


ဝင်းမြင့်အောင်

Source : Myanmaalinn

(Unicode Version)

အမာမြို့ သမိန်ပုလဲ ကျေးရွာတွင် ကိုယ့်အိမ်ကိုယ်မီးနဲ့ရှို့မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး အမာမြို့ ဘဝသစ်ကျေးရွာအုပ်စုသမိန် ပုလဲကျေးရွာတွင် ဇူလိုင် ၂၃ ရက်နေ့နေ့လည်(၁၁)နာရီခွဲအချိန် ကိုယ်နေထိုင်နေသောနေအိမ်အားမီးရှို့သောဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း အမာနယ်မြေရဲစခန်းမှသိရှိရသည်။

ဖြစ်စဉ်မှာ နေ့လည်(၁၂)နာရီအချိန်သမိန်ပုလဲကျေးရွာနယ်မြေမှူး ဦးခင်မောင်ညို၏ အိမ်တစ်လုံးမီးလောင်နေကြောင်း အကြောင်းကြား ချက်အရအမာနယ်မြေရဲစခန်းနှင့် အမာမီးသတ်စခန်းမှတာဝန်ရှိသူများ အခင်းဖြစ်နေရာသို့သွားရောက်ခဲ့ကြောင်းရောက်ရှိချိန်တွင်မီးငြိမ်းနေပြီးနေအိမ်တစ်လုံးလောင်ကျွမ်းခဲ့ကြောင်းသိရှိရသည်။ နေအိမ်မီးရှို့သော တရားခံငနေ အသက်(၄၀)နှစ် အား အမာနယ်မြေ ရဲစခန်းမှအမှုဖွင့် အရေးယူထားပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဝင်းမြင့်အောင်

Source : Myanmaalinn