တကၠသိုလ္ေက်ာင္းသူကို မက္ဆင္ဂ်ာမွ ခ်ိန္းေျခာက္ ေငြေတာင္းသည့္ တတိယႏွစ္ ေက်ာင္းသား ေလးဦးကို ရဲဖမ္း

မုံရြာတကၠသိုလ္ေက်ာင္းသူတစ္ဦးကို ေဖ့ဘြတ္ခ္မက္ဆင္ဂ်ာမွေန၍ ျခိန္းေျခာက္ ေငြေတာင္းသည့္ တတိယႏွစ္တကၠသိုလ္ေက်ာင္းသား ေလးဦးအား ရဲတပ္ဖြဲ႕မွ ဖမ္းဆီးလိုက္ေၾကာင္း မုံရြာၿမိဳ႕မရဲစခန္းမွသိရသည္။

မုံရြာတကၠသိုလ္ အေရွ႕တိုင္းဘာသာရပ္တတိယႏွစ္ သင္ၾကားေနေသာ ေက်ာင္းသူတစ္ဦးကို ေငြသိန္းႏွစ္ဆယ္ မေပးပါက ဖုန္းအတြင္းမွ သူ႕ခ်စ္သူႏွင့္ႏွစ္ေယာက္တည္းရိုက္ထားသည့္ ကိုယ္ေရးကိုယ္တာ ဓာတ္ပံု ဗီဒီယိုမ်ားအား အြန္လိုင္းတြင္ ျဖန္႔ေ၀မည္ျဖစ္ေၾကာင္း ေအပရယ္ေမ အေကာင့္ျဖင့္ အဆိုပါေက်ာင္းသူကို မက္ဆင္ဂ်ာမွ ဇူလိုင္ ၂၇ ရက္က ၿခိမ္းေခ်ာက္ ေငြေတာင္းခံခဲ့ျခင္းျဖစ္ေၾကာင္း ယင္းအမႈကိုစစ္ေဆးသည့္ ရဲအုပ္လွဳိင္ဘြားကိုကိုက ေျပာသည္။

“လြန္ခဲ့တဲ့တစ္လေလာက္က ေကာင္မေလးကိုင္တဲ့ဖုန္း က်ေနတာကေန ဇာတ္လမ္းက စတာပဲ။ ဖုန္းက်ကာစက ေကာက္ရတဲ့ ေကာင္ေလးနဲ႔ အဆက္အသြယ္ရေသးတယ္။ သူကလည္း တကၠသိုလ္ေက်ာင္းသားပါ ျပန္ေပးပ့ါမယ္ အခုေတာ့ ရြာေရာက္ေနလို႔ပါဆိုၿပီး အဆက္အသြယ္ ထပ္မရေတာ့တာလို႔ ေကာင္မေလးက ဖုန္းေပ်ာက္တဲ့ အမႈလာဖြင့္တုန္းကေျပာခဲ့တယ္” ဟု ယင္းအရာရွိက ဆက္ေျပာသည္။

ယင္းေနာက္ မက္ဆင္ဂ်ာမွ ေငြလာေတာင္းေနေၾကာင္း အဆိုပါေက်ာင္းသူမွ ေငြျခိန္းေျခာက္ ေတာင္းခံသည့္ ေန႕မွာဘဲ ရဲစခန္းလာအေၾကာင္းၾကားလာသျဖင့္ ရဲတပ္ဖြဲ႕မွ Wave Money ကေန ေငြငါးသိန္းအရင္ လႊဲေပးမယ္လို႔ ေက်ာင္းသူအား ျပန္ဆက္သြယ္ေျပာၾကားေစခဲ့သည္။

ထို႔ေနာက္ ရဲတပ္ဖြဲ႕ႏွင့္ မုံရြာ Wave Money ကိုယ္စားလွယ္တို႔ႏွင့္ တိုင္ပင္ကာ ယင္းတို႔ ေပးပို႔မည့္ စကား၀ွက္ဂဏန္းႏွင့္ ေငြလာထုတ္ပါက အေၾကာင္းၾကားေပးရန္ မံုရြာတစ္ၿမိဳ႕လုံးမွ Wave Money ဆိုင္မ်ားကို အေၾကာင္းၾကားခဲ့သည္။

ဇူလိုင္ ၂၈ ေန႔ခင္းပိုင္းအေရာက္တြင္ ေက်ာကၠာလမ္းေပၚရွိ ဆိုင္တစ္ဆိုင္မွ ရဲတပ္ဖြဲ႕ေပးပို႔ထားသည့္ စကား၀ွက္ဂဏန္းျဖင့္ လူငယ္သုံးဦးလာေရာက္ထုတ္ယူေနေၾကာင္း အေၾကာင္းၾကားလာခဲ့သျဖင့္ အခ်ိန္ခဏဆြဲထားရန္ ေျပာဆိုၿပီး ရဲတပ္ဖြဲ႕မွ သြားေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ လူငယ္သုံးဦးအားရဲတပ္ဖြဲ႕မွ စစ္ေဆးရာ တတိယႏွစ္ စီးပြားေရးတကၠသိုလ္ ေက်ာင္းသားတစ္ဦးႏွင့္ တတိယႏွစ္သခ်ၤာေက်ာင္းသားႏွစ္ဦးျဖစ္ေနေၾကာင္းသိရၿပီး ၎တို႔ကို တတိယႏွစ္စီးပြားေရးတက္ေနသည့္ သူငယ္ခ်င္းမွ ဖုန္းေကာက္ရထားတယ္ ဆိုၿပီး မန္မိုရီကတ္ေပးခဲ့၍ ယခုလိုပူးေပါင္းၾကံစည္မိၾကျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

