ်ပြီး ရပ်ကွက်အတွင်းနေထိုင်စဉ်တွင် လိမ်ညာမှု၊ ခိုးမှုစသည့် အမှုအခင်း များနှင့်ပတ်သက်၍ ပြစ်မှုမှတ်တမ်းမရှိသူ တစ်ဦးဖြစ်ကြောင်း မြေနီခင်လမ်းနေ ရာအိမ်မှူးဦးလှမောင်က ပြောကြားသည်။

“ရေနံချောင်းမှာတော့ သူတို့က တကယ့်ကိုရိုးပါတယ် ။ငွေကြေးအင် အားလည်းမပြည့်စုံတော့ ဒီလိုအိမ်ဖော်အ လုပ်ကိုလုပ်စားနေ တာပါ။တခြားလိမ်ညာမှု၊ခိုးမှုဆိုတာလည်း ကျွန်တော် တို့ရပ်ကွက် ထဲမှာလည်း တစ်ခါမှမကြား ဖူးဘူး။တအားရိုးတယ်” ဟု ဒေါ်ခင်မာညိုနေထိုင်ခဲ့သည့် လမ်းရာအိမ်မှူးဖြစ်သူ ဦးလှမောင်က ပြောကြားသည်။

ဒေါ်ခင်မာမြင့်(ခ)ဒေါ်ခင်မာညိုသည် ၎င်းရပ်ကွက်တွင်နေထိုင် စဉ်ကာလအတွင်းနေထိုင်မှုတွင် လက်ရှိရဲစခန်းတွင် အမှုဖွင့် လှစ်ခြင်းထက် ရပ်ကွက်ရုံးတွင် ပြီးခဲသည့် ၅လကျော်၊၆လခန့်က နေအိမ်အတွက် မီတာလျှောက်ထားရန် ရပ်ကွက်၏ထောက် ခံစာယူရာတွင်ပင် တစ်ဦးတည်းလာရောက်ခြင်းမပြုရဲသည့်အတွက် နေအိမ်နီးနားခြင်းအမျိုးသမီးတစ်ဦးကို အဖော်အဖြစ်ခေါ်ဆောင် လာတတ်သူဖြစ်ကြောင်းလည်း ဆုံတိုက်ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်သာဇော် က ပြောကြားသည်။

“သူ့အိမ်မှာလည်း ဘာမှမရှိပါဘူး။ပြန်လာရင်တောင် ဆန်တစ်အိတ်ဝယ်ဖို့တောင်အနိုင်နိုင်၊နေတော့လည်း အိမ်က တဲသာသာပဲရှိပါတယ်”ဟု ၎င်း၏အိမ်နီးခြင်းဖြစ်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ဒေါ်ခင်မာမြင့်(ခ)ဒေါ်ခင်မာညိုသည် အိမ်ဖော်အလုပ်လုပ်ကိုင်ခြင်းဖြစ် နေအိမ်စားဝတ်နေရေးကိုအဓိက ရှာဖွေပေးသူ တစ်ဖြစ်ကြောင်းနှင့် အမျိုးသားဖြစ်သူမှာ လေဖြတ်ရောဂါဝေဒနာခံစားနေရသည့်အတွက် ယခင် အနှေးယာဉ်လုပ်သားအလုပ် အားလုပ်ကိုင်ခြင်း မပြုနိုင်ကြောင်းလည်းသိရသည်။

ကိုလူသစ်

Source : The Fifth Wave News