ကယားျပည္နယ္၌ ဗုိလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ထားရွိေရး ကိစၥအေပၚ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္၏ ေျပာဆုိခ်က္ႏွင့္ ပတ္သက္၍ သတင္းမွန္ထုတ္ျပန္ခ်က္

ကယားျပည္နယ္၌ ဗုိလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ထားရွိေရး ကိစၥအေပၚ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္၏ ေျပာဆုိခ်က္ႏွင့္ ပတ္သက္၍ သတင္းမွန္ထုတ္ျပန္ခ်က္

ေနျပည္ေတာ္ ၊ ဇူလုိင္ ၂၃

၁။၂၀၁၈ ခုနွစ္၊ ဇူလုိင္လ ၁၆ ရက္ေန႕နံနက္ပုိင္းတြင္ ကယားျပည္နယ္အစုိးရအဖြဲ႕ရုံး၊ အစည္းအေဝးခန္းမ၌ လြိဳင္ေကာ္ၿမိဳ႕တြင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္ထားရွိေရးကိစၥႏွင့္ပတ္သက္၍ ကယားျပည္နယ္အစုိးရအဖြဲ႔၊ ကရင္နီအမ်ိဳးသားတုိးတက္ေရးပါတီ(KNPP)၊ ကရင္နီျပည္လူမ်ိဳးေပါင္းစုံလြတ္ေျမာက္ေရးအဖြဲ႔ (ကလလတ)၊ ကယားစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီ ၊ ကယန္းအမ်ိဳးသားပါတီႏွင့္ Lain နည္းပညာအေထာက္အကူျပဳအဖြဲ႕ တုိ ့ အစည္းအေ၀းျပဳလုပ္ခဲ့သည္။

အစည္းအေဝး၌ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္က ၎ကိစၥႏွင့္ပတ္သတ္၍ “ဒီလုိမ်ိဳး ဆူပူေသာင္းက်န္းမႈေတြ မၿငိမ္သက္မႈေတြျဖစ္လာရင္ ကြ်န္ေတာ္ကုိယ္တုိင္ကလည္း တပ္မေတာ္ကုိ တာ၀န္ေပးမွာျဖစ္ပါတယ္။ ထိန္းသိမ္းရမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ သူ႕မွာတာ၀န္အျပည့္အဝရွိေနတယ္။ သူကေတာ့ ေျဖရွင္းသင့္ ေျဖရွင္းထုိက္တာေတြကုိ ေျဖရွင္းရမွာျဖစ္ပါတယ္။ ကြ်န္ေတာ္ကလည္း ဒီမွာလုိအပ္တဲ့ လမ္းညႊန္မႈေတြေပးသြား မွာျဖစ္ပါတယ္။ တကယ္လုိ႔ေျပာတဲ့ ၾကားထဲမွာျဖစ္လာခဲ့ရင္ ကြ်န္ေတာ္တုိ ့ ရဲတပ္ဖြဲ႕အင္အားက အနည္းေလးပဲ။ အဲ့ေတာ့ တပ္ကုိလုိလုိ႔ရွိရင္ သူကုိထိန္းခုိင္းဖုိ႔အမိန္႕ေပးရမယ္။ တာ၀န္ေပးရမယ္။ ဒါကြ်န္ေတာ့္ရဲ႔ လုပ္ေဆာင္ ရမဲ့တာ၀န္ျဖစ္တယ္။” ဟု ေျပာၾကားခဲ့သည့္ အေပၚ သတင္းဌာနမ်ား၌ ေဖာ္ျပထားသည္ကုိ ေတြ႔ရပါသည္။

