လူမွုကြန္ရက္မွတစ္ဆင့္ သိကြ်မ္းခ်စ္ႀကိဳက္ခဲ့သူ ထားခဲ႔သျဖင့္ က်ံဳးတြင္းသို႔ ခုန္ခ်သူ အမ်ိဳးသမီးငယ္အား ကယ္တင္

လူမွဳကြန္ရက္မွတစ္ဆင့္ သိကြ်မ္းခ်စ္ႀကိဳက္ခဲ႔သူထံ လာေတြ႕သည့္ အမ်ိဳးသမီးငယ္တစ္ဦး ခ်စ္သူအမ်ိဳးသားမွ ထားခဲ႔သျဖင့္ က်ံဳးတြင္းသို႔ ခုန္ခ်ရန္ ျပင္ဆင္ေနစဥ္ တာဝန္ရွိသူမ်ားက အခ်ိန္မီကယ္တင္ႏိုင္ခဲ႔ကာ ၎၏ ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ႔ေၾကာင္း သိရသည္။

ဇူလိုင္လ ၂၉ရက္ေန႔ ည၉နာရီေက်ာ္ အခ်ိန္ခန္႔က မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၆၆လမ္း၊ က်ံဳးအေရွ႕ဘက္ အိုးအိမ္ဦးစီးဌာန႐ံုးအနီးတြင္ အသက္ ၁၉နွစ္အရြယ္ခန္႔ရွိ အမ်ိဳးသမီးတစ္ဦးသည္ က်ံဳးေဘးသံပန္းမ်ားကို ေက်ာ္တက္၍ က်ံဳးတြင္းသို႔ခုန္ခ်ရန္ ျပင္ဆင္ေနစဥ္ လွည့္ကင္းတာဝန္ေဆာင္ရြက္ေနသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ေတြ႕ရွိခဲ႔သျဖင့္ အခ်ိန္မီ တားဆီးကယ္တင္ႏိုင္ခဲ႔ေၾကာင္း သိရသည္။

“အမ်ိဳးသမီးက က်ံဳးထဲခုန္ခ်ဖို႔ျပဳစဥ္ လွည့္ကင္းလင္းယုန္ရဲတပ္ဖဲြ႕က ေတြ႔ရိွလို႔ အခ်ိန္မီ တားျမစ္ႏိုင္ခဲ႔ၿပီး ကြ်န္ေတာ္တို႔ နန္းေတာ္ေရွ႕လူမွဳကယ္ဆယ္ေရးအဖဲြ႕အားအေၾကာင္းၾကားလာလို႔ ခ်က္ခ်င္းသြားေရာက္ခဲ႔ပါတယ္။ အမ်ိဳးသမီးငယ္ကို ေမးျမန္း ၾကည့္တဲ႔အခါမွာ သူက ရန္ကုန္ၿမိဳ႕၊ ေတာင္ဒဂံုၿမိဳ႕နယ္၊ (၂၁)ရပ္ကြက္၊ — လမ္းမွာ ေနထိုင္ၿပီး facebook ကေန ခ်စ္သူျဖစ္ခဲ႔တဲ႔ သူရွိရာ မႏၲေလးသို႔ လာေရာက္ေတြ႕ဆံုတာ အခုသူမကို ခ်ိန္းဆိုကာ ဘုရားဖူးၿပီးေတာ့ ထားခဲ႔တယ္လို႔ သိရပါတယ္”ဟု နန္းေတာ္ေရွ႕လူမွဳကယ္ဆယ္ေရးအဖဲြ႕ ေခါင္းေဆာင္ဦးသိန္းထြန္းေအာင္က ေျပာၾကားသည္။

