၅ တန္း ေက်ာင္းသူကို ကိုယ္ဝန္ရသည္အထိ အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ၿပီး ထြက္ေျပး တိမ္းေရွာင္ေနသည့္ ပေထြးျဖစ္သူအား ဖမ္းဆီးရမိ

ရန္ကုန္တိုင္းေဒသႀကီး ထန္းတပင္ၿမိဳ႕နယ္ ပန္တိုင္ေက်းရြာတြင္ျဖစ္ပြားခဲ့သည့္ ၅ တန္းေက်ာင္းသူကို ကိုယ္ဝန္ ၆ လရသည္အထိ အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ ပေထြးျဖစ္သူကို ဇူလိုင္လ ၁၉ ရက္ ညေနပိုင္းက ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕နယ္ အလန္းအုပ္ေက်းရြာတြင္ ဖမ္းဆီးမိခဲ့ေၾကာင္း သိရွိရသည္။

အလန္းအုပ္ေက်းရြာမွ ပန္တိုင္ေက်းရြာတြင္ ငါးကန္အလုပ္သမားအျဖစ္ သြားေရာက္လုပ္ကိုင္ေနသည့္ မ်ိဳးေအာင္ (၃၀)ႏွစ္သည္ မယားပါသမီး ၅ တန္းေက်ာင္းသူကို တစ္ရက္ျခား ႏွစ္ရက္ျခားစသျဖင့္ အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့ၿပီး ျပန္ေျပာလွ်င္ သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ခဲ့ေၾကာင္း ယခုကိုယ္ဝန္ ၆ လရရွိလာသည့္ အခ်ိန္တြင္မွ မိခင္မွေမးျမန္းသျဖင့္ ေပၚေပါက္ခဲ့ၿပီး ဇူလိုင္ ၁၂ ရက္ေန႔တြင္ ရဲစခန္းသို႔သြားေရာက္အမႈဖြင့္ ခဲ့ေသာ္လည္း မ်ိဳးေအာင္မွ ထြက္ေျပးတိမ္းေရွာင္ခဲ့ေၾကာင္း ၅ တန္းေက်ာင္းသူ၏ မိခင္ထံမွသိရသည္။

“ငါးကန္ထဲမွာ ကန္စြန္းရြက္ခူးၿပီး ေရာင္းစားေနရတာပါ။ ကြ်န္မကန္စြန္းရြက္သြားခူးေနတဲ့ အခ်ိန္ညည ကိုမ်ိဳးေအာင္က အိမ္မွာ ကေလးေတြကို အရက္မူးရမ္းကားတာ ခံေနရတာပါ။ ဓမၼျပဳက်င့္ခံရတယ္ဆိုတာလည္း ကိုမ်ိဳးေအာင္ကိုယ္တိုင္ အရက္မူးလြန္ၿပီး နင့္သမီးကိုလည္း ငါသားမယား ျပဳက်င့္ေနထိုင္ေနတယ္လို႔ ေျပာလို႔ စကားမ်ားရန္ျဖစ္ခဲ့ၿပီး သမီးကိုေခ်ာ့ေမာ့ေမးေတာ့မွ ဒီကိစၥကို သိခဲ့ရတာပါ။”ဟု အဓမၼျပဳက်င့္ခံခဲ့ရသည့္ ၅ တန္းေက်ာင္းသူ၏ မိခင္ကေျပာသည္။

ျဖစ္စဥ္ကိုသိရွိၿပီးေနာက္ သမီးျဖစ္သူႏွင့္ အတူ ဇူလိုင္ ၁၁ ရက္တြင္ ယခင္ေနထိုင္ခဲ့သည့္ မအူပင္ၿမိဳ႕နယ္ အလန္းအုပ္ ေက်းရြာကို ျပန္လာခဲ့ၿပီး ရာအိမ္မွဴးျဖစ္သူ ဦးအုန္းလိႈင္အား အကူညီေတာင္းခံခဲ့ၿပီး အပိုင္ရဲစခန္း ျဖစ္သည့္ တပ္သစ္ရဲစခန္းတြင္ အမႈ႔သြားေရာက္ဖြင့္လွစ္တိုင္ၾကားခဲ့ၿပီး ကေလးငယ္အား ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ျပည္သူ႔ေဆးရံုႀကီးတြင္ ေဆးစစ္ခ်က္ျပဳလုပ္ခဲ့ကာ အမႈဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

အမႈဖြင့္ၿပီးေနာက္ ထြက္ေျပးတိမ္းေရွာင္သည့္ မ်ိဳးေအာင္ကို အလန္းအုပ္ေက်းရြာရွိ ၎၏ မိဘမ်ား အိမ္သို႔ ျပန္အလာတြင္ မလက္တိုရဲကင္းစခန္းအား အကူညီေတာင္းခံ ဖမ္းဆီးခဲ့ၿပီး သက္ဆိုင္ရာရဲစခန္းမ်ားမွ တစ္ဆင့္ ထန္းတပင္ၿမိဳ႕နယ္ တပ္သစ္ရဲစခန္သို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ကေတာ့ တိုင္တန္းခဲ့မႈအေပၚ တရားခံကို စစ္ေဆးၿပီး ပုဒ္မ ၃၇၆ နဲ႔ ေနာက္ကေလးက အသက္မျပည့္ေသးတဲ့အတြက္ ပုဒ္မ ၃၆၃ နဲ႔ အေရးယူေဆာင္ရြက္ႏုိင္ဖို႔ တရားခံနဲ႔ သက္ေသေတြကို စစ္ေဆးမႈေတြ လုပ္ေနပါတယ္။”ဟု ရန္ကုန္တိုင္းေဒသႀကီး ထန္းတပင္ၿမိဳ႕နယ္ တပ္သစ္ရဲစခန္းမွ ဒုရဲအုပ္ သက္ေနာင္စိုး ကေျပာသည္။

