မင္းဘူး (စကု) ျမိဳ႕နယ္ မန္က်ီးပင္ေက်းရြာတြင္ အိမ္သာက်င္း တူးေဖာ္ရာမွ ဗံုးသီးအေဟာင္းတစ္လံုး ေတြ႕ရွိ

မေကြးတိုင္းေဒသၾကီး၊ မင္းဘူး(စကု) ျမိဳ႕နယ္၊ ရြာပုလဲေက်းရြာအုပ္စု၊ မန္က်ီးပင္ေက်းရြာတြင္ ဇူလိုင္လ (၂၃) ရက္ေန႕ ညေန (၅) နာရီအခ်ိန္ကအိမ္သာက်င္းတူးေဖာ္ရာမွ ဗံုးသီးအေဟာင္းတစ္လံုးေတြ႕ရွိခဲ့ေၾကာင္းမင္းဘူးျမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာမန္က်ီးပင္ေက်းရြာေနဦးေဇာ္လင္းဦး၊ (သ) ၄၀/၂၀၁၈ ခုနွစ္၊ ေတာင္သူလုပ္ကိုင္သူသည္ ၂၀၁၈ခုနွစ္၊ ဇူလိုင္ ၂၃ ရက္ ညေန (၅) နာရီအခ်ိန္တြင္ ေနအိမ္ပိုင္းအတြင္းေနအိမ္၏ ေျမာက္ဘက္ျခံစည္းရိုးနွင့္ ကပ္လွ်က္တြင္ အိမ္သာက်င္းတူးေဖာ္ရာမွ အနက္ (၄) ေပခန္႕ အေရာက္ တြင္ အလ်ား(၂၂)လက္မခန္႕၊ လံုးပတ္(၂၀) လက္မခန္႕ရွိဗံုးသီးအေဟာင္း တစ္လံုးအားေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

မ်ိဳးျမတ္(မင္းဘူး)

Source : Myanmaalinn

(Unicode Version)

မင်းဘူး (စကု) မြို့နယ် မန်ကျီးပင်ကျေးရွာတွင် အိမ်သာကျင်း တူးဖော်ရာမှ ဗုံးသီးအဟောင်းတစ်လုံး တွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၊ မန်ကျီးပင်ကျေးရွာတွင် ဇူလိုင်လ (၂၃) ရက်နေ့ ညနေ (၅) နာရီအချိန်ကအိမ်သာကျင်းတူးဖော်ရာမှ ဗုံးသီးအဟောင်းတစ်လုံးတွေ့ရှိခဲ့ကြောင်းမင်းဘူးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာမန်ကျီးပင်ကျေးရွာနေဦးဇော်လင်းဦး၊ (သ) ၄၀/၂၀၁၈ ခုနှစ်၊ တောင်သူလုပ်ကိုင်သူသည် ၂၀၁၈ခုနှစ်၊ ဇူလိုင် ၂၃ ရက် ညနေ (၅) နာရီအချိန်တွင် နေအိမ်ပိုင်းအတွင်းနေအိမ်၏ မြောက်ဘက်ခြံစည်းရိုးနှင့် ကပ်လျှက်တွင် အိမ်သာကျင်းတူးဖော်ရာမှ အနက် (၄) ပေခန့် အရောက် တွင် အလျား(၂၂)လက်မခန့်၊ လုံးပတ်(၂၀) လက်မခန့်ရှိဗုံးသီးအဟောင်း တစ်လုံးအားတွေ့ရှိခဲ့ကြောင်းသိရသည်။

မျိုးမြတ်(မင်းဘူး)

Source : Myanmaalinn