အဆိုပါအမ်ိဳးသမီးအား နန္းေတာ္ေရွ႕လူမွဳကယ္ဆယ္ေရးအဖဲြ႕မွ အဖြဲ႕ဝင္မ်ား ေငြေၾကးစုေပါင္းၿပီး ည ၁၂း၃၀ အခ်ိန္ ရန္ကုန္ၿမိဳ႕သို႔ ထြက္ခြာမည့္ ျမမႏၲလာထြန္း ေမာ္ေတာ္ယာဥ္လိုင္းျဖင့္ ကားလက္မွတ္ဝယ္ယူေပးကာ လမ္းတြင္အသံုးျပဳရန္ အတြက္ စရိတ္အနည္းငယ္ေပး၍ ၎၏ ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ႔ေၾကာင္း ဦးသိန္းထြန္းေအာင္က ဆက္လက္ ေျပာၾကားသည္။

Source : The Mandalay News Journal

(Unicode Version)

လူမှုကွန်ရက်မှတစ်ဆင့် သိကျွမ်းချစ်ကြိုက်ခဲ့သူ ထားခဲ့သဖြင့် ကျုံးတွင်းသို့ ခုန်ချသူ အမျိုးသမီးငယ်အား ကယ်တင်

လူမှုကွန်ရက်မှတစ်ဆင့် သိကျွမ်းချစ်ကြိုက်ခဲ့သူထံ လာတွေ့သည့် အမျိုးသမီးငယ်တစ်ဦး ချစ်သူအမျိုးသားမှ ထားခဲ့သဖြင့် ကျုံးတွင်းသို့ ခုန်ချရန် ပြင်ဆင်နေစဉ် တာဝန်ရှိသူများက အချိန်မီကယ်တင်နိုင်ခဲ့ကာ ၎င်း၏ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၉ရက်နေ့ ည၉နာရီကျော် အချိန်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၆လမ်း၊ ကျုံးအရှေ့ဘက် အိုးအိမ်ဦးစီးဌာနရုံးအနီးတွင် အသက် ၁၉နှစ်အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦးသည် ကျုံးဘေးသံပန်းများကို ကျော်တက်၍ ကျုံးတွင်းသို့ခုန်ချရန် ပြင်ဆင်နေစဉ် လှည့်ကင်းတာဝန်ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သဖြင့် အချိန်မီ တားဆီးကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

“အမျိုးသမီးက ကျုံးထဲခုန်ချဖို့ပြုစဉ် လှည့်ကင်းလင်းယုန်ရဲတပ်ဖွဲ့က တွေ့ရှိလို့ အချိန်မီ တားမြစ်နိုင်ခဲ့ပြီး ကျွန်တော်တို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့အားအကြောင်းကြားလာလို့ ချက်ချင်းသွားရောက်ခဲ့ပါတယ်။ အမျိုးသမီးငယ်ကို မေးမြန်း ကြည့်တဲ့အခါမှာ သူက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ (၂၁)ရပ်ကွက်၊ — လမ်းမှာ နေထိုင်ပြီး facebook ကနေ ချစ်သူဖြစ်ခဲ့တဲ့ သူရှိရာ မန္တလေးသို့ လာရောက်တွေ့ဆုံတာ အခုသူမကို ချိန်းဆိုကာ ဘုရားဖူးပြီးတော့ ထားခဲ့တယ်လို့ သိရပါတယ်”ဟု နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်ဦးသိန်းထွန်းအောင်က ပြောကြားသည်။

အဆိုပါအမျိုးသမီးအား နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ ငွေကြေးစုပေါင်းပြီး ည၁၂း၃၀အချိန် ရန်ကုန်မြို့သို့ ထွက်ခွာမည့် မြမန္တလာထွန်း မော်တော်ယာဉ်လိုင်းဖြင့် ကားလက်မှတ်ဝယ်ယူပေးကာ လမ်းတွင်အသုံးပြုရန် အတွက် စရိတ်အနည်းငယ်ပေး၍ ၎င်း၏ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဦးသိန်းထွန်းအောင်က ဆက်လက် ပြောကြားသည်။

Source : The Mandalay News Journal

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္