ျဖစ္စဥ္အရ ၅ တန္းေက်ာင္းသူအား အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ခဲ့သည့္ ပေထြးျဖစ္သူ မ်ိဳးေအာင္ကို တပ္သစ္ ရဲစခန္းမွ (ပ)၂၇၇/၂၀၁၈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆/၃၆၃ ျဖင့္ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

Source : ရတနာပုံ သတင္းစာ

(Unicode Version)

၅ တန်း ကျောင်းသူကို ကိုယ်ဝန်ရသည်အထိ အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် ပထွေးဖြစ်သူအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပန်တိုင်ကျေးရွာတွင်ဖြစ်ပွားခဲ့သည့် ၅ တန်းကျောင်းသူကို ကိုယ်ဝန် ၆ လရသည်အထိ အကြိမ်ကြိမ်အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ပထွေးဖြစ်သူကို ဇူလိုင်လ ၁၉ ရက် ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် အလန်းအုပ်ကျေးရွာတွင် ဖမ်းဆီးမိခဲ့ကြောင်း သိရှိရသည်။

အလန်းအုပ်ကျေးရွာမှ ပန်တိုင်ကျေးရွာတွင် ငါးကန်အလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်နေသည့် မျိုးအောင် (၃၀)နှစ်သည် မယားပါသမီး ၅ တန်းကျောင်းသူကို တစ်ရက်ခြား နှစ်ရက်ခြားစသဖြင့် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ယခုကိုယ်ဝန် ၆ လရရှိလာသည့် အချိန်တွင်မှ မိခင်မှမေးမြန်းသဖြင့် ပေါ်ပေါက်ခဲ့ပြီး ဇူလိုင် ၁၂ ရက်နေ့တွင် ရဲစခန်းသို့သွားရောက်အမှုဖွင့် ခဲ့သော်လည်း မျိုးအောင်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ၅ တန်းကျောင်းသူ၏ မိခင်ထံမှသိရသည်။

“ငါးကန်ထဲမှာ ကန်စွန်းရွက်ခူးပြီး ရောင်းစားနေရတာပါ။ ကျွန်မကန်စွန်းရွက်သွားခူးနေတဲ့ အချိန်ညည ကိုမျိုးအောင်က အိမ်မှာ ကလေးတွေကို အရက်မူးရမ်းကားတာ ခံနေရတာပါ။ ဓမ္မပြုကျင့်ခံရတယ်ဆိုတာလည်း ကိုမျိုးအောင်ကိုယ်တိုင် အရက်မူးလွန်ပြီး နင့်သမီးကိုလည်း ငါသားမယား ပြုကျင့်နေထိုင်နေတယ်လို့ ပြောလို့ စကားများရန်ဖြစ်ခဲ့ပြီး သမီးကိုချော့မော့မေးတော့မှ ဒီကိစ္စကို သိခဲ့ရတာပါ။”ဟု အဓမ္မပြုကျင့်ခံခဲ့ရသည့် ၅ တန်းကျောင်းသူ၏ မိခင်ကပြောသည်။

ဖြစ်စဉ်ကိုသိရှိပြီးနောက် သမီးဖြစ်သူနှင့် အတူ ဇူလိုင် ၁၁ ရက်တွင် ယခင်နေထိုင်ခဲ့သည့် မအူပင်မြို့နယ် အလန်းအုပ် ကျေးရွာကို ပြန်လာခဲ့ပြီး ရာအိမ်မှူးဖြစ်သူ ဦးအုန်းလှိုင်အား အကူညီတောင်းခံခဲ့ပြီး အပိုင်ရဲစခန်း ဖြစ်သည့် တပ်သစ်ရဲစခန်းတွင် အမှု့သွားရောက်ဖွင့်လှစ်တိုင်ကြားခဲ့ပြီး ကလေးငယ်အား ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်ချက်ပြုလုပ်ခဲ့ကာ အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အမှုဖွင့်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သည့် မျိုးအောင်ကို အလန်းအုပ်ကျေးရွာရှိ ၎င်း၏ မိဘများ အိမ်သို့ ပြန်အလာတွင် မလက်တိုရဲကင်းစခန်းအား အကူညီတောင်းခံ ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာရဲစခန်းများမှ တစ်ဆင့် ထန်းတပင်မြို့နယ် တပ်သစ်ရဲစခန်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ တိုင်တန်းခဲ့မှုအပေါ် တရားခံကို စစ်ဆေးပြီး ပုဒ်မ ၃၇၆ နဲ့ နောက်ကလေးက အသက်မပြည့်သေးတဲ့အတွက် ပုဒ်မ ၃၆၃ နဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ တရားခံနဲ့ သက်သေတွေကို စစ်ဆေးမှုတွေ လုပ်နေပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် တပ်သစ်ရဲစခန်းမှ ဒုရဲအုပ် သက်နောင်စိုး ကပြောသည်။

ဖြစ်စဉ်အရ ၅ တန်းကျောင်းသူအား အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူ မျိုးအောင်ကို တပ်သစ် ရဲစခန်းမှ (ပ)၂၇၇/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

Source : ရတနာပုံ သတင်းစာ

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္