ဖုန္းကေနတစ္ဆင့္ ခ်စ္ႀကိဳက္ၿပီးေနာက္ ခ်ိန္းေတြ႔ကာ သားမယားအျဖစ္ ျပဳက်င့့္ျခင္းခံရ

မုိးညႇင္းတြင္ လူခ်င္းမျမင္ဖူးဘဲ ဖုန္းျဖင့္သာ ဆက္သြယ္ခ်စ္ႀကိဳက္ၾကၿပီးေနာက္ အျပင္၌ ေတြ႔ဆံုရန္ တည္းခိုခန္း၌ ခ်ိန္းေတြ႔ၾကၿပီး၊ သားမယားအျဖစ္(၂)ႀကိမ္ ၿပဳက်င့့္ျခင္း ခံရေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မိုးညွင္းဒီဂရီေကာလိပ္၌ ေက်ာင္းတက္ေနေသာ အသက္(၂၀)အရြယ္ေက်ာင္းသူ မ××× ထံသို႔ ၂၀၁၇ ေအာက္တိုဘာလ တြင္ မႏၱေလးၿမိဳ႕ေနသူ အမိ်ဳးသားတစ္ဦး၊ အသက္(၂၅)နွစ္အား ဖုန္းမွားဆက္သြယ္မိရာမွ ၎တို႔နွစ္ေယာက္ ဖုန္းအဆက္အသြယ္ျဖင့္ သမီးရည္းစားအျဖစ္ ခ်စ္ႀကိဳက္ခဲ့ၾကသည္။

မ×××အား၂၀၁၈ခုနွစ္ ဇူလိုင္ ၁၃ရက္ေန႔တြင္ ျမစ္ႀကီးနားသို႔လာရန္ ဖုန္းျဖင့္ ေခၚသျဖင့္ မ×××မွာ ျမစ္ႀကီးနားသို႔ လိုက္လာခဲ့ၿပီး ျမစ္ႀကီးနားၿမိဳ႕ရိွ တည္းခိုခန္းတစ္ခုတြင္ အတူညအိပ္တည္းခိုခဲ့ၾကရာ စိုးနိုင္မွ မ×××အား(၂)ႀကိမ္တိုင္ သားမယားျပဳက်င့္ခဲ့ၿပီးေနာက္ စိုးနိုင္သည္ ဇူလိုင္လ ၁၈ ရက္ေန႔ တြင္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ မိုင္းေမာေက်းရြာ၌ ငွက္ေပ်ာျခံသန္႔ရွင္းေရး လုပ္ကိုင္ေနေသာ မိခင္ေဒၚဝင္းေဌးနွင့္အတူ ဟိုပင္ၿမိဳ႕သို႔ ျပန္လာခဲ့သည္။

ဟိုပင္မွ ရြာသို႔ျပန္ေရာက္ေသာအခါ စိုုးနိုင္မွာ ×××ေနအိမ္၌ေနထိုင္ခဲ့ၿပီး မ×××အား လက္ထပ္ရန္ မိဘထံသို႔ ဖုန္းဆက္ေခၚရာေရာက္လာျခင္း မရိွဘဲ စိုးနိုင္၏ဇနီးနဲ႔ ၎၏(၁)အရြယ္သမီးငယ္ေရာက္လာသျဖင့္ စိုုးနိုင္မွာ အိမ္ေထာင္တည္ျဖစ္ေနေၾကာင္း သိရသျဖင့္ တရားဝင္ဇနီးမယားရိွပါလ်က္ လူပ်ိဳျဖစ္ေၾကာင္း လိမ္လည္ကာ သားမယား အျဖစ္ျပဳက်င့္ခဲ့ေသာ စိုးနိုင္အား ဟိုပင္နယ္ေျမရဲစခန္းမွ (ပ)၃၄/၂၀၁၈ တစ္လင္တစ္မယား-၁၇ အရ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

လြမ္းေအာင္/ဖိုက္တာ (EPN)

(Unicode Version)

ဖုန်းထဲမှ ချစ်ကြိုက်ပြီးနောက် ချိန်းတွေ့ကာ သားမယားအဖြစ် ပြုကျင့်ခြင်းခံရ

မိုးညှင်းတွင် လူချင်းမမြင်ဖူးဘဲ ဖုန်းဖြင့်သာ ဆက်သွယ်ချစ်ကြိုက်ကြပြီးနောက် အပြင်၌ တွေ့ဆုံရန် တည်းခိုခန်း၌ ချိန်းတွေ့ကြပြီး၊ သားမယားအဖြစ်(၂)ကြိမ် ပြုကျင့်ခြင်း ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းဒီဂရီကောလိပ်၌ ကျောင်းတက်နေသော အသက်(၂၀)အရွယ်ကျောင်းသူ မ××× ထံသို့ ၂၀၁၇ အောက်တိုဘာလ တွင် မန္တလေးမြို့နေသူ အမျိုးသားတစ်ဦး၊ အသက်(၂၅)နှစ်အား ဖုန်းမှားဆက်သွယ်မိရာမှ ၎င်းတို့နှစ်ယောက် ဖုန်းအဆက်အသွယ်ဖြင့် သမီးရည်းစားအဖြစ် ချစ်ကြိုက်ခဲ့ကြသည်။

မ×××အား၂၀၁၈ခုနှစ် ဇူလိုင် ၁၃ရက်နေ့တွင် မြစ်ကြီးနားသို့လာရန် ဖုန်းဖြင့် ခေါ်သဖြင့် မ×××မှာ မြစ်ကြီးနားသို့ လိုက်လာခဲ့ပြီး မြစ်ကြီးနားမြို့ရှိ တည်းခိုခန်းတစ်ခုတွင် အတူညအိပ်တည်းခိုခဲ့ကြရာ စိုးနိုင်မှ မ×××အား(၂)ကြိမ်တိုင် သားမယားပြုကျင့်ခဲ့ပြီးနောက် စိုးနိုင်သည် ဇူလိုင်လ ၁၈ ရက်နေ့ တွင် ဝိုင်းမော်မြို့နယ်၊ မိုင်းမောကျေးရွာ၌ ငှက်ပျောခြံသန့်ရှင်းရေး လုပ်ကိုင်နေသော မိခင်ဒေါ်ဝင်းဌေးနှင့်အတူ ဟိုပင်မြို့သို့ ပြန်လာခဲ့သည်။

ဟိုပင်မှ ရွာသို့ပြန်ရောက်သောအခါ စိုးနိုင်မှာ ×××နေအိမ်၌နေထိုင်ခဲ့ပြီး မ×××အား လက်ထပ်ရန် မိဘထံသို့ ဖုန်းဆက်ခေါ်ရာရောက်လာခြင်း မရှိဘဲ စိုးနိုင်၏ဇနီးနဲ့ ၎င်း၏(၁)အရွယ်သမီးငယ်ရောက်လာသဖြင့် စိုးနိုင်မှာ အိမ်ထောင်တည်ဖြစ်နေကြောင်း သိရသဖြင့် တရားဝင်ဇနီးမယားရှိပါလျက် လူပျိုဖြစ်ကြောင်း လိမ်လည်ကာ သားမယား အဖြစ်ပြုကျင့်ခဲ့သော စိုးနိုင်အား ဟိုပင်နယ်မြေရဲစခန်းမှ (ပ)၃၄/၂၀၁၈ တစ်လင်တစ်မယား-၁၇ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လွမ်းအောင်/ဖိုက်တာ (EPN)