၂။တပ္မေတာ္သည္ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္ ဖြဲ ့စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္) ၊ပုဒ္မ -၂၀ ၊ ပုဒ္မခြဲ(င)ပါအတုိင္း ျပည္ေထာင္စုမၿပိဳကြဲေရး၊ တုိင္းသားစည္းလုံးညီညြတ္မႈမၿပိဳကြဲေရးနွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခုိင္ျမဲေရးတုိ႕ကုိ ကာကြယ္ေစာင့္ေရွာက္ရန္ အဓိကတာ၀န္ရွိေသာ အဖြဲ႕အစည္းျဖစ္ပါသည္။ အေရးေပၚ အေျခေနနွင့္ ပတ္သက္၍လည္း ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ၊အခန္း(၁၁) ၊ပုဒ္မ – ၄၁၀၊ ၄၁၂ နွင့္ ၄၁၃ တုိ႔တြင္ မည္ကဲ့သုိ႕ေဆာင္ရြက္ရမည္ကုိ အတိအလင္းျပ႒ာန္းၿပီးျဖစ္သည္။ ျပ႒ာန္းခ်က္မ်ားအရ အေရး အေပၚအေျခအေနအတြက္ အဓိကလုပ္ပုိင္ခြင့္အာဏာသည္ အမ်ိဳးသားကာကြယ္ေရးနွင့္ လုံျခံဳေရးေကာင္စီ၌ သာရွိၿပီး တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားသုိ႔ လုပ္ပုိင္ခြင့္အာဏာအပ္ႏွင္းထားျခင္းမရွိေၾကာင္း ေတြ႕ရွိရသည္။ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္အေနျဖင့္ အေျခခံဥပေဒကုိ နားလည္မႈလြဲမွားစြာ ၎၏ ထင္ျမင္ ယူဆခ်က္အတုိင္း ေျပာဆုိခဲ့ျခင္းသာျဖစ္ၿပီး တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) ၊ အခန္း(၁၁)ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီသာ ေဆာင္ရြက္သြားရမည္ျဖစ္ပါေၾကာင္း သတင္းထုတ္ျပန္အပ္ပါ သည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

ကယားပြည်နယ်၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရေး ကိစ္စအပေါ် ကယားပြည်နယ်ဝန်ကြီးချုပ်၏ ပြောဆို ချက်နှင့် ပတ်သက်၍ သတင်းမှန်ထုတ်ပြန်ချက်

နေပြည်တော် ၊ ဇူလိုင် ၂၃

၁။၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိရေးကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ကလလတ)၊ ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီ ၊ ကယန်းအမျိုးသားပါတီနှင့် Lain နည်းပညာအထောက်အကူပြုအဖွဲ့ တို့ အစည်းအဝေးပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ ကယားပြည်နယ်ဝန်ကြီးချုပ်က ၎င်းကိစ္စနှင့်ပတ်သတ်၍ “ဒီလိုမျိုး ဆူပူသောင်းကျန်းမှုတွေ မငြိမ်သက်မှုတွေဖြစ်လာရင် ကျွန်တော်ကိုယ်တိုင်ကလည်း တပ်မတော်ကို တာဝန်ပေးမှာဖြစ်ပါတယ်။ ထိန်းသိမ်းရမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့မှာတာဝန်အပြည့်အဝရှိနေတယ်။ သူကတော့ ဖြေရှင်းသင့် ဖြေရှင်းထိုက်တာတွေကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ကျွန်တော်ကလည်း ဒီမှာလိုအပ်တဲ့ လမ်းညွှန်မှုတွေပေးသွား မှာဖြစ်ပါတယ်။ တကယ်လို့ပြောတဲ့ ကြားထဲမှာဖြစ်လာခဲ့ရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့အင်အားက အနည်းလေးပဲ။ အဲ့တော့ တပ်ကိုလိုလို့ရှိရင် သူကိုထိန်းခိုင်းဖို့အမိန့်ပေးရမယ်။ တာဝန်ပေးရမယ်။ ဒါကျွန်တော့်ရဲ့ လုပ်ဆောင် ရမဲ့တာဝန်ဖြစ်တယ်။” ဟု ပြောကြားခဲ့သည့် အပေါ် သတင်းဌာနများ၌ ဖော်ပြထားသည်ကို တွေ့ရပါသည်။

၂။တပ်မတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ၊ပုဒ်မ -၂၀ ၊ ပုဒ်မခွဲ(င)ပါအတိုင်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ အရေးပေါ် အခြေနေနှင့် ပတ်သက်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၊အခန်း(၁၁) ၊ပုဒ်မ – ၄၁၀၊ ၄၁၂ နှင့် ၄၁၃ တို့တွင် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို အတိအလင်းပြဋ္ဌာန်းပြီးဖြစ်သည်။ ပြဋ္ဌာန်းချက်များအရ အရေး အပေါ်အခြေအနေအတွက် အဓိကလုပ်ပိုင်ခွင့်အာဏာသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ သာရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသို့ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားခြင်းမရှိကြောင်း တွေ့ရှိရသည်။ ကယားပြည်နယ် ဝန်ကြီးချုပ်အနေဖြင့် အခြေခံဥပဒေကို နားလည်မှုလွဲမှားစွာ ၎င်း၏ ထင်မြင် ယူဆချက်အတိုင်း ပြောဆိုခဲ့ခြင်းသာဖြစ်ပြီး တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၊ အခန်း(၁၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီသာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္