ဇူလိုင္ ၂၈ ညပိုင္းတြင္ အဆိုပါဖုန္းေကာက္ရသည့္ လူငယ္အား ယင္းရမည့္ခြဲတမ္းေပးမည္လာယူပါဟု ခ်ိန္းဆိုကာ ထပ္မံဖမ္းဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။

ေမာင္ႀကီးငယ္ငယ္

Source : Monywa Gazette

(Unicode Version)

တက္ကသိုလ်ကျောင်းသူကို မက်ဆင်ဂျာမှ ချိန်းခြောက် ငွေတောင်းသည့် တတိယနှစ် ကျောင်းသား လေးဦးကို ရဲဖမ်း

မုံရွာတက္ကသိုလ်ကျောင်းသူတစ်ဦးကို ဖေ့ဘွတ်ခ်မက်ဆင်ဂျာမှနေ၍ ခြိန်းခြောက် ငွေတောင်းသည့် တတိယနှစ်တက္ကသိုလ်ကျောင်းသား လေးဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း မုံရွာမြို့မရဲစခန်းမှသိရသည်။

မုံရွာတက္ကသိုလ် အရှေ့တိုင်းဘာသာရပ်တတိယနှစ် သင်ကြားနေသော ကျောင်းသူတစ်ဦးကို ငွေသိန်းနှစ်ဆယ် မပေးပါက ဖုန်းအတွင်းမှ သူ့ချစ်သူနှင့်နှစ်ယောက်တည်းရိုက်ထားသည့် ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ ဗီဒီယိုများအား အွန်လိုင်းတွင် ဖြန့်ဝေမည်ဖြစ်ကြောင်း အေပရယ်မေ အကောင့်ဖြင့် အဆိုပါကျောင်းသူကို မက်ဆင်ဂျာမှ ဇူလိုင် ၂၇ ရက်က ခြိမ်းချောက် ငွေတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ယင်းအမှုကိုစစ်ဆေးသည့် ရဲအုပ်လှိုင်ဘွားကိုကိုက ပြောသည်။

“လွန်ခဲ့တဲ့တစ်လလောက်က ကောင်မလေးကိုင်တဲ့ဖုန်း ကျနေတာကနေ ဇာတ်လမ်းက စတာပဲ။ ဖုန်းကျကာစက ကောက်ရတဲ့ ကောင်လေးနဲ့ အဆက်အသွယ်ရသေးတယ်။ သူကလည်း တက္ကသိုလ်ကျောင်းသားပါ ပြန်ပေးပ့ါမယ် အခုတော့ ရွာရောက်နေလို့ပါဆိုပြီး အဆက်အသွယ် ထပ်မရတော့တာလို့ ကောင်မလေးက ဖုန်းပျောက်တဲ့ အမှုလာဖွင့်တုန်းကပြောခဲ့တယ်” ဟု ယင်းအရာရှိက ဆက်ပြောသည်။

ယင်းနောက် မက်ဆင်ဂျာမှ ငွေလာတောင်းနေကြောင်း အဆိုပါကျောင်းသူမှ ငွေခြိန်းခြောက် တောင်းခံသည့် နေ့မှာဘဲ ရဲစခန်းလာအကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့မှ Wave Money ကနေ ငွေငါးသိန်းအရင် လွှဲပေးမယ်လို့ ကျောင်းသူအား ပြန်ဆက်သွယ်ပြောကြားစေခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့နှင့် မုံရွာ Wave Money ကိုယ်စားလှယ်တို့နှင့် တိုင်ပင်ကာ ယင်းတို့ ပေးပို့မည့် စကားဝှက်ဂဏန်းနှင့် ငွေလာထုတ်ပါက အကြောင်းကြားပေးရန် မုံရွာတစ်မြို့လုံးမှ Wave Money ဆိုင်များကို အကြောင်းကြားခဲ့သည်။

ဇူလိုင် ၂၈ နေ့ခင်းပိုင်းအရောက်တွင် ကျောက္ကာလမ်းပေါ်ရှိ ဆိုင်တစ်ဆိုင်မှ ရဲတပ်ဖွဲ့ပေးပို့ထားသည့် စကားဝှက်ဂဏန်းဖြင့် လူငယ်သုံးဦးလာရောက်ထုတ်ယူနေကြောင်း အကြောင်းကြားလာခဲ့သဖြင့် အချိန်ခဏဆွဲထားရန် ပြောဆိုပြီး ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် လူငယ်သုံးဦးအားရဲတပ်ဖွဲ့မှ စစ်ဆေးရာ တတိယနှစ် စီးပွားရေးတက္ကသိုလ် ကျောင်းသားတစ်ဦးနှင့် တတိယနှစ်သင်္ချာကျောင်းသားနှစ်ဦးဖြစ်နေကြောင်းသိရပြီး ၎င်းတို့ကို တတိယနှစ်စီးပွားရေးတက်နေသည့် သူငယ်ချင်းမှ ဖုန်းကောက်ရထားတယ် ဆိုပြီး မန်မိုရီကတ်ပေးခဲ့၍ ယခုလိုပူးပေါင်းကြံစည်မိကြခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဇူလိုင် ၂၈ ညပိုင်းတွင် အဆိုပါဖုန်းကောက်ရသည့် လူငယ်အား ယင်းရမည့်ခွဲတမ်းပေးမည်လာယူပါဟု ချိန်းဆိုကာ ထပ်မံဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

မောင်ကြီးငယ်ငယ်

Source : Monywa Gazette

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္