တိုက္တန္းနစ္မင္းသားႏွင့္ မင္းသမီး ျပန္ဆုံကာ အတူအပန္းေျဖ

ကိတ္ဝင္းစလက္နဲ႔ လီယိုနာဒိုဒီကပ္ရီယိုတို႔ဟာ ၁၉၉၇ ခုႏွစ္မွ ထြက္လာတဲ့ တိုက္တန္းနစ္ဇာတ္ကားႀကီး ကတည္းကစၿပီး ရင္းႏွီးလာလိုက္ၾကတာ သူတို႔သံေယာဇဥ္ႀကိဳးဟာႏွစ္ေပါင္း ၂၀ ၾကာတဲ့အထိ ခိုင္ခံ့ေနတုန္းပါပဲ။ ကမၻာေက်ာ္  မင္းသားနဲ႔မင္းသမီးက ျပင္သစ္မွ အတူအပန္းေျဖခဲ့ၾကတာပါ။

အသက္ ၄၂ ႏွစ္အရြယ္ မင္းသားႀကီးက သဘာ၀ပတ္ဝန္းက်င္အေရးတက္ႂကြလွုပ္ရွားသူျဖစ္ၿပီး အဲဒီအတြက္ ေဖာင္ေဒးရွင္းေထာင္ထားပါတယ္။ ေဖာင္ေဒးရွင္းအတြက္ ပြဲကို ႏွစ္တိုင္း တခမ္းတနားက်င္းပၿပီး အဲဒီပြဲကို အသက္ ၄၁ ႏွစ္အရြယ္ ကိတ္ဝင္းစလက္လည္း လာအားေပးတာပါ။ သူတို႔က သူတို႔နဲ႔အတူ ညစာစားခြင့္ကို ပြဲႀကီးမွာေလလံတင္သြားမွာေလ။

လီယိုနာဒိုရဲ့ ေဖာင္ေဒးရွင္းဟာ ၂၀၀၈ ခုႏွစ္ကစလို႔ သဘာ၀ပတ္ဝန္းက်င္ေရးရာအဖြဲ႕ေတြကို ေဒၚလာ သန္း ၈၀ လွူၿပီးသြားပါၿပီ။ အတြဲညီလြန္းလို႔ ပရိသတ္မ်က္လုံးထဲ စြဲေနတဲ့ သူတို႔ဟာ ၂၀၀၈ ခုႏွစ္မွာလည္း Revolutionary Road ဆိုတဲ့ ဇာတ္ကားႀကီးမွာ အတူသ႐ုပ္ေဆာင္ခဲ့ၾကပါတယ္။ အဲဒီဇာတ္ကားကို ကေလးသုံးေယာက္အေမ ကိတ္ဝင္းစလက္ရဲ့ ခင္ပြန္းက ဒါရိုက္တာလုပ္ခဲ့တာပါ။ အခုေတာ့ သူတို႔ႏွစ္ေယာက္ ကြဲသြားၾကပါၿပီ။

Source : Pyi Myanmar

တိုက်တန်းနစ်မင်းသားနှင့် မင်းသမီး ပြန်ဆုံကာ အတူအပန်းဖြေ

ကိတ်ဝင်းစလက်နဲ့ လီယိုနာဒိုဒီကပ်ရီယိုတို့ဟာ ၁၉၉၇ ခုနှစ်မှ ထွက်လာတဲ့ တိုက်တန်းနစ်ဇာတ်ကားကြီး ကတည်းကစပြီး ရင်းနှီးလာလိုက်ကြတာ သူတို့သံယောဇဉ်ကြိုးဟာနှစ်ပေါင်း ၂၀ ကြာတဲ့အထိ ခိုင်ခံ့နေတုန်းပါပဲ။ ကမ္ဘာကျော်  မင်းသားနဲ့မင်းသမီးက ပြင်သစ်မှ အတူအပန်းဖြေခဲ့ကြတာပါ။

အသက် ၄၂ နှစ်အရွယ် မင်းသားကြီးက သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူဖြစ်ပြီး အဲဒီအတွက် ဖောင်ဒေးရှင်းထောင်ထားပါတယ်။ ဖောင်ဒေးရှင်းအတွက် ပွဲကို နှစ်တိုင်း တခမ်းတနားကျင်းပပြီး အဲဒီပွဲကို အသက် ၄၁ နှစ်အရွယ် ကိတ်ဝင်းစလက်လည်း လာအားပေးတာပါ။ သူတို့က သူတို့နဲ့အတူ ညစာစားခွင့်ကို ပွဲကြီးမှာလေလံတင်သွားမှာလေ။

လီယိုနာဒိုရဲ့ ဖောင်ဒေးရှင်းဟာ ၂၀၀၈ ခုနှစ်ကစလို့ သဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့တွေကို ဒေါ်လာ သန်း ၈၀ လှူပြီးသွားပါပြီ။ အတွဲညီလွန်းလို့ ပရိသတ်မျက်လုံးထဲ စွဲနေတဲ့ သူတို့ဟာ ၂၀၀၈ ခုနှစ်မှာလည်း Revolutionary Road ဆိုတဲ့ ဇာတ်ကားကြီးမှာ အတူသရုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီဇာတ်ကားကို ကလေးသုံးယောက်အမေ ကိတ်ဝင်းစလက်ရဲ့ ခင်ပွန်းက ဒါရိုက်တာလုပ်ခဲ့တာပါ။ အခုတော့ သူတို့နှစ်ယောက် ကွဲသွားကြပါပြီ။

Source : Pyi Myanmar